မကွေးတိုင်း၊ မြိုင်က သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်မှုမှာ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန် မှစ၍ နှစ်ဖက်အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေတဲ့ ရုပ်သံနဲ့အတူ စစ်ကောင်စီဘက်က ရာနဲ့ချီတဲ့ စစ်ကူတွေ ပို့လွှတ်ခဲ့တဲ့ကြားထဲကနေ စခန်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ လက်ရသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြိုင်မြို့မှ စစ်ကူပေးဖို့လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒီဇင်ဘာလ ၁၉ ရက် နံနက် ၇ နာရီခန့်တွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီခန့်တွင် တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အဆိုပါတိုက်ပွဲတွေမှာ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၁၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်မြစ်အတွင်း လေယာဉ်ဆီတင်ဆောင်လာတဲ့ ရေယာဉ် ၂ စီးကို လောင်းလုံးပကဖရဲဘော်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ကနေ ထားဝယ်မြို့ကို လေယာဉ်ဆီတင်ဆောင်လာတဲ့ ရေယာဉ် ၂ စီးကို ထားဝယ်မြစ်အတွင်း လောင်းလုံးပြည်သူ့ကာကွယ်ရေး (ပကဖ)ရဲဘော်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ Launglone People Defence Force- LLPDF အဖွဲ့ထံက သိရပါတယ်။
Read More

ကမ္မ-ရေပြာလမ်းပိုင်းတွင် ယာဉ်တန်းတိုက်ခိုက်ခံမှုကို ကာကွယ်နိုင်ရန် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းရှိ ကပစ ၂၄ နဲ့ ဆိပ်ဖြူမြိုနယ်ရှိ ကပစ-၂၁ သို့ သွားမယ့် စစ်ယာဉ် တန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲကာကွယ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ် တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားပြီး အရာရှိအပါအဝင် စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း နိုဝင်ဘာလကစတင်ကာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗမာ့တပ်တော် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပပြုလုပ် (ရုပ်/သံ)

ဇန်နဝါရီ ၁ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ဗမာ့တပ်တော် (B.A) ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား မှတ်တမ်းရုပ်သံကို ဗမာ့တပ်တော် - Bamar Army က ထုတ်ပြန်လိုက်ပါတယ်။
Read More

Justice Soldier PDF အပတ်စဉ် ၁၀ (လင်းယုန်အပတ်စဉ်) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

Justice Soldier PDF ရဲ့ အပတ်စဉ် ၁၀ (လင်းယုန်အပတ်စဉ်) အခြေခံစစ်ပညာသင်တန်းဆင်း ပွဲအခမ်းအနားကို မတ်လ ၅ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ရဲ့ ရုပ်သံမှတ်တမ်းဖိုင်ထုတ်ပြန် (ရုပ်/သံ)

ချင်းပြည်နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းမှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။