ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းကနေ နတ်တလင်းမြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ဦး သေဆုံးသွားတယ်လို့ ၃၆၀၁ PPDFတပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ အဆိုပါ အင်အား ၄၀ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို လှေကထောင်တဲတိုက်အနားမှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ (၂) ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုမှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁ဦး သေဆုံးသွားပြီး ၁ဦး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
“၂ဦးလဲကျသွားပြီး ၁ဦး သေတာကတော့ မျက်မြင်ပါပဲ။ ထိခိုက်ဒဏ်ရာရသွားတဲ့ ၁ယောက်ကလည်း ဒဏ်ရာတော်တော်ပြင်းပါတယ်။ သေနိုင်တယ်ပေါ့နော်။ သူ့ကိုတော့ သေလား မသေလား အတည်မပြုနိုင်သေးပါဘူး။” လို့ ၃၆၀၁ PPDFတပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက မောင်းကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်မျိုုးစုံနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေကတော့ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ လှေကထောင်တဲတိုက်နဲ့ သိမ်ကုန်းတဲတိုက်က ပြည်သူအချိုကိုအတင်းခေါ်ကာ သေဆုံးအလောင်းနဲ့ ဒဏ်ရာရသူတွေကို လှည်းပေါ်တင်ပြီး နတ်တလင်းမြို့နယ် ကွင်းကြယ်ရွာအထိုင်စခန်းကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဂန့်ဂေါခရိုင်ထဲက စစ်တပ် တပ်ရင်းတွေကို စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ လူအင်အား လက်နက်အင်အားတွေ ဖြည့်တင်းပေးနေ 

ချင်းပြည်နယ်တောင်ပိုင်း တိုက်ပွဲတွေအပြီး နယ်မြေချင်းထိစပ်နေတဲ့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဖြစ်တဲ့ ယောအလင်းတန်းဆီက သိရပါတယ်။ 
Read More

ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ အရာရှိ(၁)ဦးအပါ စစ်ကောင်စီတပ်သား (၄)ဦးသေဆုံး…

ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်က ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ (၁)ယောက် အပါအဝင် စစ်ကောင်စီတပ်သား (၄) ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ် တိုက်ပွဲအတွင်း ၁၃ဦးသေကာ အထိနာသည့် စစ်တပ် ရွာထဲက ကြံ့ခိုင်ရေးအမတ် နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးသွား

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ပုဂေါ်ဇွန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ကြံ့ခိုင်ရေးပါတီ အမတ်ရဲ့ နေအိမ်အပါအဝင် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေရဲ့ နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် မြို့နယ် ပကဖ မှ လမ်းပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ လမ်းပိုင်းတစ်နေရာကို ဇူလိုင်လ ၂၉ ရက်မှာ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က လမ်းခင်းခြင်း၊ လမ်းပြုပြင်ခြင်း စတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

“ရိုးသားစွာတော်လှန်ကြပါ၊ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေ ချမနင်းကြပါနဲ့” ဟု သေတမ်းစာချန်ကာ မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး အဆုံးစီရင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ အမှတ် (၃) တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး ဟိုးကြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
Read More

စစ်မှုထမ်းဖို့ မဲပေါက်ပြီး ထွက်ပြေးရင် နေအိမ်မီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟာ ကျေးရွာမှာရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ခြိမ်းခြောက်ဖိအားပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ က ထုတ်ပြန်လာပါတယ်။