စစ်ကိုင်းတိုင်း ပင်လည်ဘူး စစ်ဆင်ရေးအပါအဝင် အခြားသော မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး နောက်တန်း ခေတ္တပြန်ကာ ဆေးကုသမှုခံယူကြတဲ့ ဒဏ်ရာရရဲယော်တွေနဲ့ နာမကျန်း ရဲဘော်တချို့ကို ယင်းမာပင် ခရိုင်အတွင်း ကျေးရွာဒေသခံတွေက ကြိုဆိုခဲ့ကြပါတယ်။

နောက်တန်းပြန်လာတဲ့ အဲဒီရဲဘော်တွေဟာ ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) ဓားမဆိုင်းတပ်မတော်က တော်လှန်ရေးရဲဘော်တွေပဲ ဖြစ်ပါတယ်။

“ဒဏ်ရာရရှိခဲ့တဲ့ ကလေးတွေက ၂.၁၀.၂၀၂၄ ကတည်းကပါ။ သူတို့စိတ်ဓာတ်လေးတွေက အရမ်းမာကြောပြီး တိုက်ပွဲတွေဆက်တိုက်မှာ ပါဝင်နေတာပါ။

အခု သူတို့ကို ခေတ္တအနားပေးချင်တဲ့ သဘောမျိုးနဲ့ သူတို့ကို ဆေးဝါးအပြည့်အစုံ ကုသပေးချင်တဲ့သဘောမျိုးပါပဲ” လို့ ဓားမဆိုင်းတပ်မတော် တည်ထောင်သူ ဗိုလ်စွမ်းသူမောင်က ပြောပါတယ်။

နောက်တန်းပြန် ရဲဘော်တွေကို ဒေသခံတွေက အောင်သပြေပန်းတွေနဲ့ ပိုက်ဆံတွေကို ပန်းကုန်းလုပ်ကာ ဂုဏ်ပြုပေးအပ် ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

 

ဆေးနား ခေတ္တပြန်လာတဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံတွေ ကြိုဆိုနေကြပုံ (ဓာတ်ပုံ ဗိုလ်စွမ်း ( ဓားမဆိုင်း )၏ ရုပ်သံမှတ်တမ်းမှ)

0 Shares:
You May Also Like
Read More

ကျောက်ကြီးက စစ်ကောင်စီ ဂိတ်စခန်း ၃ ခုကို KNLA PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်း ၃ ခုကို KNU နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးကာ လက်နက်ခဲယမ်းများလည်း ရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာ တစ်လအတွင်း စစ်အုပ်စုမှ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ စစ်သုံ့ပန်း ၁၂၅ ဦး အထိရှိ

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စစ်ကော်မရှင်တပ်သား အရေအတွက် ၁၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
Read More

အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ PNO ပြည်သူ့စစ် တိုက်ပွဲတွေအတွင်း အယောက် ၂၀၀ ထက်မနည်းသေဆုံး… အဆိပ်ပါတဲ့ လက်နက်ကြီးတွေကိုပါ စစ်တပ်က အသုံးပြုတိုက်ခိုက်နေ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ PNO ပြည်သူ့စစ် တိုက်ပွဲတွေအတွင်း အယောက် ၂၀၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
Read More

မြေပြန့်ဒေသတွင် စစ်ရေးဖော်ဆောင်ဖို့ MDY PDF လူငယ်များကို ဖိတ်ခေါ်နေ 

မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသမှာ စစ်ရေးတွေ ဖော်ဆောင်ဖို့ တော်လှန်စစ် ဆင်နွှဲလိုတဲ့ လူငယ်လူရွယ်တွေကို ဖိတ်ခေါ်တယ်လို့ မန္တလေး PDF က မနေ့က မတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြောင်တွင် မြို့ပေါ် ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်အပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လေယာဉ်ဆီဘောက်ဆာကား မောင်းလာသည့် စစ်ကောင်စီတပ်သား၂ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ဘက်ကနေ လေယာဉ်ဆီဘောက်ဆာကား မောင်းလာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk တပ်ဖွဲ့ဆီက သိရပါတယ်။