တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကိုယ်စားလှယ်ရုံးက ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလအတွင်း အဖမ်းဆီးခံရသူ ဗီဇာမဲ့ မြန်မာနိုင်ငံသား ၁၄ ယောက်ကို ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ပြီး ယာယီနေထိုင်ခွင့် (ပြည်ထွက်မိန့်) သက်တမ်းတိုးဖို့ ငြင်းဆိုခံရသူ တစ်ယောက်ကိုလည်း ပြေလည်အောင် ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဖမ်းခံရသူတွေထဲမှာ G1-99 ဗီဇာယူထားပြီး စာချုပ်မချုပ်ဘဲ အလုပ်လုပ်တာကြောင့် အဖမ်းခံရသူ တစ်ယောက်နဲ့ ယာယီနေထိုင်ခွင့်(ပြည်ထွက်မိန့်) ယူထားပြီး အလုပ်ခွင်အတွင်း အဖမ်းခံရသူ ၃ ယောက်ကတော့ “ခွင့်ပြုချက်မဲ့အလုပ်လုပ်မှု” နဲ့ ဒဏ်ကြေး ဝမ်သိန်းနှစ်ဆယ်စီ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် NUG ကိုယ်စားလှယ်ရုံးဟာ ကလေးမွေးစာရင်းနဲ့ အိုင်ဒီကတ်လျှောက်ထားခြင်းကိစ္စ၊ နိုင်ငံသားအဖြစ်က စွန့်လွှတ်ခြင်းကိစ္စတွေကိုလည်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယား လဝက ရဲ့ ဖမ်းဆီးခံရရင် ရဲမှုခင်း ပြစ်မှု တစုံတရာ ကင်းရှင်းမှသာ ပြန်လည်လွတ်မြောက်ဖို့ အခွင့်အရေးရှိပြီး ပြစ်မှုတစုံတရာ ရှိခဲ့ရင်တော့ ပြန်လည်လွတ်မြောက်ဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူးလို့လည်း NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်သူတွေအနေနဲ့လည်း တော်လှန်ရေးမှာ ပါဝင်ထားတဲ့ ထောက်ပို့မှတ်တမ်းတွေ၊ လှုပ်ရှားမှုမှတ်တမ်းတွေနဲ့ သက်ဆိုင်ရာ သတင်းမှတ်တမ်းတွေကို ကြိုတင်စုဆောင်း ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့လည်း NUG ကိုယ်စားလှယ်ရုံးက အသိပေးထုတ်ပြန်ထားပါတယ်။

အခုလိုဆောင်ရွက်မှုတွေဟာ တောင်ကိုရီးယားမှာ နေထိုင်ပြီး တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ မြန်မာနိုင်ငံသားတွေကို NUG ကိုယ်စားလှယ်ရုံး အနေနဲ့ တတ်စွမ်းသမျှ အကာအကွယ်ပေးတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်မြစ်ကြောင်းအတွင်း စစ်ကောင်စီရဲ့ စက်လှေ RPG ထိမှန် မီးလောင်ပျက်စီး၊ အယောက် ၂၀ ကျော် သေပြီး ၃၀ ခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ကို စုန်ဆင်းသွားတဲ့ စစ်ကောင်စီရဲ့ စစ်တန်း‌ကေးစက်လှေတစ်စီးကို တိုက်ခိုက်ချေမှုန်းရာ ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားဂိတ် တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူ ၉ ဦး သေ၊ ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါက်တိုင်းတံတားဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ပျူစောထီး ၉ယောက်သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူတွင် စစ်ရှောင်များနေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲ၊ ၁ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးတိုက်နယ်အတွင်း စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာ နမခကိုလာတဲ့ စစ်တပ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၅ ယောက် အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အနောက်​မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို လာတဲ့ စစ်တပ်ယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၂ ယောက် သေကာ ၅ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့ က ထုတ်ပြန်ထားပါတယ်။
Read More

ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းမှာ စစ်ဆင်ရေးဖော်ဆောင်မှု ၆ ကြိမ် ပြုလုပ်ခဲ့

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်တိုင်းမှာ ဇန်နဝါရီလအတွင်း စစ်ဆင်ရေးဖော်ဆောင်မှု ၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network - RSN က ထုတ်ပြန်ဖော်ပြထားပါတယ်။