ဒီဇင်ဘာလအတွင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား၁ယောက် လက်နက်မဲ့အလင်းဝင်ရောက်လာသလို ပျူစောထီးအဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားကို စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၃ရက်၊ မနေ့က မနက်ပိုင်းမှာ ကျောက်ဆည် ဆက်သွယ်ရေးတပ်ထဲ တာဝန်ကျနေတဲ့ စစ်ကောင်စီတ​ပ်သား ဇော်ဦးမောင် ဆိုသူဟာ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

“ကျနော်တို့တပ်ဖွဲ့ဆီ ဆက်သွယ်နေတာ ၄လလောက် ရှိပါပြီ။ ဆက်သွယ်တာက Facebook Page ကနေပါပဲ။ ကျနော်တို့လည်း အချိန်အများကြီးယူပြီးမှ စစ်ဆေးပြီးမှ လက်ခံခဲ့တာပါ။ သူလာရတဲ့လမ်းကြောင်းက ကျပ်တော့ ဘယ်လိုမှ လက်နက်သယ်လာဖို့ အဆင်မပြေဘူးပေါ့နော်။ ၂၀၁၇လောက်တည်းက ကျောက်ဆည်ဆက်​သွယ်ရေးတပ်ထဲတာဝန်ကျနေတာပါ။ ပြောတာတော့ ရှေ့တန်းမထွက်ချင်တော့လို့ ပြေးလာတာလို့ ပြောတယ်ပေါ့နော်။ နယ်ပြန်မယ်လို့လည်း ပြောပါတယ်။ ဇာတိက ခမ်းပတ်ကပါ” လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ဇော်ဦးမောင်

ဒါ့အပြင် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့အနေနဲ့ လက်ရှိမှာ Road To Mandalay ဆိုတဲ့ စစ်ရေးမစ်ရှင်ကို မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ Mingun People’s Defense Force ၊ Acid Local Defense Force တို့နဲ့ လက်တွဲဆောင်ရွက်နေပြီး ပထမဆုံးဖော်ဆောင်မှုအနေနဲ့ စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပျူစောထီးတွေရဲ့ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၀ရက် ညနေပိုင်းက ဘီယာဆိုင်ထိုင်ပြီး ပြန်လာတဲ့ အကြမ်းဖက်ပျူစောထီးတွေရဲ့ အိမ်စီးကားကို စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ အသင့်စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

“သူတို့က စစ်ကိုင်းကနေ မင်းကွန်း ရဲစခန်းကို လာကြတာပေါ့။ သတင်းရလို့ အသင့်စောင့်ပစ်ခဲ့တာပါ။ သူတို့ပြန်မပစ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကားကရပ်မသွားဘဲ ဘီးအပေါက်ကြီးနဲ့ ရအောင် မောင်းသွားကြပါတယ်” လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာတဲ့ ပျူစောထီး ၄ယောက်ထဲက ၂ယောက်သေပြီး ၁ယောက်ကတော့ ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

“အဓိကကတော့ မန္တလေး အနီးတဝိုက်မှာ စကစကို ခြိမ်းခြောက်နိုင်တဲ့ စစ်ရေးမစ်ရှင်တွေ အတတ်နိုင်ဆုံး ဖော်ဆောင်ဖို့နဲ့ မန္တလေးကိုသိမ်းတဲ့အချိန် နယ်မြေခံအနေနဲ့ အတတ်နိုင်ဆုံး အကူအညီပေးဖို့ပါ။ လောလောဆယ်လုပ်နေတဲ့ Road To Mandalay  ကမ်ပိန်းကလည်း ဝင်တာနည်းလို့ ၂၀ ရာခိုင်နှုန်းနဲ့ပဲ ရပ်တန့်ထားရပါတယ်” လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် (၅၀) နှစ်ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ် (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ (၅၀)နှစ်ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်က ပြုလုပ်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်မှာ ငလျင်ဒဏ် ကြုံတွေ့ခံစားခဲ့ရသည့် မြန်မာအပါအဝင် အလုပ်သမားများအတွက် လိုအပ်သည့် ကူညီထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Chatuchak စျေးအနီး ဆောက်လုပ်နေဆဲ အစိုးရငွေစာရင်းစစ်ရုံး အဆောက်အဦးဟာ မတ်လ ၂၈ ရက် ငလျင်ကြောင့် ပြိုကျခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မြန်မာတွေအပါအဝင် အလုပ်သမားတွေအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့ပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရသည့် စစ်ကောင်စီတပ်သားသစ်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရတဲ့ စစ်ကောင်စီတပ်သားသစ်တစ်ယောက် လက်နက်နဲ့တကွ တော်လှန်ရေးတပ်ဖွဲ့ထံ ဇွန်လ ၇ ရက်နေ့မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်းဆီက သိရပါတယ်။
Read More

ကန်ဘလူတွင် ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး ၂ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး လူ ၈၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ အောက်တိုဘာလ ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သား အယောက် ၈၀ နီးပါးကို ပြန်ပေးဆွဲဖမ်းဆီးခဲံပြီး၊ အမျိုးသမီး ၂ယောက်ကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ -ကန့်ဘလူခရိုင်ထံက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်၊ ထန်းတပင်ရွာနေအရပ်သား ၂၉ ယောက်၊ ဇီးကုန်းရွာက ၁၈ ယောက် နဲ့ ဗျူဟာလမ်းကြောပေါ်သွားလာနေတဲ့ အရပ်သားအယောက် ၃၀ ထက်မနည်းကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
Read More

အသံတိတ် မြဝတီ (ဓာတ်ပုံသတင်း)

ဒီနေ့မှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ကို အလိုမရှိကြောင်း အသံတိတ်သပိတ် ဆင်နွှဲနေကြသလို မြဝတီမြို့မှာလည်း လူသူရှင်းလင်းနေပါတယ်။ ပုံမှန်ဆိုရင် လူစည်ကားနေတဲ့ နေရာတွေမှာပါ ရှင်းလင်းနေကြောင်း ဒေသခံတွေက ဓာတ်ပုံတွေနဲ့တကွ လူမှုကွန်ရက်မှာ တင်ထားပါတယ်။
Read More

ဝမ်းတွင်းတွင် စစ်မှုထမ်းအတွက် လူငယ်ရာနှင့်ချီ ဖမ်းဆီးခေါ်ဆောင်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ လူငယ်တွေ စစ်မှုထမ်းအတွက် ဆက်တိုက်ဖမ်းဆီးခံနေရပြီး အမျိုးသမီးတွေလည်း ပါဝင်လာသလို လူပြန်ရွေးယူဖို့ ငွေကြေး သိန်းဆယ်နဲ့ချီ ပေးနေရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။