ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းနဲ့ ပျူခေါင်းဆောင်နေအိမ်တို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပဲခူးခရိုင် ပကဖ ဦးဆောင်တဲ့ ဒိုက်ဦးမြို့နယ် ပကဖ၊ ကဝမြို့နယ် ပကဖ၊ ရန်ကုန်တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့ ၅၊ မအူပင်ခရိုင် ပကဖ၊ ဝေါမြို့နယ်ဆေးတပ်ဖွဲ့တို့ ပူးပေါင်းတပ်တွေဟာ ဒီဇင်ဘာ ၂၂ ရက် မနက်အစောပိုင်းမှာ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာရွာထိပ် စစ်ကောင်စီဂိတ်စခန်းနဲ့ ကျောင်းစု ပျူခေါင်းဆောင် နေအိမ်တို့ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဂိတ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့စဉ်

စစ်ကောင်စီဂိတ်စခန်းကနေ MA 3 သေနတ် တစ်လက်၊ ရှေ့ထွက်မိုင်းတစ်လုံး၊ အီနာဂါဗုံးသီးနှစ်လုံးနဲ့ ပြည်သူဆီက ငွေကောက်ခံထားတဲ့ စာရွက်စာတမ်းတွေ ရရှိခဲ့ကာ ဂိတ်စခန်းကို မီးရှို့နိုင်ခဲ့ပါတယ်။ 

ဒါ့အပြင် ဂျောင်းတာအုပ်စုအတွင်း ပျူအင်အားစု​ စစ်သင်တန်းပေးနေတဲ့ ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးအိမ်ကိုလည်း စီးနင်းခဲ့ရာ လက်လုပ်ကိုးလုံးသေနတ်နှစ်လက်၊ လက်လုပ်သေနတ်အတု နှစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကတော့ ထိခိုက်မှုမရှိဘဲ စစ်ဆင်ရေးကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပဲခူးခရိုင် ပကဖ လက်ရုံးတပ်တွေ ဖြစ်တဲ့ ပဲခူးခရိုင် အင်းတကော်နဲ့ ကဝမြို့နယ် ဒရုန်းတပ်ဖွဲ့ကလည်း အဲဒီနေ့မနက်အစောပိုင်းက စတင်ကာ ရွှေကျင်မြို့နယ်၊ ဒုံဇရစ် ၅၈၉ တပ်ရင်းရဲ့ လက်နက်တိုက်နဲ့ ကင်းဂိတ်နေရာတွေကို ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိသည့် လက်နက်များ
0 Shares:
You May Also Like
Read More

သီတာယုမွန်စစ်ကြောင်းထံမှ သိန်း ၁ ထောင်ကျော် တန်ဖိုးရှိ တိုက်ခိုက်ရေး ဒရုန်း ၁ စီးကို နွားထိုးကြီး ပကဖ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူခေါင်းဆောင် သီတာယုမွန် ရဲ့ အကြမ်းဖက်စစ်ကြောင်းထံက ၆ လက် ဒရုန်း ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်ဝင်စီးနင်းလို့ ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးနေရ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်က ဝင်ရောက်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၃ ထောင်ကျော် ဘေးလွတ်ရာတွေကို ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
Read More

ပုလောမြို့နယ်မှာ စစ်မှုထမ်းသင်တန်းဆင်းထားသည့် တပ်ကြပ်ကြီးစာရေး (အကူ) (၁) ဦးနှင့် ဒု-တပ်ကြပ် (၁) ဦး လက်နက်များနှင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဘုတ်ခြံအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သား စုဆောင်းခံထားရတဲ့ စစ်သား (၂) ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်က တရုတ်နဲ့ အင်အားကြီး ယှဉ်ပြိုင်ဘက်ဖြစ်နေလို့ တော်လှန်ရေးအင်အားစုတွေကို ဒေါ်လာသန်းနဲ့ချီ ထောက်ပံ့ပေးနေတယ်လို့ စစ်ကောင်စီ စွပ်စွဲ

NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေက နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ နီးပါးလောက် ထောက်ပံ့ရရှိနေတာဖြစ်တယ်လို့ မြန်မာလူထုရဲ့ မိတ်ဆွေစစ် တရုတ်နိုင်ငံဆိုတဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီက စွပ်စွဲပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။
Read More

နောင်လာနောက်သားတွေအတွက် ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်မယ့် ဘိန်းခင်းတွေကို CDF Civic Defense Militia – CDM-Siyin တပ်ဖွဲ့ ဖျက်ဆီးရှင်းလင်း

ချင်းပြည် (Chinland) ၊  Siyin ဒေသမှာ စီးပွားရေးသမားတွေရဲ့ သွေးထိုးမှုနဲ့ စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဒီဇင်ဘာလ ၁၉ရက်နေ့က  ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း CDF Civic Defense Militia - CDM-Siyin တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တပ်ပျက် စစ်ကြောင်း ကျန်ရစ်ခဲ့သည့် အလောင်းများကို စစ်တပ် လာမကောက်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ရှာဖွေသင်္ဂြိုဟ်ပေးရ

စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်အစပ်က အကြမ်းဖက်စစ်တပ် စစ်ကြောင်းလိုက်ပြုတ်ခဲ့တဲ့ တိုက်ပွဲမှာ ရုပ်ပျက်ဆင်းပျက်သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေကို စစ်တပ်က လာမကောက်တာကြောင့် တော်လှန်ရေးတပ်တွေကပဲ သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။