ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာ အကြမ်းဖက်စစ်ကောင်စီက မော်တော်ကား ပိုင်ဆိုင်သူတချို့ကို ခေါ်ယူ အစည်းအဝေးပြုလုပ်ခဲ့ပြီး စစ်တပ်အသုံးပြုဖို့အတွက် မော်တော်ကားတွေကို အဆင်သင့်ပြုလုပ်ထားဖို့ မှာကြားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အရပ်သားပိုင် မော်တော်ကားတွေကို စစ်တပ်ရဲ့ အရေးကိစ္စတွေမှာ အသုံးပြုဖို့ အသင့်ပြင်ခိုင်းထားတာဖြစ်ပြီး အလှည့်ကျစနစ်နဲ့ အနည်းဆုံး ၂စီး ထားထားပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“မနေ့က ဧရာမင်းခန်းမမှာ ညနေ၃နာရီ ယာဉ်ပိုင်ရှင်တွေကို အစည်းအဝေးခေါ်ပါတယ်။ အိမ်စီးကားဟိုင်းလက်တွေကို သူတို့လိုအပ်ချိန်မှာ တစ်နေ့ ၂စီး အလှည့်ကျပေးရမယ်။ ကုန်ကားတွေကို ကုန်မတင်ထားရဘူး။ သူတို့ခေါ်ချိန် အဆင်သင့်ဖြစ်နေရမယ်လို့ အကြမ်းဖက်စစ်တပ်က မှာကြားခဲ့တယ်” လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ကျုံပျော်ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

“အခုက လူရောကားကိုရော ချောဆွဲတဲ့ပုံစံမျိုးပဲ။ သူတို့စစ်တပ်မှာရှိတဲ့ စစ်ကားတွေကို အသုံးမပြုဘဲ အရပ်ကားတွေကို အသုံးပြုနေတာ။ ကုန်တင်ယာဥ်တွေကိုပါ ကုန်မတင်ဘဲ အဆင်သင့် ထားပေးရမယ်ဆိုတော့ ကုန်ကားမောင်းတဲ့သူတွေပါ အလုပ်မရှိဖြစ်နေရပြီ” လို့လည်း ကုန်ကားမောင်းသူ တစ်ယောက်က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက အချိန်ပြည့် စောင့်ကြည့်ကာ ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် စစ်ကားတွေနဲ့ ပေါ်ပေါ်တင်တင် မသွားလာရဲတော့ဘဲ အရပ်သားကားတွေကို အတင်းအဓမ္မ စေခိုင်းအသုံးပြုဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဝမ်းတွင်းက စစ်မှုထမ်း အလိုရှိစာရင်းထဲ သံဃာတော်တွေ ပါဝင်နေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာက စစ်မှုထမ်းစာရင်းထဲမှာ သံဃာတော် ၂ပါး ပါဝင်နေတယ်လို့ Voice of Wundwin ထံက သိရပါတယ်။ 
Read More

ပဲခူး၊ မင်းလှမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကံတင်ဘီလင်းဆည်ဘောင်ပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးလို့ နိုင်ကျဉ်းတစ်ယောက် ဆီးကျောက်ရောဂါနဲ့ ကျဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ယောက် ဆီးကျောက်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။ 
Read More

ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်းပျူစောထီးကျေးရွာကိုု တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ ပျူစောထီး ၁၈ ဦးအရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိ…

" ဖမ်းဆီးရမိတဲ့ ပျူစောထီးတွေကို ထိပ်တုံးခတ် ချုပ်နှောင် ထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်၊ သူတို့ကို ဥပဒေအရ ဆက်လက် အရေးယူသွားမှာပါ " လို့ ‌ရွှေဘိုခရိုင်အမှတ် (၁၈) တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ နေမျိုး(ပဲခူး)က မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

ထောင်တွင်းထောင်ပြင် ပဋိပက္ခဖြစ်စဉ်များအပြီး မကွေးထောင်မှ နိုင်ကျဥ်းများ ဆေးကုသခွင့်နှင့် ထောင်ဝင်စာများ ပိတ်ပင်ခံထားရ

မကွေးအကျဉ်းထောင်မှာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော် ဆေးကုသခွင့်မရရှိသလို ထောင်ဝင်စာတွေလည်း ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦး က မောင်းကို ပြောပါတယ်။
Read More

ကောလင်း သယံဇာတကော်မတီ အတွင်းရေးမှူး လုပ်ကြံခံရမှုကို NUG အနေနဲ့ အမြန်ဆုံးဖော်ထုတ်ပေးဖို့ CDM အဖွဲ့အစည်းတွေ တောင်းဆို

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့က သယံဇာတအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူး ဖြစ်သူ ဦးအရိန္ဒမာ လုပ်ကြံခံရမှုအတွက် NUG အနေနဲ့ ကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ပြီး အရေးယူပေးဖို့ CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတွေက တောင်းဆို တိုက်တွန်းလိုက်ပါတယ်။