မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာအုပ်စု တမာကန်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် မောင်လွင်နဲ့ မိသားစုဟာ ကျေးရွာနေ ပြည်သူတွေဆီက စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) အဖွဲ့ထံက သိရပါတယ်။ 

မနေ့က ဒီဇင်ဘာ ၂၂ ရက် ည ၉နာရီအချိန်မှာ အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး မောင်လွင်အပါအဝင် သူ့ရဲ့ မိန်းမဖြစ်သူနဲ့ သားဖြစ်သူကိုပါ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

“သူတို့ ခုခံချိန်ကို မရလိုက်ပါဘူး။ ပျူတွေဆိုတော့ ကိုယ့်ဘက်ကလည်း အင်အားနဲ့ ဝင်ရှင်းတာမို့ သူတို့ ဘာမှ လုပ်ချိန်မရလိုက်ပါဘူး။ လက်နက်တွေ သိမ်းမိတာတော့ မရှိဘူး။ သူ့အိတ်ထဲက ဓားမြောင်တစ်ချောင်းပဲရတယ်။ သေနတ်တွေ သိမ်းထားတာနေမယ်။ ချက်ချင်းပြန်ဆုတ်ခဲ့တာဆိုတော့ ဘာမှ မရလိုက်ဘူး” လို့ Voice of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

ပစ်ခတ်ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် မောင်လွင်

ပျူခေါင်းဆောင် မောင်လွင်နဲ့ မိသားစုဟာ ကျေးရွာ ဒေသခံတွေအပေါ်  အလွန်အကျူး ဖိနှိပ်အနိုင်ကျင့် နေတာကြောင့် မြို့နယ်တော်လှန်ရေးတပ်ဖွဲ့က ပထမတစ်ကြိမ် ပစ်ခတ်ခဲ့သည့်တိုင် ပြုပြင်ပြောင်းလဲခြင်းမရှိတဲ့အပြင် လက်အောက်ခံပျူစောထီးတွေကို ကိုယ်ရံတော်အစောင့်အဖြစ်မွေးကာ တမာကန်အုပ်စုအတွင်းက ကျေးရွာတွေကို ဆက်ပြီး အနိုင်ကျင့်ဖိနှိပ်နေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ 

ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူး မောင်လွင်ကို ၂၀၂၁ ခုနှစ်အတွင်း ပထမတစ်ကြိမ် ပစ်ခတ်ရှင်းလင်းရာ အသက်မသေဘဲ လမ်းမလျှောက်နိုင်တော့တဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း မောင်လွင်ရဲ့ မိန်းမနဲ့ သားဖြစ်သူတို့က သူ့အရှိန်နဲ့ စိတ်တူကိုယ်တူ ပူးပေါင်းပြီး တမာကန်အုပ်စုကျေးရွာတွေဖြစ်တဲ့ တမာကန်၊ ကျောက်အိုး၊ မင်းကုန်၊ တောင်ဆည်ရွာ စတဲ့ ကျေးရွာတွေမှာ တစ်အိမ်တစ်သောင်း စစ်မူထမ်းအကြောင်းပြကောက်ခံတာတွေ၊ စစ်ကောင်စီအလိုကျ ပျူစောထီးသင်တန်းတက်ရောက်တာတွေ  စသဖြင့် ပြည်သူနဲ့ဆန့်ကျင်ဘက်မှာ ရပ်ကာ အကြောက်အလန့်မရှိ မိုက်လုံးကြီးနေတာကြောင့် WTRFအဖွဲ့က သူတို့ ၃ယောက်လုံးကို ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စကစက ချီးမြှင့်ထားသည့် ဂုဏ်ပြုလွှာ
0 Shares:
You May Also Like
Read More

မန္တလေး Golden City အဆောက်အဦး ဖြိုချရှင်းလင်းရေးလုပ်ဆောင်နေစဉ် ပြိုကျခဲ့

မန္တလေးက Golden City အဆောက်အဦး ရှင်းလင်းရေးလုပ်ဆောင်နေချိန် ပြိုကျခဲ့ပေမယ့် ထိခိုက် ဒဏ်ရာရသူတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ မန္တလေးစည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
Read More

ထီးချိုင့်မြို့နယ်အတွင်း ပြည်သူများကို လေကြောင်းအန္တရာယ် အသိပညာပေး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက ကျေးရွာတချို့ရှိ စာသင်ကျောင်းတွေနဲ့ စစ်ရှောင်နေရာတချို့မှာ ဇူလိုင်လအတွင်း လေကြောင်းရန်နဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေနဲ့အတူ လေကြောင်း အန္တရာယ်ကို ကာကွယ်ဖို့ သရုပ်ပြ၊ ဇာတ်တိုက်လေ့ကျင့်မှုတွေကို ကျေးရွာလူ့အခွင့်အရေးတာဝန်ခံတွေက ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတဝန်း ရေဘေးကြောင့် သေဆုံးရသူ ၁၁၀ ကျော်သွားပြီလို့ စစ်ကောင်စီထုတ်ပြန်၊ မြေပြင်မှာ အရေအတွက် ပိုမိုများပြားနိုင်ကြောင်း လူမှုကူညီရေးအသင်းတွေပြော

နိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၁၀ ကျော်သွားပြီဖြစ်ကာ ၆၄ ယောက် ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးက ဒီနေ့ စက်တင်ဘာ ၁၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၁၃ ယောက်ရှိပြီး ပျောက်ဆုံးသူ ၆၄ ယောက်၊ ဒဏ်ရာရရှိသူ ၁၄ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
Read More

လှိုင်းဘွဲမြို့နယ် ကျေးနယ် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းကောက်ခံဖို့ အတင်းအဓမ္မတောင်းဆို

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်က စစ်ကောင်စီရဲ့ ဗျူဟာရုံးမှာ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက် က ၊ ဃ အုပ်ချုပ်ရေးမှူးတွေနဲ့ ထော်ရွှဲ၊ အင်းနို့၊ သိပ္ပံ၊ ကေမာ့လဲ၊ တခြက္ဖိုး၊ နိုးကော၊ ကွမ်မောင်၊မြလေး၊ သာယာကုန်း၊ ဂျို့ချော၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျိုပကို၊ တေခးလို ကျေးနယ်အုပ်ချုပ်ရေးမှူးတွေ ခေါ်ယူပြီး လုံခြုံရေး အစည်းအဝေးနဲ့ မြို့နယ်ထွေအုပ်ရုံးမှာ စစ်မှုထမ်းခြင်း အကြောင်းအရာဆိုင်ရာ အစည်းအဝေးတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင်နေအိမ် (၁) လုံး၊ အိမ်မွေးဝက် (၁)ကောင်နဲ့ အရပ်သား (၆) ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေ ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင်နေအိမ် (၁) လုံး၊ ဝက် (၁)ကောင်နဲ့ အရပ်သား (၆) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မော်ဒယ်အေဂျင်စီပိုင်ရှင် ဂျွန်လွင်ကို စစ်တပ်က ခေါ်ယူစစ်ဆေးနေ…

ရန်ကုန်မြို့ရှိ နာမည်ကျော် မော်ဒယ်အေဂျင်စီပိုင်ရှင် ဂျွန်လွင်ကို နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ အဆိုတော်ချမ်းချမ်း ရောင်းချတဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူတာကြောင့် စစ်တပ်က ခေါ်ယူစစ်ဆေးနေတယ်လို့ စစ်တပ်လော်ဘီတွေက ဖြန့်ဝေရေးသားနေပါတယ်။