ရခိုင်ဒေသမှာ အာရက္ခတပ်တော် AA က စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်အပါအဝင် တပ်စခန်းတွေ၊ မြို့တွေကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် အာဏာသိမ်းစစ်ကောင်စီဟာ စစ်ရေးရှုံးနိမ့်မှုအပြင် ဖိအားတွေနဲ့ပါ ရင်ဆိုင်နေရပါပြီ။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တကြောကို AA က ထိန်းချုပ်ထားတာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က စစ်ကောင်စီကို ဖိအားပေးလာတာပါ။ AA ဟာ အစိုးရတစ်ရပ် မဟုတ်လို့ ထိတွေ့ဆက်ဆံမှု မလုပ်နိုင်ကြောင်းနဲ့ နယ်စပ်ပြဿနာ ဖြေရှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး Md Touhid Hossain က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ပြောခဲ့တာပါ။

“နယ်စပ်က မင်း (စစ်ကောင်စီ) ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးလို့ မြန်မာ (စစ်ကောင်စီ) ကို ကျနော် ပြောခဲ့ပါတယ်။ အခု အာရက္ခတပ်တော်လို အစိုးရမဟုတ်တဲ့ အင်အားစုတွေက ချုပ်ကိုင်ထားတယ်။ နိုင်ငံ အစိုးရတစ်ခုအနေနဲ့ ကျနော်တို့ဟာ သူတို့နဲ့ ထိတွေ့မဆက်ဆံနိုင်ဘူး။ နယ်စပ်နဲ့ ရခိုင် ပြဿနာတွေကို ဖြေရှင်းဖို့ မြန်မာအနေနဲ့ နည်းလမ်းရှာရမယ်”

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထိုင်းနိုင်ငံမှဦ ကျင်းပတဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ အထက်ပါအတိုင်း ဆွေးနွေးခဲ့ကြောင်း Hossain က သတင်းထောက်တွေကို ပြန်ပြောပြပါတယ်။

ဘန်ကောက်က အလွတ်သဘောဆွေးနွေးမှာ တွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး Md Touhid Hossain (ဘယ်ဘက် ဒုတိယမြောက်) နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ (ဘယ်ဘက် တတိယမြောက်)

သူ့ရဲ့ဆွေးနွေးချက်အပေါ် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက သူတို့ (မြန်မာစစ်တပ်) အနေနဲ့ နယ်စပ်ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြောင်း တုံ့ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်ကလွဲပြီး မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ Hossain က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရိုဟင်ဂျာဝင်ရောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေကိုလည်း ပြောဆိုခဲ့ပါသေးတယ်။

“သူတို့က လမ်းကြောင်းတစ်ခုတည်းက ဝင်တာမဟုတ်ဘူး၊ လမ်းကြောင်းမျိုးစုံကို ဖြတ်သန်းလာတာကြောင့် ရပ်တန့်ရခက်တယ်” လို့ ဆိုပါတယ်။

ရခိုင်ပြည်တလွှား အောင်ပွဲရနေသည့် AA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ AA Info Desk)

ရိုဟင်ဂျာဒုက္ခသည်တွေ အသစ်ထပ်ဝင်လာနိုင်တဲ့ကိစ္စကိုတော့ “အတော်များများ စိုးရိမ်နေကြပေမယ့် နောက်ထပ် ဝင်လာမယ် ဆိုတာကိုတော့ ကျနော် မယုံဘူး။ ဒီကိစ္စတွေလည်း ပါပါတယ်၊ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီးတော့ တားဆီးဖို့ အစီအမံတွေ လုပ်ရမှာပေါ့” လို့ Hossain က ဆိုပါတယ်။

ထိုင်းက ဆွေးနွေးပွဲမှာ နယ်စပ်၊ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကူးမှု၊ လက်နက်မှောင်ခိုမှုနဲ့ မြန်မာ့နိုင်ငံရေး အနာဂတ်အပါအဝင် အကြောင်းအရာမျိုးစုံကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သူက ပြောပါတယ်။

