ချင်းပြည်နယ်၊ မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းဖြစ်တဲ့ ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မင်းတပ် တစ်မြို့နယ်လုံးမှာ စစ်တပ်ကင်းစင်သွားပြီဖြစ်တယ်လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်ဆီက သိရပါတယ်။
စစ်ကောင်စီ နောက်ဆုံး လက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက် ဒီနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီး ချင်းညီနောင်တပ်ဖွဲ့ကတော့ တရားဝင် မထုတ်ပြန်သေးပါဘူး။
နိုဝင်ဘာလ ၉ ရက်က ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်နဲ့ ဖလမ်းတို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာတော့ မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်တဲ့ မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းနဲ့ ခလရ ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလ ၁၅ ရက်မှာ မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းက စစ်သားနဲ့ ရဲ စုစုပေါင်း ၁၂၃ ယောက်နဲ့အတူ မိသားစုဝင်တွေ လက်နက်ချ အညံ့ခံလာတယ်လို့ ချင်းညီနောင်က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနောက် တစ်ခုတည်း ကျန်ရှိနေတဲ့ ခလရ ၂၇၄ တပ်ရင်းစခန်းကို ချင်းတော်လှန်ရေးတပ်တွေက ဒီနေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ- မင်းတပ်မြို့သိမ်း စစ်ဆင်ရေးက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းများ
0 Shares:
You May Also Like
Read More

ငလျင်ကြောင့် နေပြည်တော် လေကြောင်းထိန်းသိမ်းရေးတာဝါပြိုကျ၊ တာဝါအတွင်း ဝန်ထမ်းသေဆုံးမှု များပြားနိုင်

ဒီနေ့ မတ်လ ၂၈ရက် နေ့လယ်ပိုင်း လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် နေပြည်တော် လေကြောင်းထိန်းသိမ်းရေးတာဝါ ပြိုကျသွားခဲ့ပါတယ်။
Read More

မူးမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ၊ နေအိမ် ၁ လုံး ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျုံပျော်မှာ AA တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုပြီး စစ်ကောက်စီက မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကျပ်ထား

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းမှာ အရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေ ရောက်နေပြီဆိုပြီး စစ်ကောင်စီတပ်က မြို့ရဲ့အတွင်းအပြင် လုံခြုံရေးတင်းကျပ်ကာ ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

မြင်းမူမြို့က စစ်စခန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်၊ စစ်သားတွေ ထိခိုက်သေဆုံးနိုင်သလို တော်လှန်ရေးဘက်က ဒရုန်းတစ်စီး ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးရဲဘော်တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force - MMU က ထုတ်ပြန်ထားပါတယ်။
Read More

Urban Task Force Aung Ban – UTF တပ်ဖွဲ့က ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ တပ်ခွဲ ၂ ဖြစ်တဲ့ Urban Task Force Aung Ban - UTF တပ်ဖွဲ့က ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

NUG မှ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံများကို အမျိုးသမီးနှင့်ကလေး ကာကွယ်စောင့်ရှောက်ရေး နည်းပြသင်တန်း ပြုလုပ်ခဲ့

စစ်ကိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာတာဝန်ခံတွေကို အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် ကာကွယ်စောင့်ရှောက်နိုင်ဖို့ အသိပညာပေးတဲ့ ၅ ရက်တာသင်တန်းကို ဩဂုတ်လထဲမှာ ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။