မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ပျူစခန်းကို ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒီဇင်ဘာ ၂၃ ရက်က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေခဲ့တယ်လို့ YOUNG WOLF LOCAL PDF အဖွဲ့ထံက သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိပြီး သေဆုံးသွားတဲ့ စစ်သားအလောင်းကို သယ်ဆောင်ကာ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို YOUNG WOLF P.D.Fအဖွဲ့နဲ့ ပူးပေါင်းမဟာမိတ်တွေဖြစ်တဲ့ မန်းခရိုင် တပ်ရင်း၆၊ ဆားတောင်မိုးကြိုး၊ ဆားတောင်မြို့ပြပြောက်ကျား၊ SDအဖွဲ့တွေနဲ့ နယ်မြေခံပူးပေါင်းမဟာမိတ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ပြင်ကန်ကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်း ဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People's Democratic Army ထံက သိရပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား လိုက်လံရှင်းလင်း (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလာတဲ့ စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကျားထိုးတက်ပြီး လိုက်လံရှင်းလင်းနေတဲ့ မှတ်တမ်းရုပ်သံကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းမှာ လူငယ်တွေ ပေါ်တာဆွဲဖို့ ကူညီနေတဲ့ ယာဉ်လိုင်းများ အား ပြည်သူတွေရဲ့ တိုင်ကြားချက်အရ စစ်ဆေးမှုပြုလုပ် (ရုပ်/သံ)

မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းမှာ လူငယ်တွေကို ပေါ်တာဆွဲဖို့ အကြမ်းဖက်စစ်ကောင်စီအလိုကျ ကူညီနေတဲ့ ယာဉ်လိုင်းများအား ပြည်သူတွေရဲ့ တိုင်းကြားချက်အရ ရှောင်တခင်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ TAMAR MYAY Special Column မှ ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေး ဂိတ်ကို မတ်လ ၈ ရက် ယနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ဘားအံမြို့ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်မှာရှိတဲ့ ရတနာမြေ (၂) စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကရင်ပြည်နယ် ထော်မူပလယ်မဲစစ်စခန်းအား ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ် ၅ တပ်မဟာ စစ်ဆင်ရေးနယ်မြေအတွင်းရှိ စစ်ကောင်စီရဲ့ ထောက်မူပလယ်မဲစစ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Rebel Bees-UAV Force က ထုတ်ပြန်ခဲ့ပါတယ်။