တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၀ ရက်မှာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်သံခြေထောက်နဲ့ ရဲဘော်ကပ္ပလီတို့ ကျဆုံးခဲ့တာ (၁) နှစ်ပြည့်တဲ့ နေ့ရက် ဖြစ်တယ်လို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော်သံခြေထောက်နဲ့ ရဲဘော်ကပ္ပလီတို့ အပါအဝင် တိုင်းပြည်အတွက် အသက်ပေးလှူ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်း တို့ကို ဒီဇင်ဘာ ၂၀ ရက်မှာ အလံတစ်ဝက် လွှင့်ထူကာ အလေးပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးရဲဘော် သံခြေထောက်ရဲ့ ကျန်ရစ်သူမိသားစုနဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လက ကျဆုံးခဲ့တဲ့ ရဲဘော် F One ရဲ့မိသားစု၀င်တွေက လောင်းလုံး(ပကဖ) ရဲဘော်တွေကို အသားဟင်းနဲ့ ထမင်းတစ်နပ် အာဟာရဒါန ကျွေးမွေးလှူဒါန်းခဲ့တယ်လို့လည်း လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကျောင်းသားတပ်မတော် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့်အဖွဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် တွေ့ဆုံ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) - ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုတိယ ဥက္ကဋ္ဌ ရဲဘော် လဆိုင်းနဲ့ ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး ရဲဘော်လှဌေး တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ တွေ့ဆုံခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် အရပ်သား ၉၆ ဦး သေဆုံးခဲ့၊ ၇၂ ဦးက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ဟု ဆို

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၉၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လက်နက်စက်ရုံ ကပစ- ၁၃ ကို ရှော့တိုက်ဒုံး အများအပြားနှင့် ပစ်ခတ်တိုက်ခိုက် …ထိခိုက်ပျက်စီးမှု များပြားနိုင်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၁၃) စက်ရုံကို ရှော့တိုက်ဒုံး ၁၀လုံးနဲ့ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က‌ ဒီကနေ့သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ငလျင်အတွက် လူသားချင်းစာနာမှု အကူအညီတွေအဖြစ် နိုင်ငံတကာ တန်ချိန် ၃၇၀၀ ကျော်ရရှိထားဟု စစ်ကောင်စီ ဆို

အင်အားပြင်းငလျင်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအဖြစ် နိုင်ငံတကာက တန်ချိန် ၃၇၀၀ ကျော်ရရှိထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလာသည့် တပ်သား ၂ ဦး တော်လှန်ရေးတပ်များနှင့် ပေါင်းပြီး စစ်ကောင်စီကို ပြန်တိုက်မည် ဟု ဆို

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာအကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်ခိုလှုံလာကြောင်း သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း P23801 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ဦး PDF ထံ လက်နက်နှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးစခန်းက ရဲတပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ တောင်သူဦးကြီးများ PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။