မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၅ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်၊ နေ့လည် ၁နာရီ ၃၀ ဝန်းကျင်အချိန်မှာ အင်အား ၁၅ ယောက် ဝန်းကျင်နဲ့ တပ်စွဲနေတဲ့ အဆိုပါ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးရဲဘော်တွေက ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

“၃ဦး သေဆုံးတာက မျက်မြင်ဒေသခံတွေရဲ့ ပြောပြချက်အရ တဆင့် ပြန်သိရပါတယ်။ တိုက်ခိုက်မှုပြီးတော့ ၁ နာရီကျော်လောက် လမ်းပိတ်သွားတယ်လို့ သိရပါတယ်။” လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ မော်ကွန်းက မောင်းကို ပြောပါတယ်။ 

ဒါ့အပြင် အရာရှိ ၁ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၅ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားပြီး ထိခိုက်သွားတဲ့ အရာရှိဟာ သေဆုံးနိုင်ခြေများတယ်လို့ သူကဆိုပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေး အင်အားစု၊ KNU/KNLA နဲ့ PDF (၇၈၀၅) တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒရုန်းမစရှင် ဖော်ဆောင်နေသည့် တော်လှန်ရေးရဲဘော်များ (ဓာတ်ပုံ KRF ၏ ရုပ်သံမှတ်တမ်းမှ)

0 Shares:
You May Also Like
Read More

“သက်ရှိစည်းရိုး” ဟု ဝါဒဖြန့်ရုပ်ရှင်ရိုက်ခဲ့သည့် စစ်ကောင်စီ၏ ဥကရစ်ထစခန်း တိုက်ခိုက်သိမ်းပိုက်မှု KNU တရားဝင်ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီ “သက်ရှိစည်းရိုး” ဝါဒဖြန့်ရုပ်ရှင်ရိုက်ခဲ့ရာ မြဝတီမြို့အနီးရှိ ဥကရစ်ထစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံမြို့ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းနဲ့ မင်းလှမှာ စစ်တပ်သတင်းပေးလုပ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းနဲ့ မင်းလှမြို့နယ်တို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အပတ်စဥ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ်(၁)စစ်ဒေသ ၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)က အပတ်စဥ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို နိုဝင်ဘာလ (၂၅)ရက်မှာ ပြုလုပ်ခဲ့ ကျင်းပခဲ့ပါသည်။
Read More

ပျူစောထီးအခြေစိုက် ကင်းမွန်တောရွာကို လေးဘက်လေးလံမှ အဝေးပစ်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ ပျူစောထီးအခြေစိုက်ရွာကို အဝေးပစ်လက်နက်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိကြောင်း Monywa Inventor တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က မောင်းကို ပြောပါတယ်။
Read More

လောင်းလုံးနဲ့ ထားဝယ်မှာ စစ်ကောင်စီစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့နယ်တို့က စစ်ကောင်စီစခန်းတွေနဲ့ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။