စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲအများအပြားကို တိုက်ခိုက်ပြီး ‌နောက်တန်းပြန်လာကာ ဆေးဝါးကုသမှုခံယူတဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်နဲ့ နာမကျန်းဖြစ်နေတဲ့ ရဲဘော်အချို့ကို ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာတွေက လှိုက်လှဲကြိုဆိုဂုဏ်ပြုခဲ့ကြ တယ်လို့ သိရပါတယ်။

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကို အောက်တိုဘာ ၈ ရက်က အပြီးသတ်တိုက်ခိုက်ပြီးနောက် ရဲဘော်တွေဟာ အခြားမြို့သိမ်းတိုက်ပွဲတွေကို ဆက်လက်တိုက်ခိုက်ရင်း ထိခိုက်ဒဏ်ရာရရှိပြီး ကျန်းမာ ရေးမကောင်းမွန်တဲ့အတွက် နောက်တန်းမှာ ခေတ္တအနားယူဆေးကုသမှုခံယူစေခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့အပြီးမြင်ကွင်း (ရုပ်/သံ)

ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့လယ်ပိုင်းက ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေက တက်ရောက်သိမ်း ပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲအပြီး စခန်းတွင်းအခြေအနေများကို အဆိုပါတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကျားသစ်နက်စစ်ကြောင်းက ရုပ်သံဖိုင်အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဗောဓိတစ်ထောင်လမ်းပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71 Local People Defense Force Monywa က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Vote Fighter Local PDF အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ယောက်ထက်မနည်းသေကာ ပြည်သူ့ရဲ‌ဘော် ၁ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို စက်တင်ဘာ ၂၃ ရက်က တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင် ကနေ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းထံက သိရပါတယ်။
Read More

အုတ်တွင်းမှာ စစ်ကောင်စီ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်၊ တိုက်ပွဲအတွင်း စစ်အုပ်စုအများအပြား သေပြီး ရဲဘော် ၁ ယောက်ကျဆုံးခဲ့ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းက ကျေးရွာတွေကို အင်အား ၅၀၀ ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တောင်ငူခရိုင် - တပ်ရင်းအမှတ် ၃၅၀၂ စစ်ကြောင်းတပ်ခွဲထံက သိရပါတယ်။
Read More

ကော်သူးလေထိန်းချုပ်နယ်မြေ သောင်ရင်းမြစ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်ရဲဘော်ရဲဘက်များအတွက် ဂုဏ်ပြုပွဲကျင်းပ (ရုပ်/သံ)

ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တပ်မဟာ (၇)အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၈ ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်ရဲဘက်တွေကို မေလ ၂၁ ရက်မှာ ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ထားပါတယ်။