ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရွှေကုက္ကိုလ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ အခြေအနေတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်ကို တစ်လပိတ်မယ်လို့ ထိုင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အခုလို တားမြစ်မှုတွေကို ထိုင်းကာကွယ်ရေးဝန်ကြီးက ညွှန်ကြားထားတာဖြစ်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ချက် ထွက်ရှိခဲ့တာပါ။

ရွှေကုက္ကိုလ်မြို့မှာ ကာလဝမ်းရောဂါကူးစက်မှု ပြင်းထန်နေပြီး ဖြစ်ပွားသူ ၃၀၀ ခန့်နဲ့ သေဆုံးသူ ၂ ယောက် ရှိခဲ့ပြီး ကူးစက်ခံရသူ အရေအတွက်ဟာလည်း ဆက်လက်မြင့်တက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက်ပိုင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကာလဝမ်းရောဂါဖြစ်ပွားသူ ၂ ယောက် ရှိလာခဲ့ပြီး ကူးစက်သူတွေက မြန်မာနိုင်ငံသားတွေဖြစ်ကာ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကနေ ကာလဝမ်းရောဂါ အခြေအနေတွေကြောင့် အရေးပေါ် စီမံဆောင်ရွက်ရေး စင်တာ (EOC) တစ်ခုကို တာ့ခ်ပြည်နယ်ထဲမှာ ဖွင့်လှစ်လိုက်ကြောင်း ကြေညာထားပါတယ်။

(ဓာတ်ပုံ Khaosod English)
(ဓာတ်ပုံ Khaosod English)

အခုလို ကူးစက်မှု အခြေအနေတွေကြောင့် ထိုင်းဘက်ခြမ်းကနေ နယ်စပ်ဖြတ်သန်းသွားလာခွင့်တွေကို ပိတ်ပင်ထားပြီး ရွှေကုက္ကိုလ်မြို့နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဖုပ်ဖရ-မဲဆောက် နဲ့ မယ်လမတ်မြို့နယ်က နယ်စပ်တလျှောက် တောလမ်း၊ ရေလမ်းနဲ့ ကျေးရွာလမ်းတွေကိုတစ်လတာ ယာယီပိတ်ပင်ထားပြီးအခြေအနေပေါ် မူတည်ပြီးမှ ပြန်ဖွင့်မယ်လို့ သိရပါတယ်။

ရွှေကုက္ကိုလ်မြို့ဟာ BGF/KNA တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပြီး ကျားဖြန့်အပါအဝင် ကာစီနိုရုံပေါင်းများစွာကို ပေါ်ပေါ်ထင်ထင် စီးပွါးဖြစ် လုပ်ကိုင်နေတဲ့ လောင်းကစားမြို့တော် ဖြစ်ပါတယ်။

(ဓာတ်ပုံ Khaosod English)
0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်မှာ မန္တလေးတိုင်းအတွင်း စစ်ကောင်စီကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါ ၂၇ ဦး သေဆုံးခဲ့

မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ်အစပိုင်း ၂ လကျော်ကြာချိန်မှာ အကြမ်းဖက်စစ်ကောင်စီကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ၂၇ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အမ်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ်ခဲ့ရာ ထိမှန်ခဲ့တယ်လို့ AA အတည်ပြု

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဆီ စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာတွေ ပို့ဆောင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီးကို ရက္ခိုင့်တပ်တော် AA က ပစ်ခတ်ခဲ့ရာ ထိမှန်ခဲ့တယ်လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက အတည်ပြုထားကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီတပ် ကြေညာခဲ့သည့် အပစ်ရပ် ရက် (၂၀) ပြည့်နေ့မှာ နောင်ချိုကို ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ် ရက် (၂၀) ပြည့်နေ့မှာ ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ်-ရေးအမြန်လမ်းတွင် ရွေးကောက်ပွဲ သင်တန်းတက်မည့် Non-CDM ပညာရေးဝန်ထမ်းများကို ဖမ်းမိ၊ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး အမြန်လမ်းမှာ တော်လှန်ရေးတပ်တွေ လုံခြုံရေးယူနေချိန် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် သင်တန်းတက်မယ့် Non-CDM ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ဆောင်နန်းခဲတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ PNA တပ်မှ တပ်ခွဲမှူးအဆင့်ရှိ နောင့်စိုင်းသေဆုံး

ရှမ်းပြည်နယ်‌တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်အစပ်ရှိ ဆောင်နန်းခဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNA တပ်တွေ သိမ်းပိုက်​ပြီးနောက် တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ PNA တပ်မှ တပ်ခွဲမှူးအဆင့်ရှိ နောင့်စိုင်းသေဆုံးသွားတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက သတင်းဖော်ပြထားပါတယ်။
Read More

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး(၂၇)လုံးနှင့် အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂၇)လုံးနဲ့ အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။