ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က မင်းလှမြို့နယ်၊ ပက်တန်းကြီးရွာမှာ ဆိုင်ကယ်စီးလာတဲ့ ဦးမြင့်စိုး (အသက် ၆၀ ကျော်) ဟာ ကုလားကုန်းနား ကားလမ်းမမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတာ ဖြစ်ပါတယ်။ 

“ဆိုင်ကယ်ဖမ်းသလို ဖမ်းတာ စစချင်းက ၂ သိန်းခွဲတောင်းတာ။ အဲ့ဒါနဲ့ မိသားစုက လိုက်ထုတ်တော့ ၁၀ သိန်းတောင်းပြန်ရော။ ၁၀သိန်းဆိုလို့ ၁၀သိန်း ယူလာပြီးထုတ်တော့လည်း ၁၀သိန်းမရဘူး။ စစ်မှုထမ်းရမယ် ပြောပြန်တယ်။” လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူက ဆိုပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ လက်ရှိအချိန်ထိ ဦးမြင့်စိုးကို ဖမ်းဆီးထားဆဲ ဖြစ်ပြီး ပြန်မလွှတ်ပေးသေးဘူးလို့ ကနဦး သိရပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ မနက် ၈ နာရီအချိန်မှာလည်း အုတ်ဖိုမြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ယောက် အပါအဝင် လူငယ်အများအပြားလိုက်ပါလာတဲ့ ကားကို စစ်တပ်ရဲ့ စစ်ဆေးဂိတ်က တားဆီးပြီး ကားပေါ်မှာပါလာတဲ့ လူငယ်တွေအားလုံးကို ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပဲခူးတိုင်း စစ်မှုထမ်းအမှတ်စဥ် (၈) ဖွင့်ပွဲတွင် နောက်ဆုံးတန်းတစ်နေရာမှာ ထိုင်နေတဲ့ သက်ကြီးပိုင်း စစ်မှုထမ်းသင်တန်းသား
0 Shares:
You May Also Like
Read More

မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ စစ်ကော်မရှင်တပ်ရဲ့ စက်တပ်လေထီးတစ်စင်း ပစ်ချခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ စစ်ကော်မရှင်ရဲ့ စက်တပ်လေထီးတစ်စင်းကို ပစ်ချခဲ့တယ်လို့ မြိုင် ပကဖ က ဒီညမှာ ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၂၂ ရက် ဒီနေ့ ညနေ ၅ နာရီကျော်လောက်မှာ ပခုက္ကူမြို့ တပ်မ ၁၀၁ ကနေတက်လာပြီး ပေါက်နယ်ထဲကို ဗုံးကြဲကာ ပြန်လာတဲ့ စက်တပ်လေထီး ၂ စင်းထဲက တစ်စင်းကို မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ တော်လှန်ရေးတပ်ဖွဲံဝင်များက ပစ်ချခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

ဖားကန့်မြို့နယ် မလောင်ရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် မိသားစုဝင် ၃ဦး သေဆုံးကာ လသားအရွယ်ကလေးငယ် ၁ဦးသာ ကျန်ရစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်ကျေးရွာထဲကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၇ရက် မနေ့ည ၁၀ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကော်မရှင်က ဒရုန်းနဲ့ ဗုံးသီး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ရာ မလောင်ရွာထဲက နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် ၄ယောက်ထဲက ၃ယောက် သေဆုံးကာ လသားအရွယ် ကလေးငယ်တစ်ယောက်သာ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ခဲ့သည့် LDF ၈ ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှာ သာသနာ့တာဝန် ထမ်းဆောင်နေတဲ့ ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့သူတွေကို ထောင်ဒဏ်နှစ် ၂၀ စီ ချမှတ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ခင်ဦးမြို့နယ်၊ ရှားလွင်ရွာကို စစ်ကောင်စီက ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ပြည်သူ(၂) ယောက် သေပြီး (၅) ယောက်ထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်းမှာရှိတဲ့ ရှားလွင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ပြည်သူ(၂) ယောက် သေပြီး (၅) ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့မှာ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က လေကြောင်းပါ အသုံးပြုတိုက်ခိုက်နေ

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်ကစလို့ ဒီနေ့အထိ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။