စစ်ကိုင်းနဲ့ မန္တလေးက ဓားပြမှုတွေမှာ ပါဝင်ခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် မင်းသူ စားသောက်ဆိုင်အတွင်းပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် အရပ်သားလူငယ် ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရတနာပုံတပ်ဦးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာ ၂၀ ရက်၊ မနေ့ကညနေပိုင်းမှာ စစ်ကိုင်းမြို့တပ်မ ၃၃ အနောက်ဘက်၊ တောင်ငူကုန်းရွာထိပ်က Beer Star 5 ဆိုင်အတွင်းရှိနေတဲ့ ပျူစောထီး မင်းသူ ဆိုသူကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။
” ကိုမင်းသူဆိုတာ ဘယ်သူလဲမေးပြီး ခေါင်းနဲ့လည်ပင်းကို ၃ ချက်ပစ်ရင်း တန်းဆုတ်လာခဲ့တာပါ။”လို့ ရတနာပုံတပ်ဦးအဖွဲ့တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ပျူစောထီးမင်းသူဟာ ပြည်သူလူထုအပေါ် အနိုင်ကျင့်တာတွေအပြင် စစ်ကိုင်းနဲ့မန္တလေးမြို့တွင်းကဓားပြမှုတွေမှာ အခြားပျူစောထီးတွေနဲ့အတူ ပူးပါဝင်ကျူးလွန်ခဲ့တဲ့အတွက် အခုလိုရှင်းလင်းရတာလို့လည်းသိရပါတယ်။
” စကစ လက်အောက်ခံ ပျူတွေက မန္တလေးရော စစ်ကိုင်းမှာပါ ဓားပြမှုတွေလုပ်နေတာပါ။ မင်းသူကလည်းစစ်ကိုင်း မန်ကျည်းစဥ် ၊ တင်းတိပ် တကြောက ဓားပြမှုတွေနဲ့ မန္တလေး မြို့ပေါ် ဓားပြမှုတော်တော်များများမှာပါဝင်ခဲ့တယ်။ သူ့ကို သတင်းရလို့ လပိုင်းလောက်စောင့်ကြည့်သတင်းထောက်နေခဲ့တာ အလစ်ကိုအချိန်စောင့်လုပ်ရတာပါ။” လို့ ရတနာပုံတပ်ဦးအဖွဲ့တာဝန်ရှိသူ၁ယောက်ကမောင်းသတင်းဌာနကိုပြောပါတယ်။
ဒီပစ်ခတ်ရှင်းလင်းမှုကို ရတနာပုံတပ်ဦးနဲ့အတူ Burmese Revolution Force – B.R.F ၊ Brave Soilder Guerrilla Foce တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်းသိရပါတယ်။
ပျူစောထီးမင်းသူပစ်ခတ်ရှင်းလင်းခံရတဲ့ဖြစ်စဥ်ပြီးတဲ့နောက်မှာတော့ စစ်ကောင်စီတပ်တွေက စစ်ကိုင်းမြို့နယ်၊ တင်းတိပ်ရွာကို ဝင်ရောက်မွှေနှောက်ရှာဖွေပြီး အရပ်သားလူငယ် ၄ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။
” ရွာတွေဘက်ဝင်မွှေရင်း လူငယ်လေးယောက်ကိုဖမ်းသွားတယ်ပေါ့။ စစ်မှုထမ်းဖို့များလားတော့​မသိဘူး” လို့ ရတနာပုံတပ်ဦးအဖွဲ့တာဝန်ရှိသူ၁ယောက်က မောင်းသတင်းဌာနကိုပြောပါတယ်။
ရတနာတပ်ဦးအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ရက်နေ့ကလည်း စစ်ကိုင်းမြို့နေ၊ ရဲတပ်ကြပ်ကြီးယဥ်ထွန်းမောင်ကို မဟာမိတ်အဖွဲ့တွေနဲ့အတူ နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးပြီး လက်ပစ်ဗုံး၊ လက်ထိပ်နဲ့ ကျည်ဆံတွေသိမ်းဆည်းရမိခဲ့ပါသေးတယ်။
ပုံစာ – လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ( ပုံဟောင်း)
0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်းစစ်ဌာန၏ ပူးပေါင်းစစ်ဆင်ရေးများတွင် အသုံးပြုနိုင်ရန် ရန်ကုန်တိုင်းပကဖ ထံ လက်နက်ခဲယမ်းနှင့် ကျည်ကာဦးထုပ်များ ပေးအပ်

ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေမှာ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်တိုင်း ပကဖ ကို လက်နက်ခဲယမ်းနဲ့ ကျည်ကာဦးထုပ်တွေ ပေးအပ်ခဲ့တယ်လို့ ရန်ကုန်တိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ဆီက သိရပါတယ်။
Read More

ကပစ ၂၂ကနေ မြင်းခြံကိုသွားမယ့် စစ်ကားတွေ ဆိပ်ဖြူ-ဆောလမ်းပိုင်းမှာ မိုင်းဆွဲခံရပြီး စစ်သား ၆ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၂ ကနေ မြင်းခြံမြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ယောက် သေဆုံးကြောင်း Yenanthar Youth Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန် ယင်းမာပင်ခရိုင် ပကဖ က (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် ပကဖ ရဲ့ (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ယင်းမာပင်မှာ သပိတ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ် ပူးပေါင်းပြီး တော်လှန်ရုပ်ရှင်ပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း တစ်နေရာမှာ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး( BLDF)၊ စစ်ဒေသ (၁)နဲ့ လက်ပံတောင်းတောင်ပင်မ သပိတ်တို့ ပူးပေါင်းပြီး တော်လှန်ရုပ်ရှင်ပြပွဲ ကို စက်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေရ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ 
Read More

ကျွန်းလှမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်းများ ပြန်လည်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲမှာ အမျိုးသမီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးသင်တန်း (WCP) ကို အခုစက်တင်ဘာလထဲမှာ ပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။