မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ဒိုင်းကောင်းကုန်းကျေးရွာ စာသင်ကျောင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၄၀ မမလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ယောက် သေဆုံးသွားတယ်လို့ Voice of Wundwin ထံက သိရပါတယ်။ 

ဒီနေ့ ဒီဇင်ဘာ ၂၃ ရက် မနက် ၅ နာရီဝန်းကျင်အချိန်မှာ ဒီတိုက်ခိုက်မှုကို Wundwin Township Revolution Force အဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီစစ်ကောင်စီစခန်းမှာ စစ်သားအင်အား ၃၀ ခန့်ရှိပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သား ၂ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။ 

“နောက်ဆက်တွဲသတင်းကတော့ ခုမနက် ဒိုင်ကောင်းကုန်းသင်္ချိုင်းထဲမှာ အပြင်လူအဝင်မခံဘဲ စစ်သားတွေ အပြည့်နေရာယူထားပြီး အလောင်း ၂လောင်း မသာချနေကြောင်း သတင်းရရှိပါတယ်။ အဝေးကနေ ကြည့်ရပြီး သေချာမမြင်ရတာကြောင့် ၂ဦးထက်လည်း ပိုနိုင်ပါတယ်” လို့  Voice of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း Wundwin Township Revolution Force အဖွဲ့ဟာ ကျေးရွာနေ ပြည်သူတွေဆီက စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံနေတဲ့ တမာကန်ကျေးရွာအုပ်စု တမာကန်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် မောင်လွင်နဲ့ မိသားစုကို ပစ်ခတ်ရှင်းလင်းခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ခေါပုတ် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားအလောင်း ၁၄ လောင်း ရရှိပြီး စစ်ကောင်စီ ဗိုလ်ကြီး ၃ယောက် အပါအ၀င် စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့

ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်ကြီး ၃ ယောက်အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းဆီးရမိခဲ့ပြီး စစ်သား အလောင်း ၁၄ လောင်းကိုပါ ရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

ရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ကာ မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ဖားကန့်တွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အမှိုက်ပုံကျေးရွာ ဥက္ကဋ္ဌဟောင်းနှင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ယူမာကျေးရွာရှိ အဲဗားဝင်းနားကုမ္ပဏီ‌ ရွှေမျောခြံအတွင်း စခန်းချနေတဲ့ စစ်အုပ်စုဟာ ဇူလိုင်လ ၁၂ ရက် ညနေပိုင်းမှာ ကားနဲ့ လှည့်ပတ်လာစဥ် KIA/KPDF တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီ ဒုကြပ်တပ်အပါအဝင် စစ်သား ၃ ဦး BNRA တပ်ဖွဲ့ထံ လက်နက်နှင့် အလင်းဝင်

စစ်ကိုင်း တပ်မ (၃၃) က ဒုတပ်ကြပ် (၁) ယောက်နဲ့  ပုလဲမြို့ခံတပ်က တပ်သား (၂) ယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (B.N.R.A) တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်ကို စစ်ကောင်စီက သတ်မှတ်ကြေညာ

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ဒဏ်ကြောင့် သေဆုံး ပျက်စီးဆုံးရှုံးရမှုတွေအတွက် ၂၀၂၅ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၆ ရက်နေ့အထိကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် နေ့ရက်များအဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။ 
Read More

ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် ဂိတ်ထွက်စစ်သည့် စစ်သားများ အနီးကပ်ပစ်ခံရပြီး ၁ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းမှာ ဂိတ်ထွက်စစ်တဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး နေရာမှာတင် ၁ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။