ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ် အာရက္ခတပ်တော် AA က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာနဲ့ တပ်စခန်းတွေ ရှေ့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။

ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) အပါအဝင် နေရာတချို့မှာ  ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

တောင်ကုတ်မြို့က စစ်ကောင်စီရဲ့ တပ်စခန်းတွေအားလုံးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့၊ ညနေ (၄) နာရီ (၁၀) မိနစ်အချိန်မှာ အာရက္ခတပ်တော်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

အာရက္ခတပ်တော်က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ တောင်ကုတ်၊ အမ်း၊ မောင်တောနဲ့ ဂွ မြို့ ၄ မြို့ထဲက ၃ မြို့ကို အပြီးသတ် သိမ်းပိုက်ထားပြီး လက်ရှိအချိန်မှာ ဂွမြို့တစ်မြို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

AA ဟာ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်ကလွဲပြီး မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။

ဧရာ၀တီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ် တောင်ဘက်ဆုံးက ဂွမြို့ကို လည်း အာရက္ခတပ်တော် AA က လက်ရသိမ်းဆည်းနိုင်ဖို့ အနီးစပ်ဆုံးကို ရောက်ရှိနေပြီလို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထီးလင်းရဲစခန်းမှ နိုင်ကျဥ်း ၁၃ ဦး လွတ်မြောက်မှုအတွက် ရဲတပ်ကြပ် ၂ ဦးကို အချုပ်ခန်းထဲမှာ စစ်ဆေးရင်း သေဆုံးသွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃ ယောက် ထွက်ပြေးလွတ်မြောက်သွားမှုနဲ့ ပတ်သက်ပြီး အဆိုပါရဲစခန်းက ရဲတပ်ကြပ် ၂ ယောက်ကို ဇွန်လ ၁၈ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
Read More

ဧရာ၀တီ၊ မကွေး နဲ့ပဲခူးက စစ်ကောင်စီ တပ်စခန်းတွေကို AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ထုတ်ပြန်

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့  ဒေသသုံးခုက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ဂန့်ဂေါမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့များ ဖမ်းဆီးထိန်းသိမ်းထားသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွား…

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ Gan Gaw New Media မှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အင်အားမလုံလောက်တဲ့ စစ်ကောင်စီက သက်ကြီးပိုင်းတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး စစ်သားအစားထိုး လုံခြုံရေးယူခိုင်းနေ

ဧရာဝတီတိုင်းထဲက ဇလွန်၊ ဟင်္သာတ၊ သာပေါင်း၊ ငသိုင်းချောင်းနဲ့ တိုင်းစစ်ဌာနချုပ်ရှိရာ ပုသိမ်မြို့တွေမှာ တပ်သားအင်အား မလုံလောက်တော့တဲ့ စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ နာမည်နဲ့ အသက် ၃၅ နှစ်ကနေ အသက် ၆၀ ရှိတဲ့ လူကြီးပိုင်းတွေကို မြို့ပေါ်လုံခြုံရေးအတွက် စစ်သားအစားထိုးအနေနဲ့ တာဝန်ပေးအပ်နေတယ်လို့ သိရပါတယ်။
Read More

မုံရွာ နမခကို ရှော့တိုက်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဌာနချုပ် အဆောက်အဦးများ ထိခိုက်ပျက်စီးပြီး အရာရှိများအပါ သေဆုံးသူ ၂၂ ယောက်အထိ ရှိခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ဝန်းထဲကို ရှော့တိုက်ရော့ကတ်တွေ ပစ်ခတ်တိုက်ခိုက်မှုမှာ အဆောက်အဦးတွေ ထိခိုက်ပျက်စီးပြီး အရာရှိတွေအပါအဝင် သေဆုံးသူ  ၂၂ယောက်အထိရှိခဲ့တယ်လို့ Chindwin Rocket Brother-CRB တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်ကြောင့် မန္တလေးထောင်အတွင်း အကျဉ်းသား ၃၀ ကျော် သေဆုံးမှုကို စစ်ကောင်စီ ဖုံးကွယ်ထား၊ နိုင်ကျဉ်းများအား စစ်ကောင်စီ ဖိနှိပ်မှုအပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ စောင့်ကြည့်ပေးကြဖို့ တောင်းဆို

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၃၇၆၀ ယောက်ရှိပြီး ဒဏ်ရာရသူ ၅၀၂၇ ယောက်နဲ့ ပျောက်ဆုံးနေသူ ၁၃၀ ယောက် ရှိနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပေမယ့် အကျဉ်းထောင်တွေအတွင်းက အကျဉ်းသားသေဆုံးမှုတွေကို သတင်းချန်လှပ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။