လာမဲ့နှစ် စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင်အကျုံးဝင်စေဖို့ အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ လိုလားမှာဖြစ်ကြောင်း ထိုင်းက စစ်ကောင်စီကို ပြောဆိုခဲ့တယ်လို့ ထိုင်းအရာရှိတွေက ဒီဇင်ဘာ ၂၁ ရက် သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
“ရွေးကောက်ပွဲတခု ရှိလာမယ်ဆိုရင် အာဆီယံအနေနဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့၊ အားလုံးအကျုံးဝင်တဲ့ လုပ်ငန်းစဉ်ကို လိုလားမှာပါ”လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က အာဆီယံရဲ့ အကြီးတန်းသံတမန်တွေနဲ့ တွေ့ဆုံမှုအပြီး ဘန်ကောက်မှာ ပြုလုပ်တဲ့ အဖွဲ့အင်တာဗျူးမှာ ပြောကြားခဲ့တာပါ။
ထိုင်းဟာ ပြီးခဲ့တဲ့ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ မြန်မာ့အကျပ်အတည်နဲ့ သက်ဆိုင်တဲ့ ဒေသတွင်း အလွတ်တန်း တွေ့ဆုံဆွေးနွေးပွဲနှစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
ပထမနေ့မှာ စစ်ကောင်စီနဲ့ မြန်မာ့အိမ်နီးချင်း တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ အိန္ဒိယနဲ့ ထိုင်းတို့ ပါဝင်တက်ရောက်ခဲ့ပြီး ဒုတိယနေ့မှာတော့ စစ်ကောင်စီမပါဘဲ အာဆီယံအဖွဲ့ဝင်တွေ တွေ့ဆုံခဲ့ကြတာပါ။
ပထမနေ့အစည်းအဝေးအတွင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ၎င်းတို့ရဲ့ နိုင်ငံရေး လမ်းပြမြေပုံနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တိုးတက်မှုအခြေအနေဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက လာမဲ့နှစ်ပြုလုပ်မဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အတိုက်အခံတွေနဲ့ အကဲခတ်တွေက စစ်ရှုံးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံရေးထွက်ပေါက် အတုအယောင်ရွေးကောက်ပွဲ အဖြစ် ဆန့်ကျင်ကြပြီး၊ အဓိကအားဖြင့် ၎င်းတို့ကို ဆန့်ကျင်သူတွေ ပါဝင်မနေမှုနဲ့ နိုင်ငံအနှံ့ စစ်တပ်ရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့်လို့ ဆိုပါတယ်။
အိမ်နီးချင်းနိုင်ငံတွေက (အကျပ်အတည်းအတွက်) အဖြေရှာရာမှာ မြန်မာကို ထောက်ခံတယ်လို့ ပြောပေမယ့် ရွေးကောက်ပွဲဟာ နိုင်ငံတွင်း သက်ဆိုင်သူအသီးသီး အကျုံးဝင်ရမှာဖြစ်ပြီး၊ အိမ်နီးချင်းတွေအနေနဲ့ မြန်မာကို အကြံဉာဏ်ပေးပေမဲ့ ဝင်ရောက်စွက်မှာ မဟုတ်ဘူးလို့ မစ္စတာ Maris က ပြောပါတယ်။ ဒါ့အပြင် ၎င်းတို့တွေရဲ့ အားထုတ်မှုက တိုးတက်မှု အနည်းငယ်သာရှိတဲ့ အာဆီယံ ငြိမ်းချမ်းရေးအစီအစဉ်ငါးရပ်ရဲ့ မဟာဗျူဟာကို ပံ့ပိုးပေးမှာဖြစ်ကြောင်း သူက ပြောပါတယ်။
အဆိုပါစစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို သောကြာနေ့ တွေ့ဆုံပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးအရာရှိ Bolbongse Vangphaen က ပြောပါတယ်။ အစုအဖွဲ့အနေဖြင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အချက်အလက် အသေးစိတ်တွေကို စောင့်ဆိုင်းနေဆဲဖြစ်ပြီး တရုတ်လို ဒေသတွင်း အင်အားကြီးနိုင်ငံက နောက်ခံပေးထားတဲ့ ရွေးကောက်ပွဲအတွက် အာဆီယံအနေနဲ့ ဘုံရပ်တည်ချက်ကို ရှာဖွေဖို့လည်း လိုကြောင်း သူက ဆိုပါတယ်။
ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရာမှာ အစုအဖွဲ့အားလုံးအနေနဲ့ မြန်မာ(စစ်ကောင်စီ)ကို ထောက်ခံသင့်တယ်လို့ တရုတ် ဒု-နိုင်ငံခြားရေးဝန်ကြီး Sun Weidong က ကြာသပတေးနေ့ ဆွေးနွေးပွဲမှာ ပြောပါတယ်။ မြန်မာနိုင်ငံက အစုအဖွဲ့အားလုံး သဘောထားကွဲလွဲမှုတွေကို တွေ့ဆုံမှုနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကနေ ဖြေရှင်းသင့်တယ်လို့ မစ္စတာ Sun က ဆိုပါတယ်။
၂ ရက်တာ ကျင်းပခဲ့တဲ့ အဆိုပါဆွေးနွေးပွဲဟာ “စစ်ကောင်စီကို ဒေသတွင်းမှာ နေရာပြန်ရလာအောင် တိတ်တဆိတ် ပြန်လည်ထောက်ကူဖို့ ကြိုးပမ်းနေခြင်းသာ ဖြစ်တယ်” လို့ လူ့အခွင့်အရေးအဖွဲ့ Fortify Rights ရဲ့ မြန်မာ့အရေးကျွမ်းကျင်သူ Patrick Phongsathorn က ပြောပါတယ်။
“စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုတွေ တိုးမြင့်လာတာနဲ့အမျှ ဒေသတွင်းမှာ အကြီးအကျယ် ထိခိုက်မှုတွေ ရှိလာတယ်၊ အာဆီယံအနေနဲ့ မင်းအောင်လှိုင်နဲ့ သူ့ရဲ့အကြံအစည်တွေ၊ နောက်နှစ် အတုအယောင်ရွေးကောက်ပွဲလုပ်ပြီး သူ့တို့ရဲ့ ရပ်တည်မှုကို ပိုခိုင်မာလာအောင် ကြိုးစားမှုတွေ မှန်သမျှကို အာဆီယံအနေနဲ့ အခိုင်အမာ ပယ်ချဖို့လိုတယ်” လို့လည်း သူက ပြောပါတယ်။
ဒါ့အပြင်၊ စစ်ကောင်စီကိုသာ ဖိတ်ကြားပြီး တော်လှန်ရေးအင်အားစုတွေကို ဖိတ်ကြားခြင်း မရှိခဲ့တဲ့ ထိုင်းရဲ့ ၂ ရက်တာ မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲဟာ စစ်ရာဇဝတ်ကောင်တွေကို နိုင်ငံရေးထွက်ပေါက်ရရှိပြီး၊ အာဏာရှင်စနစ် သက်ဆိုးရှည်စေအောင် အာဆီယံနိုင်ငံအချို့က ဝိနည်းလွတ် ဖေးမကူညီတဲ့ ကိုယ်ကျိုးရှာ ဆွေးနွေးပွဲတစ်ခုသာဖြစ်တယ် ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ရှိခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် တောင်းဆို

မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် Justice For Myanmar (JFM) အဖွဲ့က ယနေ့ထုတ်ပြန် တောင်းဆိုလိုက်သည်။
Read More

စစ်တပ်၏ ပြောင်းလဲမှုများက စစ်မှန်သည့် အပြောင်းအလဲ မဟုတ်ဘူး ဟု International IDEA ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စကစ) ကို ဖျက်သိမ်းပြီး စစ်ကော်မရှင်လို့ ဆိုနိုင်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (SSPC) ကို မြန်မာနိုင်ငံရဲ့ ကြားကာလအစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းလိုက်တာဟာ စစ်မှန်တဲ့ ပြောင်းလဲမှု မဟုတ်ကြောင်းနဲ့ လွန်စွာစိုးရိမ်ကြောင်း International IDEA က သဘောထားထုတ်ပြန်လာပါတယ်။ 
Read More

ထိုင်း-မလေး ရေနယ်နိမိတ်အတွင်း ရိုဟင်ဂျာလှေနစ်မြုပ်မှု သေဆုံးသူ ၂၇ ဦး အထိ တိုးလာ

ရခိုင်ပြည်နယ်၊ ဗူးသီးတောင်က ရိုဟင်ဂျာတွေအပါအဝင် ရွှေ့ပြောင်းဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစီး ထိုင်း-မလေးရှား ရေနယ်နိမိတ်ထဲ နစ်မြုပ်ခဲ့ရာမှာ နိုဝင်ဘာ ၁၀ ရက်နေ့အထိ သေဆုံးသူ ၂၇ ယောက်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ 
Read More

One Friday Fight ပွဲစဉ်တွေမှာ မြန်မာလက်ဝှေ့ကစားသမား ၅ယောက်အထိပါဝင်မယ်

ဩဂုတ်လ ၂၃ ရက် ဒီနေ့ညမှာ ကျင်းပမယ့် One Friday Fight 76 ပွဲစဉ်တွေထဲမှာ မြန်မာကစားသမား ၅ ယောက် ပါဝင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။
Read More

တရုတ်နိုင်ငံသားတွေကို အလုံးအရင်းလိုက် နေရပ်ပြန်ပို့ရေး စီစဉ်ဖို့ တရုတ်ဒုဝန်ကြီး မဲဆောက်သွား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ဖြစ်နေသည့်အဖွဲ့အားလုံး စားပွဲဝိုင်းခေါ်ပြီး မြန်မာ့အရေး တွေ့ဆုံညှိနှိုင်းရန် မလေးရှားဝန်ကြီးဟောင်း တိုက်တွန်း

မြန်မာ့ပဋိပက္ခအတွင်း လက်နက်ကိုင်အဖွဲ့အားလုံးကို စားပွဲဝိုင်းခေါ်ပြီး စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် အာဆီယံဥက္ကဋ္ဌတာဝန်ကို အောင်အောင်မြင်မြင် ဆောင်ရွက်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းက မလေးရှားအစိုးရကို တိုက်တွန်းပါတယ်။