ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရေလှကျေးရွာက ပျူစောထီးခေါင်းဆောင်ဆိုသူ ဌေးလွင်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်  ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီပျူခေါင်းဆောင် ဌေးလွင်ရဲ့ နေအိမ်ကို ဒီဇင်ဘာ ၁၈ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး နေအိမ်ကို ဝင်ရောက်ချိန်မှာ ပျူခေါင်းဆောင်ဌေးလွင်က အိမ်မှာ မရှိနေတဲ့အတွက် လွတ်မြောက်သွားခဲ့တယ်လို့ DSNDA က ဆိုပါတယ်။

အဆိုပါ ပျူခေါင်းဆောင်ဟာ ပြည်သူတွေကို သေနတ်နဲ့ ချိန်ပြီး ခြိမ်းခြောက်တာတွေ၊ မကျေနပ်တဲ့သူ တွေ့ရင် လက်နက်အားကိုးပြီး ထိုးကြိတ် အနိုင်ကျင့်တာတွေနဲ့ သေနတ်ထောင်ဖောက်ပြီး ခြောက်လှန့်တာတွေ အမြဲပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

ပျူခေါင်းဆောင် ဌေးလွင်ဟာ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့အချိန်‌မှာ လမ်းပြအဖြစ် အမြဲပါသလို ပြည်သူအိမ်တွေကို မွှေနှောက်ပစ္စည်းခိုးယူတာတွေမှာလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့နဲ့ အပစ်ရပ်လက်နက်ကိုင်တချို့ ဖက်ဒရယ်စနစ်ဆွေးနွေးပွဲအတွက် အိန္ဒိယနိုင်ငံကို ရောက်ရှိနေဟု ဆို

စစ်ကာင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့နဲ့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့တချို့ဟာ အိန္ဒိယနိုင်ငံကို လေ့လာရေးခရီးစဉ် တစ်ခု သွားရောက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြပါတယ်။
Read More

စစ်ကောင်စီ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ပံ့ပိုးကူညီမည်ဟု တရုတ် ထပ်လောင်းအတည်ပြု

တရုတ်က မင်းအောင်လှိုင် ဟန်ပြကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို  ပူးပေါင်းကူညီသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ တွေ့ဆုံမှုမှာ ထပ်လောင်းအတည်ပြု ကတိပေးလိုက်ပါတယ်။
Read More

နတ်တလင်းမြို့နယ်ရှိ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း NUG တရားဝင်ထုတ်ပြန်…

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်မျိုးစုံ ၆ လက် သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက် လက်နက်နဲ့တကွ မြိုင် ပကဖ ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ မြိုင်-ပကဖ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်၊ ထောက်ကြံ့ရဲစခန်းကို ပြောက်ကျားအဖွဲ့ဝင်တွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ထောက်ကြံ့နယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိခဲ့ကြောင်း Operation Flame အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

စေတုတ္တရာမြို့နယ်တွင် လူ့အခွင့်အရေးနဲ့ လေကြောင်း အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ လူ့အခွင့်အရေးအသိပညာပေးနဲ့ လေကြောင်း အန္တရာယ်ကာကွယ်ရေးအကြောင်းအရာ ဟောပြောပွဲတစ်ခုကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။