ဒီဇင်ဘာလ တစ်လတည်းမှာတင် စစ်ကောင်စီတပ်သားတွေထဲကနေ ပြည်သူ့ရင်ခွင်ကိုခိုလှုံလာသူ ၂၀ အထိရှိခဲ့ပြီး အများစုက လက်နက်ခဲယမ်းများနဲ့အတူ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းလာခြင်းဖြစ်ပါတယ်။

ဘက်ပြောင်းခိုလှုံလာသူတွေထဲမှာ စစ်ကောင်စီရဲ့မတရားစစ်မှုထမ်း ဥပဒေနဲ့ စုဆောင်းခံရသူတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

လာရောက်ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNDF ကကောင်းမွန်စွာ စောင့်ရှောက်ထားရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီထံမှ ဘက်ပြောင်းလာသူများရဲ့ လုံခြုံရေးကို KNDF ကအထူးအာမခံပြီး အထူးသဖြင့် မြေပြင်တိုက်ခိုက်ရေး(သို့မဟုတ်) ဆန္ဒမပါဘဲ တိုက်ပွဲသို့ လုံးဝခေါ်ဆောင်သွားမှာ မဟုတ်ဘူးလို့လည်းဆိုပါတယ်။

KNDF အနေနဲ့လည်း ထပ်မံပြီး ဘက်ပြောင်းခိုလှုံလာမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ထပ်မံ ကြိုဆိုလျက်ရှိကြောင်း ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ကပစ ၂၁ ရှော့တိုက်ဒုံးပစ်ခံရမှုမှာ လက်ထောက်စက်ရုံမှူးဖြစ်သူ စီမံရေးဒုညွှန်အဆင့် ဒုဗိုလ်မှူးကြီး ၁ ယောက်အပါ သေဆုံးသူ ၁၃ ယောက်အထိ ရှိလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လက်ထောက် စက်ရုံမှူး တစ်ဖြစ်လဲ စီမံရေးဒုညွှန်အဆင့် ဒုတိယဗိုလ်မှူးကြီး ၁ယောက် အပါအဝင် သေဆုံးသူ ၁၃ ယောက်အထိ ရှိလာကြောင်း No More Dictatorship People Defense Force NMD တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ် – ACDF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ( ၅ ) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် - ACDF ရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လန်ဆယ်ဒေသတိုက်ပွဲ ယာယီဆုတ်ခွာခဲ့ရသည့်စခန်းကို KIA ပြန်သိမ်းပိုက်၊ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့စစ်များ ထိခိုက်သေဆုံးမှုများပြားနေ

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ KIA တပ်တွေက ယာယီဆုတ်ခွာပေးခဲ့ရတဲ့ စခန်းကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

အာရှတွင် တတိယမြောက် ဆင်းရဲဆုံးနိုင်ငံအဖြစ် မြန်မာပါဝင်လာ

၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံး အာရှ ၁၀ နိုင်ငံထဲမှာ တတိယအဆင့်အဖြစ် မြန်မာနိုင်ငံပါဝင်လာကြောင်း World Population Reviews က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေ (Gross National Income – GNI) ဟာ အာဖဂန်နစ္စတန်နဲ့ နီပေါနိုင်ငံတွေပြီးရင် တတိယနေရာမှာ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

ကျိုက်မရော ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ယောက် သေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က ထုတ်ပြန်လာပါတယ်။ 
Read More

ဆီမီးခုံမြို့ပေါ် ညကင်းလှည့်နေသည့် စစ်အုပ်စု အနီးကပ်ပစ်ခံရပြီး ဗိုလ်အပါ ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ပေါ်မှာ ညဘက်ကင်းလှည့်နေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီ ဗိုလ် ၁ယောက်နဲ့ အကြမ်းဖက် ပျူစောထီး ၂ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။