မကွေးတိုင်း၊ မြိုင်က သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်မှုမှာ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန် မှစ၍ နှစ်ဖက်အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေတဲ့ ရုပ်သံနဲ့အတူ စစ်ကောင်စီဘက်က ရာနဲ့ချီတဲ့ စစ်ကူတွေ ပို့လွှတ်ခဲ့တဲ့ကြားထဲကနေ စခန်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ လက်ရသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြိုင်မြို့မှ စစ်ကူပေးဖို့လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒီဇင်ဘာလ ၁၉ ရက် နံနက် ၇ နာရီခန့်တွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီခန့်တွင် တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အဆိုပါတိုက်ပွဲတွေမှာ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၁၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူလိုက်တဲ့ ဖီမော်မြို့ ကန်ဖန့်ရွာ ဒေသခံပြည်သူတွေက ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် ကန်ဖန့်ရွာကို အောက်တိုဘာ ၄ ရက် ညနေပိုင်းက KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်လာစဉ် ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မျှဝေထားပါတယ်။
Read More

မြင်းခြံနဲ့ ငါးမိုင်အကွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေရဲ့ ၇ ရက်တာ ထိတွေ့တိုက်ပွဲ (ရုပ်/သံ)

မြင်းခြံမြို့နဲ့ ငါးမိုင်အကွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ ၇ ရက်တာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှတ်တမ်းကို Myingyan Black Tiger (MBT) က အသိပေး ထုတ်ပြန်ပါတယ်။
Read More

စစ်ဘေးရှောင်ပြည်သူတွေကို ကူညီနိုင်ဖို့ အကယ်ဒမီပိုင်ဖြိုးသုရဲ့ ‘အကယ်ဒမီရုပ်ကမ်ပိန်း’ပြုလုပ် (ရုပ်/သံ)

မဲပေါက်တဲ့ သူတွေကို ပေးအပ်မယ့် အကယ်ဒမီရုပ်ဟာ ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ သရဲမ၊ ဘီလူးမနှင့် မိန်းမပျိုဇာတ်ကားမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုနဲ့ သရုပ်​ဆောင် ပိုင်ဖြိုးသုရရှိခဲ့တဲ့ အကယ်ဒမီရုပ်ဖြစ်ပါတယ်။
Read More

PDF Zoland ရဲ့ အတန်းမြှင့်သင်တန်း အောင်မြင်စွာပြီးဆုံး (ရုပ်/သံ)

ချင်းပြည်နယ်အခြေစိုက် PDF Zoland က ရဲဘော်တွေရဲ့ အတန်းမြှင့်သင်တန်း အပတ်စဉ် (၁) အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ကြောင်း PDF Zoland က ထုတ်ပြန်ပါတယ်။
Read More

တောကျီးကန်းတပ်ရင်း ရဲဘော်များ၏ နေထိုင်လှုပ်ရှားမှုပုံရိပ်များ ထုတ်ပြန် (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်မှာရှိတဲ့ တောကျီးကန်းတပ်ရင်း ရဲဘော်တွေရဲ့ နေထိုင်လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြစ်ကြီးနားတွင် ဆိုလာပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုလာပလပ်ခုံအပူလွန်ကဲရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့  သိရပါတယ်။