ချင်းပြည်နယ် မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ခလရ ၂၇၄ ဗဟိုကင်းမှာ ချိတ်ထားတဲ့ မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို တော်လှန်ရေးရဲဘော်က ဖြုတ်ချပြီး ခြေ ထောက်နဲ့ နင်းနေတဲ့ ရုပ်သံဖိုင်တစ်ခု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာလ ၉ ရက်က စတင်ပြီး မင်းတပ်မြို့နဲ့ ဖလမ်းမြို့တွေကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ ဒီဇင်ဘာ ၂၁ ရက်က အကြမ်းဖက်စစ်တပ်တပ်ရင်းရဲ့ ခလရ ၂၇၄ ကို  ချင်းညီနောင်အဖွဲ့က  တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပါတယ်။

မြို့သိမ်းစစ်ဆင်ရေးအတွင်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်တောင်းမြစ်အရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်မြစ်အရှေ့ခြမ်းမှာ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းက အင်အား ၁၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Nay Pyi Taw PDF-Battalion 901မှ ထုတ်ပြန်ထားပါတယ်။
Read More

အမျိုးသမီးစစ်သည်များ ပါဝင်ခဲ့သည့် မြိုင်ပကဖ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ထုတ်ပြန်ထားပါတယ်။
Read More

8+ အညာမြေစစ်ဆင်ရေးအဖွဲ့ မွမ်းမံသင်တန်း ကျင်းပပြီးစီး (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး၊ 8+ အညာမြေစစ်ဆင်ရေးအဖွဲ့ ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲကို ဧပြီ ၂၃ ရက်က ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

ဗန်းမော်မြို့မှ ပြန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့မှ ပြန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ပေါက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၄) ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၄) ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းမှာ Fixed Wings ဒရုန်း ၆ စီး အသုံးပြုပြီး ၆၀ မမ ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံ ဆုံပျူစခန်းက ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံပျူစခန်းကနေ ခြောက်ဘီးယာဉ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TGYR-YouthGuerrillaCounterRevolution-NZ(LPDF) အဖွဲ့ထံက သိရပါတယ်။