ရန်ကုန်မြို့မှာ ဒီနေ့ နေ့လယ်ပိုင်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)အရာရှိ ဗိုလ်မှူးတစ်ယောက်ကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အဆိုပါအဖွဲ့က ဆိုပါတယ်။

ဒီဇင်ဘာ ၂၂ ရက် ဒီကနေ့ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ Apollo Hotel အနီးမှာ စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်းဆိုသူကို မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တယ်လို့ Yangon Phoenix အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်းကို Yangon Phoenix နဲ့ Together Urban Force တို့က ပူးပေါင်းပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုထားပါတယ်။

ထုတ်ပြန်ချက်

Yangon Phoenix အဖွဲ့က  “စရဖ ဗိုလ်မှူး ဇေယျာမင်းကို ကျွန်ုပ်တို့ နှင့် Together Urban Force တို့မှ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်း ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ပြည်သူများကို အသိပေးထုတ်ပြန်အပ်ပါသည်” လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် “ရန်ကုန်မှာဆို မင်းဘာသာ ဘာကောင်ဖြစ်ဖြစ် မလုံခြုံဘူး ၊ ငါတို့ဘက်မှာ ပြည်သူရှိတယ် ၊ မတရားမှုကိုပြုသူမှန်သမျှ ပြန်ပေးဆပ်ရမယ်၊ မင်းတို့ နိဂုံးက မကြာတော့ပါဘူး” လို့လည်း ဆိုထားပါတယ်။

ပစ်ခတ်ခံရသူ ဗိုလ်မှူးဆိုသူကို သေနတ်ဒဏ်ရာတွေနဲ့ ဆေးရုံကိုပို့ခဲ့ပြီး သေဆုံးမှု ရှိ မရှိကိုတော့ အတတ်မပြောနိုင်ဘူးလို့ အမည်မဖော်လိုသူ လူမှုကူညီရေးပရဟိတအဖွဲ့ ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်း ပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို မောင်း အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ အဆိုပါပစ်ခတ်မှုဖြစ်ပွားခဲ့အပြီးမှာတော့ မရမ်းကုန်းမြို့နယ်အပါအဝင် ရန်ကုန်မြို့ နေရာအများအပြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတချို့က ပြောပါတယ်။

0 Shares:
You May Also Like
Read More

သထုံခရိုင်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၃ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တွေမှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ ဇဂျမ်းတိုက်နယ်ရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်အုပ်စုတွေ ထိခိုက်ခဲ့သလို စခန်းမှူးလည်း ပျောက်ဆုံးနေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဇဂျမ်းတိုက်နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်အုပ်စုတွေ ထိခိုက်သေဆုံးမှုရှိခဲ့သလို စခန်းမှူးဖြစ်သူလည်း ပျောက်ဆုံးနေကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သိန်းခွန်းကျေးရွာအနီး တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား (၁၀) ယောက်ထက်မနည်း သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

"အရှင်ဖမ်းမိတဲ့ရန်သူ မရှိဘူး ၊ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု နည်းနည်းရှိတယ်၊ အသေးစိတ်တော့ ပြောလို့မရဘူး၊ အခုတိုက်နေတဲ့အတောအတွင်း ရန်သူရဲ့ ထိခိုက်သေ‌ဆုံးတဲ့ဦးရေကိုတော့ အတိအကျမသိဘူး၊ သေဆုံးမှုများတယ်" လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှုး ဗဒိုစောအယ်နားက မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်းမှာ ပညာရေးဘွဲ့ (အဝေးသင်) တက်တဲ့ စစ်အုပ်စုလက်အောက်နေ ပညာရေးဝန်ထမ်း အရေအတွက် အရင်နှစ်တွေထက် ၃ ဆကျော် ပိုများလာ

အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ(အဝေးသင်)သင်တန်း တက်ရောက်ကြတဲ့ Non CDM ဆရာ၊ ဆရာမ အရေအတွက်ဟာ အခုနှစ်ထဲ အများဆုံးဖြစ်တယ်လို့ CDM ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့သည့် ABSDF ၏ အောင်ပွဲခံ ပုံရိပ်များ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင်တွေရဲ့ အောင်ပွဲခံ ပုံရိပ်တွေကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးဇင်း(၁) ပါး ပျံလွန်၊ ထိခိုက်မှုတွေလည်းရှိကာ အပြစ်မဲ့ ပြည်သူ (၃) ယောက် ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးဇင်း(၁) ပါး ပျံလွန်ကာ (၁) ပါးနဲ့ ပြည်သူ (၁) ယောက် ထိခိုက်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ (၃) ယောက် ဖမ်းဆီးခံထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU(ဗဟို) က ထုတ်ပြန်ထားပါတယ်။