ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာရက္ခတပ်တော် AA က  အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်း အောင်ပွဲအတွက်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတက  ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်ရပ်ကို ပေးပို့လိုက်ပါတယ်။ 

အာရက္ခတပ်တော် ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ရဲဘော်ရဲဘက်များ၏ ရဲစွမ်းသတ္တိ အပြည့်ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှုများကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက် နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ 

အခုအောင်ပွဲဟာ  အရက္ခပြည်သူများ၏ အောင်ပွဲဖြစ်သည်သာကမ စစ်အာဏာရှင် စစ်ကောင်စီဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တော်လှန်တိုက်ပွဲဝင် နေကြတဲ့  မြန်မာပြည်သူတရပ်လုံးနှင့် နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုများအားလုံး၏ အောင်ပွဲဖြစ်တယ်လို့လည်းဆိုပါတယ်။

AA ၏ စစ်သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသော AA စစ်ဦးစီးချုပ် (ဓာတ်ပုံ AA Info Desk)

ဒါ့အပြင် တိုင်းစစ်ဌာချုပ် အဆင့်ကို သိမ်းပိုက်နိုင်မှုကြောင့်  တော်လှန်ရေးစိတ်ဓါတ်ခွန်အားကို အမြင့်မားဆုံးရောက်ရှိစေသည့် အောင်ပွဲလို့လည်း ယာယီသမ္မတကပြောပါတယ်။

အောင်ပွဲအတွက်  အာရက္ခတပ်တော်ခေါင်းဆောင်များ၏ ဦးဆောင်မှု၊ ရဲဘော်ရဲဘက်များ၏ အသက်နဲ့ကိုယ်လက်ခန္ဓာ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှု၊ အာရက္ခ ပြည်သူများ၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှု၊ စည်းလုံးညီညွတ်မှုများကို မှတ်တမ်းတင် ဂုဏ်ပြု၍ အလေးအမြတ်ပြုတယ်လို့လည်း ဖော်ပြထားပါတယ်။ 

၂၀၂၄ ခုနှစ် (၁) နှစ်တာအတွင်း မြန်မာစစ်တပ်၏ တိုင်းစစ်ဌာနချုပ်ကြီး (၂) ခုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခြေမှုန်းနိုင်လိုက်သည့် ဖြစ်ရပ်သည် သမိုင်းဝင်အောင်ပွဲဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

မြန်မာတပြည်လုံး နဲ့ ပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် စစ်အာဏာရှင် စနစ်အပါအဝင် စစ်အုပ်စု အဆုံးသတ် ပြုတ်ကျရေး အတူတကွ လက်တွဲတိုက်ပွဲဝင် သွားမယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်းမြို့နယ်ရှိ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း NUG တရားဝင်ထုတ်ပြန်…

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်မျိုးစုံ ၆ လက် သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ဆောမြို့ပေါ် ၁၃ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့် သတ်ကာ အလောင်းဖျောက်ခဲ့သူကို နယ်မြေခံတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထား၊ သေဒဏ်ပေးရန် ပြည်သူများ ဆန္ဒပြနေ

မကွေးတိုင်း၊ ဆောမြို့ပေါ်မှာ အသက် ၁၃နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့တဲ့ တရားခံကို နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုထဲ လိုက်ပါဆောင်ရွက်သူကို PDF Zoland ဖမ်းဆီးထိန်းသိမ်း…

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ခံမှုမှာ တက်ကြွစွာ ပါဝင်တဲ့ Kam Lian Thang ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ PDF-Zoland က ထုတ်ပြန်ထားပါတယ်။ PDF Zoland နဲ့ Chin…
Read More

ပေါင်းတလည် အထက်တန်းကျောင်းရှေ့ အကြမ်းဖက်ဂိတ်စခန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့ရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ အထက်တန်းကျောင်းရှေ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၂ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း PPDF က သတင်းထုတ်ပြန်ပါတယ်။
Read More

မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန် မြို့နယ်ထဲက စစ်ကောင်စီတပ် စခန်းချရာနေရာ ၁၂ ခုကို တပြိုင်တည်း တိုက်ခိုက်၊ စစ်ကောင်စီ တပ်သား ၅၀ ကျော်သေဆုံး …

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်ထဲက စစ်ကောင်စီတပ် စခန်းချရာ နေရာ ၁၂ ခုကို တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅၀ ကျော်သေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ 9/A Nyar Myae Operation အဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ခလရ (၂၅၂) တပ်ရင်းနှင့် ထောက်ပို့တပ်ဝန်းအတွင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက တပ်မ (၁၀၁)လက်အောက်ခံ၊ ခလရ (၂၅၂)တပ်ရင်းနဲ့ ထောက်ပို့တပ်ရှိရာနေရာတွေကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တပ်တွင်းထိခိုက်ပေါက်ကွဲမှုတွေ ရှိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပကဖ၊ လက်နက်ကြီးတပ်ဖွဲ့-COBRA ONE တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်၊ မနေ့မနက်ပိုင်းက ခလရ (၂၅၂)တပ်ရင်းနဲ့ ထောက်ပို့တပ်ဝန်းအတွင်းကို စက်တပ်လေထီးတွေ ပြန်လည်ဆင်းသက်ဖို့လုပ်ဆောင်နေချိန်မှာ COBRA ONE တပဖွဲ့ဝင်တွေက အဝေးပစ် ရှော့တိုက်ဒုံး၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရတာပါ။