ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ကန်ကလေးကျေးရွာအနီး အခြေချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲထံက သိရပါတယ်။

တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်သေပြီး ၅ ယောက်အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF အမှတ်(၃၅၀၂) တပ်ရင်း ( Delta one Drone Force)၊ စစ်တောင်းစစ်ကြောင်း၊ အုတ်တွင်း(ပကဖ) ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၆ ရက်ကလည်း အုတ်တွင်းမြို့မရဲစခန်းနဲ့ ထွေ/အုပ်ရုံးက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို အမှတ်(၃၅၀၂) တပ်ရင်း ( Delta one Drone Force)၊ အုတ်တွင်း(ပကဖ) ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်သားတွေနဲ့ ပျူတွေ ဘောလုံးကန်နေချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ကအကြမ်းဖက် စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း Young Wolf LPDF က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘို-ရေဦးလမ်း ကျွန်းခြံနှင့် ဥသျှစ်ကန်သုဿန်မှာ စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ရေဦးလမ်း ကျွန်းခြံအတွင်းနဲ့ ဥသျှစ်ကန်သုဿန်သို့ ရောက်ရှိ လာတဲ့ ပန်းရံပျူ၊ ခွန်းတောင်ကြီးပျူ၊ ဇီးကုန်းလေးပျူ၊ ဇီးကုန်ကြီးပျူနဲ့ အကြမ်းဖက်စစ်သား ပူးပေါင်းအင်အားကို မတ်လ ၂၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မိုးကုတ်မြို့ ချမ်းသာကြီးဘုရားနှင့် လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီး စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ချမ်းသာကြီးဘုရားနဲ့ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက် စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျွန်းစုမြို့နယ်အတွင်း 116 စစ်သင်္ဘောနဲ့ ပျူစောထီးတွေတင်ဆောင်ထားတဲ့ သင်္ဘောကို တိုက်ခိုက်မှု ၂ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း 116 စစ်သင်္ဘောနဲ့ ပျူစောထီးတွေတင်ဆောင်ထားတဲ့ သင်္ဘောကို တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်အားပြင်းငလျင်ကြောင့် သမိုင်းဝင်ရွှေစာရံဘုရားထီးတော် မြေခ (ရုပ်/သံ)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲက ပုဂံခေတ် မိဖုရားစောမွန်လှ တည်းထားခဲ့တဲ့ သမိုင်းဝင်ရွှေစာရံဘုရားဟာ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဘုရားထီး‌တော်မြေခခဲ့ရတယ်လို့ သိရပါတယ်။
Read More

ထုတ်လုပ်ထားတဲ့ AR-15 သေနတ်များ ကရင်နီရှေ့တန်းစစ်မျက်နှာပြင်မှာ အသုံးပြုနေပြီဖြစ်ကြောင်း Hornet PDF ထုတ်ပြန် (ရုပ်/သံ)

Hornet PDF မှာ ထုတ်လုပ်ထားတဲ့ AR-15 သေနတ်များ ကရင်နီရှေ့တန်းစစ်မျက်နှာပြင်မှာ အသုံးပြုနေပြီဖြစ်တယ်လို့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံဖိုင်နဲ့ တကွ ထုတ်ပြန်လိုက်ပါတယ်။