ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ တပခ ဝန်းထဲ ထိရောက်ပေါက်ကွဲခဲ့တယ်လို့  Brave Warriors For Myanmar (BWM) က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာ တော်လှန်ရေးအဖွဲ့တွေက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဝန်းထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅ လုံး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအပါအဝင် ကရင်ပြည်နယ်မြောက်ဘက်ခြမ်း ဒေသတွေနဲ့ ထိစပ်နေရာတွေက တော်လှန်ရေးအင်အားစုတွေကို နှိမ်နှင်းဖို့ကြိုးစားနေတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကို သတိပေးတိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုလည်း စုံစမ်းအတည်ပြုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ် အုန်းတောပျူကင်းစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း၊ ပျူစောထီး ၂ ဦး သေပြီး ၆ ဦး ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် အုန်းတောပျူရွာကင်းစခန်းကို ဝင်ရောက်စီး နင်းခဲ့ရာ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၆ ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။
Read More

ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်တပ်ရဟတ်ယာဉ် ၃ စီးကို KIA ပစ်ချ၊ ၁ စီးပျက်ကျပြီး ၁ စီး အရေးပေါ် ဆင်းသက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ် ၃ စီးကို ဒီနေ့ မေလ ၂၀ ရက် နေ့လယ်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ချခဲ့ရာ ၁ စီး ပျက်ကျသွားပြီး ၁ စီး အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ တောင်ညိုစစ်ကြောင်း ထုတ်ပြန်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို တောင်ညိုတပ်ရင်း - P29906 က ထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းအောင်လှိုင်က နိုင်ငံ့ဝန်ထမ်းဖြစ်တာကြောင့် သမ္မတလုပ်ချင်ပါတယ် ပြောလို့မရဟု ပြုံးဖြီးဖြီးဖြင့်ပြောကြား၊ သမ္မတ မလုပ်ချင်ဘူးဟုလည်း မငြင်း

အရပ်သားအစိုးရဆီက အာဏာလုယူထားပြီး အတုအယောင် ရွေးကောက်ပွဲအပါအဝင် လက်ရှိ တိုင်းပြည်ရဲ့ ကိစ္စရပ်တိုင်းကို စိတ်တိုင်းကျ ခြယ်လှယ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အနေနဲ့ နိုင်ငံဝန်ထမ်းဖြစ်တာကြောင့် သမ္မတ လုပ်ချင်ပါတယ်လို့ ပြောလို့မရကြောင်း ပြောဆိုပါတယ်။
Read More

ရက်ရှည် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့တွေ ပြောက်ကျားတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းမှာ ဇန်နဝါရီ ၅ ရက်ကနေ ၁၉ ရက်အထိ ရက်ရှည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက မြေပြင်၊ ဝေဟင် စစ် ကြောင်းနဲ့ ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် - ၁ တပ်ရင်းထံက သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း ဆိုင်ကယ်နှင့် ကင်းပတ်သည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ဆိုင်ကယ်နဲ့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Air Force One အဖွဲ့ထံက သိရပါတယ်။