မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ မိုင်းနင်းမိပြီး ကပစ ၂၂ က အကြမ်းဖက်စစ်သား ၃ယောက်သေကာ ၂ ယောက်စိုးရိမ်ရကြောင်း တကိုယ်တော် ကိုကျားဇိုး က မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာလ ၁၉ ရက်၊ ညပိုင်းက ဆိပ်ဖြူမြို့နယ်၊ အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံဝန်းထဲမှာရှိတဲ့ F လိုင်းခန်း၊ စတိုဂိတ်အနီးမှာ တော်လှန်ရေးအဖွဲ့ဝင်တွေက ပြင်းအားမြင့် တိုက်မိုင်း ၃ လုံး သွားရောက်ထောင်ထားခဲ့တယ်လို့ သိရပါတယ်။
နောက်တစ်နေ့ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းနဲ့ နေ့လည်ပိုင်းမှာတော့ မိုင်းတွေတစ်လုံးပြီးတစ်လုံးပေါက်ကွဲပြီး ဝန်းထဲရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ တကိုယ်တော်ကျားဇိုးက ပြောပါတယ်။
ဒီမိုင်းတွေကို တကိုယ်တော် ကျားဇိုး နဲ့အတူ ပေါက်တောင်ပိုင်း Y.R.F ပကဖ တို့က အတူပူးပေါင်းပြီးသွားထောင်ခဲ့တာလို့လည်း သိရပါတယ်။
” မိုင်းထောင်ခဲ့တဲ့ နေရာက ကပစ၂၂ဝန်း F လိုင်းခန်း၊ စတိုဂိတ်နဲ့ အနီးကပ်အကွာမှာထောင်ခဲ့တာပါ။ ဆိုင်ကယ်စီးရင် ၁မိနစ်လောက်ပဲကြာတယ်။ အဲ့မှာထောင်ခဲ့တာပါ။ လက်ရှိအခြေအနေ အရ ထိခိုက်ဒဏ်ရာ​ရထားတဲ့အထဲစိုးရိမ်ရတာ၂ယောက်ရှိတယ်။အခြားဒဏ်ရာရထားတဲ့သူတွေလည်းရှိတယ်” လို့ တကိုယ်တော် ကျားဇိုးက မောင်းသတင်းဌာနကို ပြောပါတယ်။
မိုင်းမိပြီးတဲ့​နောက်မှာတော့ အကြမ်းဖက်စစ်ကောင်စီက ကပစ ၂၂ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဖက်ကနားကျေးရွာတောတိုက်ကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကပစ ၂၂ဂိတ်စောင့်စစ်သားတွေက ဆိုင်ကယ်စီးအရပ်သား၂ယောက်ကိုလည်းရမ်းသမ်းပစ်ခတ်ရာ တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အခုလိုမျိုးထိတွေ့မှုတွေရှိနေတဲ့အတွက် ဆိပ်ဖြူ- ပေါက်လမ်းအပါဝင် လမ်းပိုင်းတွေကို အရပ်သားတွေ သတိထားသွားလာကြဖို့နဲ့ ကပစ ၂၂ အနီးပတ်ဝန်းကျင်က ကျေးရွာတွေထဲ ဒရုန်းအန္တရယ်တွေ ရှိနေကြောင်းပေါက်တောင်ပိုင်း Y.R.F ပကဖ ကထုတ်ပြန်ထားပါတယ်။
ပုံစာ – ကပစ ၂၂ ဝန်းထဲ မိုင်းဝင်ထောင်ခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်၏ လွတ်ငြိမ်းအရ အင်းစိန်ထောင်မှ ၁၉၀ ကျော် လွတ်မြောက်

အတုအယောင် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ ပုဒ်မ ၅၀၅  (က) နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရသူတွေထဲက အကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၃၀၈၅ ယောက်ကို အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းခွင့်ပေးမယ်လို့ မနေ့က ကြေညာခဲ့အပြီး ဒီနေ့မှာ အင်းစိန်အကျဉ်းထောင်က အယောက် ၁၉၀ ကျော် လွတ်လာခဲ့တယ်လို့ သိရပါတယ်။
Read More

ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောများကို ကနီနှင့် မင်းကင်းကြားတွင် တော်လှန်ရေးတပ်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်သင်္ဘောတွေကို စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ကြားမှာ တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) ထံက သိရပါတယ်။
Read More

စစ်ကူမရတာကြောင့် စစ်ကောင်စီတပ်များ ဆုတ်ခွာတော့မည်ဟု သတင်းထွက်နေသည့် ညောင်ကျိုးစခန်း 

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်း နယ်စပ်မှာရှိတဲ့ ညောင်ကျိုးစခန်းကို စစ်ကောင်စီတပ်တွေက စစ်ကူ ထပ်မပို့နိုင်တော့တာကြောင့် အဲဒီစခန်းကို လက်လွှတ်လိုက်တော့မယ် အခြေအနေ ဖြစ်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ထားဝယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ အိမ်စီးကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ယောက်သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Vigo အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့ကြောင်း ရေဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ထုတ်ပြန်ပါတယ်။
Read More

TNLA စိုးမိုးနယ်မြေများတွင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ (၂၇) ဦး သေဆုံး၊ (၈၂) ဦး ထိခိုက်ဒဏ်ရာရ  

ဇူလိုင်လတစ်လအတွင်း တအာင်းတပ်မတော် TNLA စိုးမိုးထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံမြို့နဲ့ ကွတ်ခိုင်မြို့တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်အပါအဝင် ပြည်သူ (၂၇) ယောက် သေဆုံးခဲ့ပြီး (၈၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ ကြောင့် ပြည်သူ ၁၈၅ ဦး သေဆုံး၊ ၅၂၂ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် သွေးစွန်းစေတဲ့ ကိန်းဂဏန်းတွေဟာ ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ အထိ ကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။