ချင်းညီနောင်တပ်ဖွဲ့တွေဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေပြီဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။

မနေ့က ဒီဇင်ဘာ ၂၂ ရက်မှာ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ ချင်းညီနောင်ဟာ ချင်းတောင်ပိုင်းတစ်ခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ပြီး ဖလမ်းမြို့ကိုလည်း တပြိုင်နက်တည်း ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ချင်းညီနောင်ဘက်က ကျင်းပတဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို တရားဝင် အတည်ပြုပြောကြားလိုက်တာပါ။ 

ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်တယ်လို့ ချင်းညီနောင် CNDF က အသိပေးခဲ့ပါတယ်။

လက်ရှိမှာတော့  ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုရရှိအောင် အရှိန်မြှင့် ထိုးစစ်ဆင်နေပြီးချင်းညီနောင် လှုပ်ရှားနယ်မြေ မြို့နယ်တွေ အပါအဝင် ချင်းပြည်နယ်တစ်ခုလုံး လွတ်မြောက်အောင် ဆောင်ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဖလမ်းမြို့ပေါ်က စစ်ကောင်စီတပ်ရဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အပါအဝင် ဌာနဆိုင်ရာရုံးတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကတည်းက ချင်းညီနောင်တပ်ဖွဲ့ဘက်က ထိန်းချုပ်ထားနိုင်တယ်လို့လည်း သိရပါတယ်။

လက်ရှိ ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ ခလရ(၂၆၈) တပ်ကုန်းတစ်ခုသာ ကျန်တော့ပြီး တခြားနေရာတွေမှာ စစ်ကောင်စီ ကင်းစင်သွားပြီ ဖြစ်တယ်လို့ ချင်းညီနောင်က ဆိုပါတယ်။ ဖလမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ယောက်ဟာ ချင်းညီနောင်တပ်ထံ လက်နက်ချခဲ့တယ်လို့လည်း သိရပါတယ်။

ချင်းပြည်နယ်က မင်းတပ်နဲ့ ကန်ပက်လက်တိုက်ပွဲတွေ အပါအဝင် မြို့သိမ်းတိုက်ပွဲတွေမှာ အာရက္ခတပ်တော် AA က  လက်နက်ခဲယမ်းနဲ့ စစ်ရေးဗျူဟာတွေကို ပံ့ပိုးကူညီခဲ့ကြောင်းလည်း ချင်းညီနောင် တပ်ဖွဲ့က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

AA နဲ့ မဟာမိတ်ဖြစ်တဲ့ ချင်းညီနောင်တပ်ဖွဲ့မှာ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၊ ချင်းဒေသ ကာကွယ်ရေးအဖွဲ့ (ကန်ပက်လက်)၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (မတူပီ) တပ်မဟာ ၁ တို့ ပါဝင်လျက်ရှိပါတယ်။

လက်ရှိမှာ ချင်းညီနောင်အဖွဲ့ဟာ ချင်းပြည်နယ်အတွင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီမြို့နယ်၊ ကျင်ဒွေးမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် ကျန်ရှိနေသေးတဲ့   ချင်းပြည်နယ်အတွင်း မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကိုလည်း မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ဆက်လက်တိုက်ခိုက် သိမ်းပိုက်သွားမယ်လို့ ချင်းညီနောင်က ဒီနေ့ ဒီဇင်ဘာ ၂၃ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသိပေးပြောကြားခဲ့ပါတယ်။

ချင်းပြည်နယ်မှာ ချင်းပြည်ကောင်စီ ဆိုတဲ့ တော်လှန်ရေးအဖွဲ့နဲ့ ချင်းညီနောင်တပ်ဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲကာ စစ်ကောင်စီကို ဖိအားပေးတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၄ နှစ်နီးပါး ကြာမြင့်လာချိန်မှာ ချင်းပြည်နယ်က မြို့ ၈ ခုကို ချင်းတော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထားပြီး စစ်တပ်က ပြည်နယ် မြို့တော် ဟားခါးနဲ့ ဖလမ်း(တချို့နေရာ) တို့ကိုသာ ထိန်းချုပ်ထားနိုင်ပါတော့တယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့နယ်တွင် မြို့နယ် ပအဖ ဦးဆောင်မှုဖြင့် ပျက်စီးနေသည့် ဆက်သွယ်ရေးလမ်းမကြီး ပြန်လည်ပြုပြင်နေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ အများပြည်သူများသွားလာအသုံးပြုနေတဲ့ ဒေသတွင်းအဓိက ဆက်သွယ်ရေးလမ်းမကြီး ဆိုးရွားစွာပျက်စီးနေတာကြောင့် ပြန်လည် ပြုပြင်ပေးခဲ့တယ်လို့ မြို့နယ် ပအဖ က ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ၊ ပြည်သူပိုင် အဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးခဲ့

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကော်မရှင်တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော် TNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကော်မရှင်တပ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ အဆိုပါအဖွဲ့က အောက်တိုဘာလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

မောင်တော၊ အမ်းနဲ့ ဂွက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်အရှိန်မြှင့်ပြီး တိုက်ခိုက်တော့မယ်လို့ AA ထုတ်ပြန်

မောင်တော နခခ (၅)အပါအဝင်ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်ပြီး ထိုးစစ်ကို အရှိန်မြှင့်တော့မယ်လို့ အာရက္ခတပ်တော် AA က စက်တင်ဘာ ၂၇ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

နိုဝင်ဘာလအတွင်း တောင်ပိုင်းစစ်ဒေသက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၁၄၉) ယောက် သေပြီး (၈၉) ယောက် ဒဏ်ရာရကာ (၆) ယောက် အလင်းဝင်…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်အကြား တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၁၄၉) ယောက် သေပြီး (၈၉) ယောက် ဒဏ်ရာရကာ (၆) ယောက် အလင်းဝင်လာတယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ တရားဝင်ထုတ်ပြန်လာပါတယ်။