ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ရဲစခန်းမှာ Chin Defence Force – Kanpetlet အလံတော်ကို လွှင့်ထူခဲ့တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

နွေဦးတော်လှန်ရေး ကာလတစ်လျှောက် အမိမြေနဲ့ အမျိုးသားရေးအတွက် Chin Defence Force -Kanpetlet အလံတော်အောက်မှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်ရဲဘော်တွေကို အလေးနီပြုပါကြောင်း Chin Defence Force -Kanpetlet က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကောလင်းမြို့နယ်က စစ်ကော်မရှင်ရဲ့ သစ်ဖုလှစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲက စစ်ကော်မရှင်ရဲ့ သစ်ဖုလှစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံကို ကောလင်းခရိုင်တပ်ရင်း၁ က ထုတ်ပြန်လိုက်ပါတယ်။ ကောလင်းမြို့နယ် ကျောက်တန်းလမ်းဆုံအနီးရှိ သစ်ဖုလှဘုရားကုန်းမှာ စစ်ကော်မရှင်တပ်စွဲထားတဲ့ စခန်းကို တော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ၂၀ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း ပြည်သူနေအိမ်များတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်အုပ်စုကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ပြည်သူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော် မရှင်တပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီပြည် ဝံပုလွေစစ်ကြောင်းရဲ့ မိုးတွင်းရိက္ခာ ဆန်အိတ် ၃၀၀ ကမ်ပိန်း (ရုပ်/သံ)

“ကျနော်တို့ စခန်းမှာက စားနပ်ရိက္ခာ အရမ်းခက်ခဲနေတဲ့ အချိန်ဖြစ်နေပါတယ်။ ပြီးတော့ ကရင်နီမှာလည်း ရေကြီးမှုကြောင့် စပါးတွေက အကုန်ပျက်စီးကုန်တော့ ဝယ်စားရတော့မယ့် အခြေအနေဖြစ်တာကြောင့် အခုလို ကမ်ပိန်းလုပ်ရတာဖြစ်တယ်။” လို့ ဝံပုလွေစစ်ကြောင်းက ထောက်ပို့တာဝန်ခံ ထူးယံက မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်းမှ မုံရွာသို့ စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ ယာဉ် ၁၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်  မုံရွာ-မန္တလေး လမ်းပိုင်းမှာ  ဇန်နဝါရီ ၂၂ ရက်က Acid Tanker Trucks ယာဉ်များ၊ Jumper ယာဉ် ၈ စီးအပါအဝင် အရာရှိတွေ လိုက်ပါလာတယ်လို့ ယူဆရတဲ့ မှန်လုံယာဉ် ၃ စီးတို့အား ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးနှင့် အသံတိတ်သပိတ်အတွက် ဒေါက်တာ တေဇာဆန်းတို့အဖွဲ့ မန္တလေးဈေးချိုအနီး ဆန္ဒပြ

အာဏာသိမ်းစစ်တပ်ရဲ့ အတုအ‌ယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့အတွက် မန္တလေးက ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းနဲ့ လူငယ်တချို့ဟာ မန္တလေးဈေးချိုအနီးမှာ ဆန္ဒပြခဲ့ကြပါတယ်။
Read More

စေတုတ္တရာမြို့နယ် ၁၈ မိုင်စခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ရုပ်သံ ပခုက္ကူခရိုင် တပ်ရင်း-၁၅ ထုတ်ပြန်

မကွေးတိုင်း စေတုတ္တရာမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ၁၈ မိုင်စခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပခုက္ကူခရိုင် တပ်ရင်း-၁၅မှ ယနေ့ ဧပြီ ၁၂ ရက်က ထုတ်ပြန်လိုက်ပါ တယ်။