စစ်ကောင်စီက အများပြည်သူရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ၊တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်ရဲ့ ကြားက ရက်တွေကိုပါ ဆက်တိုက်ပိတ်ပေးမယ်ဆိုပြီး Non-CDM ဝန်ထမ်းတွေကို ပြန်လည်စည်းရုံးနေမှုတွေကို ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

စစ်ရေးအရ နိုင်ငံတဝန်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ Non-CDM ဝန်ထမ်းတွေကို စိတ်ဓာတ်မကျစေဖို့ အစိုးရရုံးပိတ်ရက်တွေမှာ စနေ၊ တနင်္ဂနွေနဲ့အတူ ကြားထဲက ရက်တွေကိုပါ ရုံးပိတ်ပေးမယ်လို့ ဖော်ပြခဲ့တာပါ။ 

ဥပမာအားဖြင့် လာမယ့် ဒီဇင်ဘာလ (၂၈၊ ၂၉) စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်နဲ့အတူ တနင်္လာနေ့ ၃၀ ရက်ဟာ ကရင်နှစ်သစ်ကူးနေ့ ဖြစ်တာကြောင့် ၃ ရက်ဆက်တိုက် အားလပ်ရက်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အင်္ဂါနေ့ကို ရုံးပြန်တက်ရမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ဇန်နဝါရီ ၁ရက်ဟာ  နိုင်ငံတကာနှစ်သစ်ကူး ရုံးပိတ်ရက် ဖြစ်နေပါတယ်။ ဒါကြောင့် ရုံးပြန်တက်ရမယ့် အင်္ဂါနေ့ကိုပါ တဆက်တည်း ပိတ်ပေးမှာဖြစ်လို့ ဆက်တိုက်ပိတ်ရက် ၅ ရက် အဖြစ် ပြင်ဆင်ပေးလိုက်တာပါ။

စကစ၏ ကြေးမုံသတင်းစားမှာပါရှိတဲ့ ထုတ်ပြန်ချက်

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အတွင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (စနေနေ့)၊ ၂၉ ရက် (တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့) နဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ (ပိတ်ရက်) တို့ ကြားရှိ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ကို ရုံးပိတ်ရက် သတ်မှတ်ပေးလို့ ပိတ်ရက် ၅ ရက် ဖြစ်မယ်လို့ ဆိုပါတယ်။

ထုတ်ပြန်မှုတွေအရ ၂၀၂၄ ဒီဇင်ဘာလ နှောင်းပိုင်းနဲ့ ၂၀၂၅ ခုနှစ် ပြက္ခဒိန်အတွင်း အစိုးရရုံးပိတ်ရက်တွေ၊ အများပြည်သူရုံးပိတ်ရက်တွေကို တဆက်တည်း ပိတ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီရုံးပိတ်ရက်တွေအတွက် တချို့သော စနေနေ့တွေကို အစားထိုးရုံးတက်ရက်အဖြစ် သတ်မှတ်တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ 

စစ်ကောင်စီက အခုလို လုပ်ဆောင်ရခြင်းဟာ အများပြည်သူနဲ့ နိုင်ငံ့ဝန်ထမ်းတွေ ခရီးသွားလာမှုလွယ်ကူစေဖို့နဲ့ ရက်ရှည်အနားယူအပန်းဖြေနိုင်စေဖို့ ပိတ်ရက်တွေကို တဆက်တည်း သတ်မှတ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလိုမျိုး သတ်မှတ်မှုမျိုးကို ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က လုပ်ဆောင်ပေးခဲ့ဖူးပြီး စနေနေ့ကိုတော့ အစားထိုးရုံးတက်ရမယ်လို့ သတ်မှတ်ပေးခဲ့ခြင်း မရှိပါဘူး။

စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပွဲလမ်းသဘင်အခမ်းအနားတွေ ဆက်တိုက်ကျင်းပပေးဖို့ ပြင်ဆင်နေပြီး တော်လှန်ရေးကို အာရုံလွှဲဖို့လည်း ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောက်လျက်ရှိနေပါတယ်။

Non-CDM ဝန်ထမ်းတွေထောင်နဲ့ချီ ပါဝင်ခဲ့တဲ့ နေပြည်တော်မှာကျင်းပခဲ့တဲ့ အမျိုးသားအားကစားပွဲတော်
Non-CDM ဝန်ထမ်းတွေထောင်နဲ့ချီ ပါဝင်ခဲ့တဲ့ နေပြည်တော်မှာကျင်းပခဲ့တဲ့ အမျိုးသားအားကစားပွဲတော်
0 Shares:
You May Also Like
Read More

စစ်ကော်မရှင်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်ရင်း အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၏ စခန်းမှူး ဥသြ ကျဆုံး

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကော်မရှင်ယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်ရင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်းမှူး ရဲဘော် အောင်ဇင်မျိုး (ခ) ဥသြ ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တောကျီးကန်းတပ်ရင်း စိုးမိုးနယ်မြေအတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောကျီးကန်းတပ်ရင်းရဲ့ တာဝန်ရှိသူတွေဟာ စိုးမိုးနယ်မြေတွေအတွင်းက ကျေးရွာနေပြည်သူတွေ စစ်ကောင်စီလေကြောင်းအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကင်းဝေးစေဖို့အတွက် လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို မတ်လ ၁၅ ရက် ဒီနေ့မှာ လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်တွင် အကြမ်းဖက်စစ်တပ် ပြန်ဝင်လာမည်ကို မလိုလားသည့် ပြည်သူများ သံပုံးတီး ဆန္ဒပြ

အကြမ်းဖက်စစ်တပ် ရောက်လာမှာကို မလိုလားကြတဲ့ မိုးကုတ်မြို့နေပြည်သူတွေက နိုဝင်ဘာလ ၆ ရက် မနေ့ညပိုင်းမှာ မြို့လုံးကျွတ် သံပုံးတီး ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
Read More

မဟာဗျူဟာနည်းလမ်း(၆)ခုကို အရှိန်မြှင့်ဖော်ဆောင်ပြီး ဒေသအလိုက်လွတ်မြောက်မှုကနေ ပြည်ထောင်စုကြီးလွတ်မြောက်တဲ့အထိ ကြိုးပမ်းသွားမည်ဟု NUG ဆို

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာဗျူဟာနည်းလမ်း(၆)ခုကို ဟန်ချက်ညီညီ အရှိန်မြှင့်တင် ဖော်ဆောင်ပြီး ဒေသအလိုက် လွတ်မြောက်မှုကနေ ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်တဲ့အထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUG အစိုးရရဲ့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် PDF တွေနဲ့ ပကဖ တွေကို တွေ့ဆုံအားပေးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အဖွဲ့က နှစ်သစ်ကူးကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေကို တွေ့ဆုံအားပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ထားပါတယ်။