“နယ်စပ်နှစ်ဘက်စလုံးနဲ့ ဒုက္ခသည်စခန်းတွေမှာ ရာဇ၀တ်ကောင်တွေ ရှိနေတဲ့အတွက် ဒီကိစ္စတွေကို မီးမောင်းထိုးပြခဲ့တယ်” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာ့နိုင်ငံရေးအနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူအားလုံးက မြန်မာရဲ့ ပြည်တွင်းရေးပြဿနာဖြေရှင်းမှုနဲ့ ရှေ့ဆက်လှမ်းဖို့ ကြိုးပမ်းမှုတွေကို ထောက်ခံကြကြောင်း Hossain က မှတ်ချက်ပြုပါတယ်။

“လူတိုင်းက မြန်မာကို ထောက်ခံမယ်လို့ ပြောကြတယ်၊ တကယ်လို့ ဖက်ဒရယ် ဖွဲ့စည်းပုံကို ရွေးမယ်ဆိုရင် ကျနော်တို့ ဝင်စွက်ဖက်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ဆုံးဖြတ်ချက်တစ်ခု လိုချင်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

ကိုးကား – Bangladesh urges Myanmar to resolve border issue

0 Shares:
You May Also Like
Read More

အမေရိကန်တပ်များ ဗင်နီဇွဲလားသမ္မတ ကိုဝင်ရောက်ဖမ်းဆီး

အမေရိကန်တပ်ဖွဲ့ တွေဟာ ဗင်နီဇွဲလား သမ္မတဖြစ်သူ နစ်ကိုလက်စ် မာဒူရို ကို ဖမ်းဆီးလိုက်ပြီလို့ အ​မေရိကန်သမ္မတ ထရမ့်က သူရဲ့လူမှုကွန်ရက် Truth မှာရေးသားအသိပေး လိုက်ပါတယ်။ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲပြီး သမ္မတဖြစ်သူ နစ်ကိုလက်စ် မာဒူရို ကို လက်ရဖမ်းဆီးလိုက်တာလို့ သမ္မတ ထရမ့်က ဆိုပါတယ်။
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။
Read More

5.18 ဂွမ်ဂျူးဒီမိုကရေစီတော်လှန်‌ရေး ၄၅ နှစ်မြောက် အောက်မေ့ဘွယ်အခမ်းအနားများကို NUG ကိုယ်စားလှယ်ရုံးနှင့် မြန်မာတော်လှန်လူငယ်များ တက်ရောက်…

တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းဝင်နေ့ဖြစ်တဲ့ ၁၉၈၀ ခုနှစ် မေလ ၁၈ ရက်မှာ ဂွမ်ဂျူးမြို့ကနေ စတင်ကာ နိုင်ငံအနှံ့ ပျံ့နှံခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေးရဲ့ အောက်မေ့ဘွယ် အခမ်းအနားတွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးရဲ့ ဦးဆောင်မှုနဲ့ နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေက ရဲဘော်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

လိမ်လည်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ စစ်ကောင်စီ၊ တရုတ်နဲ့ ထိုင်းတို့ သဘောတူညီခဲ့ကြဟု ဆို

တရုတ်နိုင်ငံ၊ ကူမင်းမှာ ဇန်နဝါရီလ ၂၁ ရက်၊ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း တရုတ်၊ ထိုင်းနဲ့ စစ်ကောင်စီအရာရှိတို့အကြား ဆိုင်ဘာလိမ်လည်လုပ်ငန်းတွေ ပပျောက်ရေး လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် ရုပ်သံဌာန CCTV က ထုတ်ပြန်ပါတယ်။ 
Read More

မြန်မာကို ကာလဝမ်းရောဂါဆေးတွေ ထိုင်း အကူအညီပေး

မြန်မာပြည်မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ကာကွယ်တိုက်ဖျက်ရေး အကူအညီဖြစ်စေဖို့ ကာလဝမ်းရောဂါဆေးတွေကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပေးထားကြောင်း Bangkok Post က ဒီဇင်ဘာ ၂၄ ရက်မှာ ဖော်ပြထားပါတယ်။  
Read More

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ထိုင်းမှာနောက်လလုပ်ဖို့ စီစဉ်ထား

ထိုင်းအစိုးရအနေနဲ့ မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်ကို နောက်လမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် အတည်ပြုရက် မသတ်မှတ်နိုင်သေးဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။