TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် ပြည်သူတစ်ယောက် ခြေထောက်တစ်ဖက် ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ 

တအာင်းပြည်၊ တပ်မဟာ(၂) နယ်မြေ၊ သီပေါမြို့၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ(၂၃) တပ်စခန်းအနီးမှာ ဒီဇင်ဘာလ ၁၈ရက် ညနေ ၅နာရီက သံတို သံစ သွားကောက်နေတဲ့ အသက် (၃၁)နှစ်အရွယ် အမျိုးသားတစ်ယောက်  မြေမြှုပ်မိုင်းကြောင့် ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါတယ်။ 

မြေမြှုပ်မိုင်း နင်းမိခဲ့တာကြောင့် ခြေထောက် တစ်ဖက်ပြတ်ထွက် ဒဏ်ရာရရှိခဲ့တဲ့အပြင် လည်ပင်၊ လက်နဲ့ ခြေထောက်တွေမှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတချို့ရှိနေလို့ ဒေသခံတချို့ဟာ ထိခိုက်ဒဏ်ရာရမှုတွေ မကြာခဏ ကြုံတွေ့နေရပါတယ်။ 

စစ်ကောင်စီတပ်စခန်းတွေအနီးမှာ မြေမြှုပ်မိုင်းတွေ မြှုပ်နှံထားရှိခဲ့တာကြောင့်  ပြည်သူတွေအနေနဲ့ သွားလာခြင်းမပြုဖို့ TNLA အသိပေးတားမြစ်မှုတွေလည်း ပြုလုပ်ထားပါတယ်။

0 Shares:
You May Also Like
Read More

တပ်မ ၉၉ ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA နှင့် ပူးပေါင်းတပ်များ ဖမ်းဆီးရမိ၊ ဂုတ်စီးရိုးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ နီးပါး သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီးတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်၊ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်ကို ရက္ခိုင့်တပ်တော်(AA) နဲ့ ပူးပေါင်းတပ်တွေ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရေဖြူတွင် စစ်ကောင်စီတပ် ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် (၃) ဦးနှင့် ပြည်သူ (၁) ဦးသေဆုံး၊ (၁) ဦး ပြင်းထန်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ မြိတ်-ထားဝယ်ခရိုင်အတွင်း ရေဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် (၃) ယောက်နဲ့ ပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

Chinland Defense Force, Kalay-Kabaw-Gangaw (CDF – KKG) ရဲ့ ခရစ်စမတ်ပွဲတော် (ဓာတ်ပုံသတင်း)

Chinland Defense Force, Kalay-Kabaw-Gangaw (CDF - KKG) အနေနဲ့ ခရစ်စမတ်ပွဲကို ဩစတြေးလျက အလှူရှင် ( ၂ ) ယောက် ပါဝင် လှူဒါန်း ပြုလုပ်ပေးခဲ့မှုနဲ့အတူ တပ်ဖွဲ့အတွင်း မနေ့က ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ CDF-KKG က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စာသင်ကျောင်းမှာ ‘ကျောင်းဆရာဆရာမများ စာသင်ရပ်ရန်’ ဆိုပြီး စာကပ်သွားလို့ အုပ်ကြီးက စစ်တပ်ကိုလှမ်းတိုင်၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဒေသခံတွေ ထွက်ပြေးရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မင်းပြားကျေးရွာစာသင်ကျောင်းမှာ ကျောင်းဆရာဆရာမများ စာသင်ရပ်ရန် ဆိုတဲ့ စာလာကပ်ထားလို့ဆိုပြီး အုပ်ချုပ်ရေးမှူးက ဓာတ်ပုံရိုက်ကာ အကြမ်းဖက်စစ်တပ်ကို အကြောင်းကြားခဲ့လို့ စစ်တပ်က ကား ၂စီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
Read More

ဆားလင်းကြီးမြို့မရဲစခန်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူလာပြီး မိသားစုနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းက နယ်ထိန်း ဒုတပ်ကြပ် ရဲတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်မှာ ကျန်နေသေးတဲ့ မြို့ကြီးတွေ မကျစေဖို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ မြေပြင်အထိ စည်းရုံးရေးဆင်းနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။