မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ခလရ (၂၇၄) တပ်ရင်းကနေ လက်နက်ချ အညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံကို ချင်းစစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။

ရုပ်သံမှတ်တမ်းအတွင်း အလံဖြူထောင်ကာ စီတန်းလမ်းလျှောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တချို့ကို တွေ့ရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ခေါ်ယူနေမှုတွေကိုလည်း ဖော်ပြထားပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းဖြစ်တဲ့ ခလရ ၂၇၄ တပ်ရင်းကို မနေ့က ဒီဇင်ဘာ ၂၁ ရက်မှာ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မင်းတပ် တစ်မြို့နယ်လုံး စစ်တပ်ကင်းစင်သွားပြီ ဖြစ်ပါတယ်။

ရုပ်သံ- ယောအလင်းတန်း

0 Shares:
You May Also Like
Read More

ပွင့်ဖြူမြို့နယ်အတွင်း တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို လာရောက်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်း စစ်သားအလောင်းလာကောက်တဲ့ အကြမ်းဖက်စစ်တပ်စစ် ကြောင်း မိုင်းဆွဲခံရပြီး ၅ ယောက်သေကာ သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းထံက သိရပါတယ်။
Read More

ရေဖြူတံတားထိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄‌ ယောက် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်မှာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၁ ညနေပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ Dawei National Libration Army ထံက သိရပါတယ်။
Read More

မြောင်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားများ အထိုင်ချရာ နေရာများကို Fixed wings ဒရုန်း ၉ စီးဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထားတဲ့ နေရာတွေကို Fixed wings ဒရုန်း ၉ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

စစ်တပ်က စခန်းလက်လွှတ်ရလို့ စာသင်ကျောင်းများကို ဗုံးကြဲဖျက်ဆီးနေကြောင်း Nay Pyi Taw PDF ထုတ်ပြန် (ရုပ်/သံ)

တော်လှန်ရေးစိုးမိုးနယ်မြေထဲရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အရပ်ဘက်နေအိမ်တွေကို စစ်ကော်မရှင်တပ်က ဗုံးကြဲဖျက်ဆီးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ် စက်မှု ၂ မှ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပျောက်ကြားတိုက်ခိုက်မှု ၄ ယောက်သေပြီး ၃ ယောက်ဖမ်းဆီးရမိ (ရုပ်/သံ)

ကွေးတိုင်း မြိုင်မြို့နယ် စက်မှု ၂ မှ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၁၉ ရက်က တော်လှန်ရေးရဲဘော်တွေ ပျောက်ကြားတိုက်ခိုက်ခဲ့ရာ ၄ ယောက်သေ ပြီး ၃ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ -မြိုင်ထံက သိရပါတယ်။
Read More

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တရုတ်ကြီး စျာပန (ရုပ်/သံ)

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရတဲ့ ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်းက ရဲဘော်တရုတ်ကြီးရဲ့ နာရေးစျာပနကို အောက်တိုဘာ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။