ရခိုင်ပြည်နယ်အတွင်း မြို့တွေကို လက်လွှတ်ရပြီး စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ စစ်ရှောင် စခန်းနဲ့ အပြစ်မဲ့ပြည်သူတွေ နေထိုင်နေတဲ့ ရပ်ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ မီးရှို့ဖျက် ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ ဂွမြို့ရှိ စစ်ကောင်စီတပ်ဟာ အကျအဆုံးများစွာနဲ့ တစ်ခုတွေကို လက်လွှတ်ဆုံးရှုံးနေရ ပြီး ကျေးရွာလူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လမ်းတံတားတွေကို မိုင်းခွဲဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်ပြီး ဧရာဝတီတိုင်းအတွင်း ဆုတ်ခွာထွက်ပြေးလျက်ရှိတယ်လို့ သိရပါတယ်။ 

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအများအပြားမှ အတင်းအဓမ္မစုဆောင်းထားတဲ့ တပ်သားသစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ကူတပ်များ စေလွှတ်နေတဲ့ စစ်ကောင်စီတပ်ဟာ မကြာခင် ရက်များအတွင်း ဂွမြို့ကို လွှတ်ဆုံးရှုံးရတော့မှာဖြစ်တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးဖြင့် ကြေးနီတင်လာသည့်ယာဉ်များကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ် ၁ စီး တိမ်းမှောက်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းမကြီးမှာ ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးယူကာ ကြေးနီတင်လာတဲ့ ယာဉ်တန်းကို ပဒေသာအတွဲလိုက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၁၂) တပ်ခွဲ (၃) (လျှပ်စီးတပ်ခွဲ) ထံက သိရပါတယ်။
Read More

Phoenix -Special Warfare Force က ကျည်ကာများ စမ်းသပ်ထုတ်လုပ်မှု အောင်မြင် (ရုပ်/သံ)

Phoenix -Special Warfare Force က ထုတ်လုပ်တဲ့ Level 3 plus နဲ့  Level 4 အဆင့်ကျည်ကာပြားများ ကို ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ မောင်းကို အတည်ပြုပြောဆိုပါတယ်။
Read More

ဇဂျမ်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်တွေ မြေပြင်ဝေဟင် စီးနင်းတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ် ဇဂျမ်းတိုက်နယ်ရဲစခန်းကို ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းထံက သိရပါတယ်။
Read More

ရေလာလေးပျူစခန်း စီးနင်းတိုက်ခိုက်မှုမှာ စစ်သား ၆ ယောက် သေ၊ ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးပျူစခန်းကို ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Earthquake People’s Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

ပင်လယ်ဘူးမြို့ကို သိမ်းပိုက်ထားတဲ့ PDF ရဲဘော်တွေနဲ့ ပြည်သူတွေ အတူတကွ အောင်ပွဲခံ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး မြို့သိမ်းပိုက်ထားတဲ့ PDF ရဲဘော်တွေ(ဗျူဟာ ၄၂)နဲ့ ပြည်သူတွေ အတူတကွ အောင်ပွဲခံနေတဲ့ ရုပ်သံမြင်ကွင်းကို ဗိုလ်စွမ်း(ဓါးမဆိုင်း)မှ ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နှင့် မြေပြင်ထိတွေ့မှုမှတ်တမ်းရုပ်သံ ကယန်းအမျိုးသားတပ်မတော် (KNA) ထုတ်ပြန်

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နဲ့ မြေပြင်ထိတွေ့တိုက်ပွဲ မှတ်တမ်းရုပ်သံကို ကယန်းအမျိုးသားတပ်မတော် (KNA) က ထုတ်ပြန်လိုက်ပါတယ်။