ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမရှော့ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်း ထိမှန် မီးလောင်ခဲ့ပြီး အရာရှိအဆင့် ၂ ယောက်အပါ စုစုပေါင်း ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က သတင်းထုတ်ပြန်လာပါတယ်။ 

ဒီဇင်ဘာလ ၂၂ ရက်၊ မနေ့က မနက်အစောပိုင်းမှာ တော်လှန်ရေးအဖွဲ့တွေက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဝန်းထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တာပါ။ 

အဲဒီတိုက်ခိုက်မှုကြောင့် အရာရှိအဆင့် ၂ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အရာရှိငယ်နေအိမ် ၂ လုံးပြိုကျပျက်စီးပြီး အရာရှိလိုင်းခန်းမှာ နေထိုင်သူတချို့ ထိခိုက်သေဆုံးနိုင်သလို အိမ်စီးကား ၂ စီး နဲ့ (တပခ) စစ်မှုထမ်းသုံး လန်းဂျန်းကားတစ်စီး၊ စုစုပေါင်း ကား ၃စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ပဲခူးတိုင်းအပါအဝင် ကရင်ပြည်နယ်မြောက်ဘက်ခြမ်း ဒေသတွေနဲ့ ထိစပ်နေရာတွေက တော်လှန်ရေးအင်အားစုတွေကို နှိမ်နှင်းဖို့ကြိုးစားနေတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကို အခုလို တိုက်ခိုက်ခြင်းအားဖြင့် မြန်မာပြည် နေရာအနှံ့အပြားမှာ အစွမ်းကုန် ကြိုးစား တိုက်ခိုက်နေတဲ့ အင်အားစုတွေအတွက် တော်လှန်ရေး အရွေ့ဖြစ်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ BMW အဖွဲ့က ဆိုထားပါတယ်။ 

ဒါ့အပြင် စစ်ရှုံးကောင်စီရဲ့ အကြမ်းဖက် နှိပ်စက်မှု၊ လူငယ်တွေကို အတင်းအဓမ္မပြန်ပေးဆွဲစေခိုင်းမှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်းက အရပ်သားပြည်သူတွေ စိတ်မလုံမခြုံ ခံစားနေကြရသလို စစ်ရှုံးကောင်စီ နဲ့ မိသားစုဝင်တွေလည်း မှီခိုအားကိုးရာ စစ်ဌာနချုပ်အတွင်းမှာကိုပဲ မလုံခြုံတော့တဲ့အကြောင်း လက်တွေ့ခံစားရစေဖို့ တိုက်ခိုက်တာလို့လည်း ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) က Mission 27 အဖြစ်လုပ်ဆောင်ခဲ့တာဖြစ်ပြီး Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့၊ (Anti-Coup People’s Liberation Force – ACPLF) နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။

ဒါ့အပြင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးခဲ့တဲ့ ဗိဿနိုး တောင်တွင်းကြီးအဖွဲ့ကိုလည်း Brave Warriors for Myanmar (BWM)က ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့တွင် စစ်တပ်နှင့်ဆက်နွယ်သူများသာ သွားသည့် GYM ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စစ်သား၊ ရဲတွေနဲ့ သူတို့ရဲ့ ပတ်သက်ဆက်နွယ်နေသူတွေသာ လာကြတဲ့ အားကစားခန်းခ (GYM) ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ယောချောင်းရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဗုံးကြဲလို့ ယောချောင်းတံတားနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံး

ရခိုင်ပြည်နယ် စစ်တွေ-ရန်ကုန် ကားလမ်းဘေးက ယောချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ယောချောင်းတံတားအပါအဝင် လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်ငူနှင့် တောင်ငူ-လိပ်သိုလမ်းပိုင်းအတွင်း လုပ်ဆောင်ခဲ့သည့် ကမ်းနီကြားဒေသအဖွဲ့၏ စစ်ရေးဖော်ဆောင်မှုများတွင် စစ်အုပ်စု ၄ ဦးထက်မနည်း သေဆုံးခဲ့

ပဲခူးနဲ့ကရင်အစပ်ရှိ တောင်ငူ-လိပ်သိုလမ်းပိုင်းနဲ့ စစ် တောင်းမြစ်အရှေ့ကမ်း ပဒဲကျေးရွာမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေထဲ အကြမ်းဖက်စစ်တပ်ဘက်က ၄ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ညောင်ကျိုးစခန်း ကို သိမ်းပိုက်ခဲ့အပြီး ကပစ စက်ရုံတွေကို အနီးကပ်ခြိမ်းခြောက်လာပြီဖြစ်တဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးရိုးမအစပ်ကြားက ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စစ်တပ်စခန်းကို ပြီးခဲတဲ့ မတ်လ ၁၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီတပ်သားတွေ ခိုးယူသွားတဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံအပ်နှံ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ  စစ်ကောင်စီတပ်သားတွေခိုးယူသွားတဲ့ အရပ်သားတွေရဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံ ပြန်လည် အပ်နှံခဲ့တယ်လို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ပဲခူးတိုင်းက ရေဘေးသင့်ပြည်သူတွေအတွက် NUG ဝန်ကြီးဌာနက ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမျိူးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမျိုးသမီး တကိုယ်ရည် သန့်စင်သုံးပစ္စည်းတွေ၊ ကလေးငယ်တွေအတွက် စားစရာ အာဟာရတွေနဲ့ လိုအပ်တာတွေကို ပေးဝေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။