မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာ ၅ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် အလုံး၄၀ ထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

ရေလယ်ကျွန်းဒေသမှာရှိတဲ့ မင်းပျူစောထီး ကျေးရွာကို ရိက္ခာလာပို့တဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ်က နွယ်နီးရွာမှာ ညအိပ်ပြီး အနီးအနား ကျေးရွာ ၅ရွာက ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူခဲ့သလို လူနေအိမ်တွေကိုလည်း မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။

“နွယ်နီ၊ ကျွန်းညို၊ ခြံယာ၊ နတ်ပေးကျေးရွာနဲ့ မြောက်ကျေးရွာတွေကို ဝင်စီးနင်းတယ်။ သူတို့စိတ်ကြိုက် လိုအပ်တဲ့ပစ္စည်းတွေ ခိုးယူသွားပြီး မီးပတ်ရှို့သွားတာ အားလုံး ၅ရွာပေါင်းကို အိမ်ခြေ ၄၀ကျော် မီးရှို့ဖျက်ဆီးသွားတာ” လို့ စစ်ဘေးရှောင်တွေကို သွားရောက်ကူညီပေးနေသူတစ်ယောက်က မောင်းကိုပြောပါတယ်။ 

ရိက္ခာပို့တဲ့ အကြမ်းဖက်စစ်သားတွေဟာ နွယ်နီကျေးရွာကို ဒီဇင်လာ ၁၉ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပြီး အခုလို ခိုးယူဖျက်ဆီးမှုတွေ လုပ်ပြီးတဲ့နောက် ပြန်ထွက်သွားတယ်လို့ အထက်ပါ သတင်းရင်းမြစ်က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် ရိက္ခာလာပို့တဲ့ မင်းကျေးရွာကတော့ အိမ်ခြေ ၃၀၀ ကျော်လောက်သာ ရှိပေမယ့် အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ အမာခံ စခန်းအထိုင်ချနေတာ ၂နှစ်ကျော်ရှိပြီလို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ လူနေအိမ်တချို့ (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

မိတ္ထီလာတွင် အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်စာရေး ရုံးအုပ်ကြီးတို့ ရက်ပိုင်းပဲခြားကာ လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ယောက် ပစ်ခတ်ရှင်းလင်းခံရပြီးရက်ပိုင်းအကြာမှာပဲ ထွေအုပ်ရုံးက ရုံးအုပ်ကြီး မြင့်အေး ဆိုသူ ထပ်မံပစ်ခတ်ရှင်းလင်းခံရကာ သေဆုံးသွားကြောင်း သိရပါတယ်။
Read More

မန္တလေးက မြို့နယ် ၇ ခုမှာ ၂ပတ်အတွင်း စစ်မှုထမ်းဥပဒေနဲ့ လူငယ် ၁၂၅ ယောက်ထက်မနည်း ဖမ်းဆီးခံရ

မန္တလေးတိုင်းက မြို့နယ် ၇ ခုမှာ ဒီဇင်ဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ၂ ပတ်တာကာလအတွင်း မြေပြင်သတင်းရင်းမြစ်တွေကို အခြေပြုချက်အရ စစ်မှုထမ်းဥပဒေနဲ့ မတရားဖမ်းဆီးခံထားရသူ လူငယ် ၁၂၅ ယောက်အထိ ရှိတယ်လို့ မန္တလေးသပိတ် အင်အားစုက ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသည့် ရဲစခန်း၊ ထွေအုပ်ရုံး၊ ကင်းစခန်းနှင့် မီးသတ်ရုံးတို့ကို ဒရုန်းတွေနဲ့ တစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲထားတဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ကင်း စခန်းနဲ့ မီးသတ်ရုံးတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ People's Servant Revolution - Wetlet က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မင်္ဂလာဒုံက စစ်ကောင်စီ အိမ်ထောင်သည် ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ ၄ ယောက် ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမဘေး၊ နိုင်ငံရေးမှတ်တိုင်အနီးက စစ်ကောင်စီ အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မနေ့က နိုဝင်ဘာ ၇ရက် ညပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

KK Park ရှိ ကျားဖြန့်အဆောက်အအုံများကို စစ်တပ် ဖျက်ဆီးပြခဲ့ပေမယ့် ရွှေကုက္ကိုလ်နယ်မြေရှိ အဆောက်အအုံများကို ချိတ်ပိတ်ရုံသာ ပိတ်သိမ်း

အကြမ်းဖက်စစ်တပ်က ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲထော်သလေး KK Park အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းနယ်မြေရှိ အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးပစ်နေပေမယ့် ရွှေကုက္ကိုလ်နယ်မြေအတွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံတွေကိုတော့ မဖျက်ဆီးဘဲ ချိတ်ပိတ်သိမ်းဆည်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်အတွင်း အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရ

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။