လွိုင်ကော်အနီးက စစ်ကောင်စီစခန်းကို KNDF နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ဦးနဲ့ ၉ ဦးသေဆုံးပြီး  သေနတ် ၁၂ လက် ရရှိခဲ့တယ်လို့ KNDF က အသိပေး ထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်းပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းကို KNDF ဗျူဟာ ၂ နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၁၈ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း  စစ်ကောင်စီဗိုလ် တစ်ယောက်အပါအဝင် ၁၀ ယောက် သေဆုံးပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ယောက်ကို အရှင်ဖမ်းမိကာ MA1 ၇လက်၊ MA11 ၄လက်နဲ့ MA3 ၁လက်၊ စုစုပေါင်း သေနတ် ၁၂လက် ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွိုင်ကော်ကို ပြန်လည်ထိန်းချုပ်လာတဲ့ စစ်ကောင်စီနဲ့ KNDF တို့ ထိတွေ့တိုက်ပွဲတွေ အခုရက်ပိုင်းအတွင်း ပိုမိုများပြားလာပြီး စစ်ကောင်စီဘက်ကလည်း အင်အားဖြည့်တင်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

အခုတိုက်ပွဲကို  ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊ ဗျူဟာအမှတ် ၂၊ KNDF တပ်ရင်းအမှတ် ၂၊ KNDF တပ်ရင်းအမှတ် ၁၄၊ KNDF UAV နဲ့ Loikaw PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော် တစ်ယောက် (မစိုးရိမ်ရ) ဒဏ်ရာရခဲ့တယ်လို့ KNDF ဗျူဟာအမှတ် ၂ က အသိပေးထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကူမရတာကြောင့် စစ်ကောင်စီတပ်များ ဆုတ်ခွာတော့မည်ဟု သတင်းထွက်နေသည့် ညောင်ကျိုးစခန်း 

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်း နယ်စပ်မှာရှိတဲ့ ညောင်ကျိုးစခန်းကို စစ်ကောင်စီတပ်တွေက စစ်ကူ ထပ်မပို့နိုင်တော့တာကြောင့် အဲဒီစခန်းကို လက်လွှတ်လိုက်တော့မယ် အခြေအနေ ဖြစ်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

တောင်ပိုင်းစစ်ဒေသ လက်ရုံးအထူးတပ်ဖွဲ့ အပတ်စဉ် (၇) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့  P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ အပတ်စဥ် (၇)သင်တန်းဆင်းပွဲကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

နတ်တလင်းမြို့နယ်ရှိ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း NUG တရားဝင်ထုတ်ပြန်…

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်မျိုးစုံ ၆ လက် သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ယောက် ထွက်ပြေးလွတ်မြောက်ခဲ့

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီး၂ယောက်လည်း ပါဝင်တယ်လို့ လွတ်မြောက်သူတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

ရေးမြို့နယ် ချောင်းတောင်ဂိတ်က စစ်သားတွေ ခရီးသွားတွေကို ထောင်ချောက်ဆင် ဖမ်းဆီးငွေညှစ်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်း​တောင်ဂိတ်မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်သားတွေက ခရီးသွားတွေကို မသင်္ကာလို့ဆိုပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်လေ့ရှိပါတယ်။ အဲ့လိုစစ်ဆေးရာမှာ ဆေးပြားတွေ အသင့်ဆောင်ထားကာ ခရီးသွားပြည်သူတွေဆီမှာ ရှာတွေ့တယ်ဆိုပြီး ထောင်ချောက်ဆင် ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
Read More

မြန်မာနိုင်ငံတစ်ဝန်းမှာ ရေဘေးကြောင့် သေဆုံးရသူ ၃၆၀ ကျော်သွားပြီလို့ ကုလ ထုတ်ပြန်


စက်တင်ဘာလ အစောပိုင်းကာလကစတင်ကာ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေကြောင့်  သေဆုံးရသူ ၃၆၀ ကျော်သွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။