မကွေးတိုင်း မြိုင်မြို့နယ် ကန်နီရွာမြောက်ဘက်ကို မြေပဲဖော်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာ ၂၀ ရက်က RC Plane၊ Drone နဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ 𝐌.𝐏.𝐋 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐅𝐨𝐫𝐜𝐞 အဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အထိနာသွားပြီး ရွာအတွင်း ဝင်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကြောင့် ပျူ ၁ ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့တယ်လို့ သိရပါ တယ်။

အဲဒီစစ်ဆင်ရေးကို MPL မြောက်ပိုင်းဇုန် (မြိုင်-ပကဖ)၊ ကိုဂတုံးအဖွဲ့ (မြိုင်-ပကဖ)၊ မြိုင်မြို့နယ်ပကဖ တပ်ရင်း၁ တပ်ခွဲ၁၊ ဗမာ့ဒေါင်း (မြိုင်-ပကဖ)၊ Eagle Bridage Drone forceနဲ့ မန်ကျည်းရိပ် ကိုငရဲအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

“အရေးကြီးတဲ့ စစ်ရေးကဏ္ဍအတွက် အနောက်ဘက်ကနေ ပံ့ပိုးနေသူတွေဟာလည်း တိုက်ပွဲရဲ့ သူရဲကောင်းတွေဖြစ်တယ်”

တော်လှန်ရေးအောင်မြင်ဖို့ ဘယ်လိုနေရာဒေသမရွေးကနေမဆို သင်ကိုယ်တိုင် ပါဝင်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ ထောက်ပို့တပ်သား တယောက်အနေနဲ့ တာ၀န်ထမ်းဆောင်ရင်းလည်း တော်လှန်ရေးမှာ သင်ကိုယ်တိုင် ပါ၀င် တာ၀န်ယူနိုင်ပါပြီ။
Read More

ဒီပဲယင်းမြို့ပေါ် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာ ၅ ခုကို တော်လှန်ရေးတပ်တွေ တပြိုင်နက် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာ ၅ ခုကို စက်တင်ဘာ ၁၇ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force အဖွဲ့ထံက သိရပါတယ်။
Read More

ပျူစောထီးတွေကို သင်တန်းပေးနေတဲ့ ကန်နီပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ကန်နီပျူစခန်းအတွင်း သရက်ကွပျူစောထီးတွေကို သင်တန်းပေးနေတဲ့ သတင်းအရ ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲထံက သိရပါတယ်။
Read More

မြင်းခြံ၊ တလုပ်မြို့ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်အား စစ်ကြောင်း ၃ ကြောင်းနှင့် ဝင်ရောက်တိုက်ခိုက်၊ စစ်သား အများအပြား သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှာ တပ်စွဲအထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ CDSOM က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြစ်ကြီးနားတွင် ဧရာဝတီ မြစ်ရေတက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရ (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေတက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အထိမ်းအမှတ် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြားသည့် မိန့်ခွန်း (ရုပ်/သံ)

''ငါတို့မှာ မွန်မြတ်တဲ့ ရည်မှန်းချက် ရှိတယ်။ ငါတို့မှာ ကိုယ်နှုတ်နှလုံးနဲ့ ထောက်ခံပါဝင်နေတဲ့ တော်လှန်ပြည်သူတွေ ရှိတယ်။ ငါတို့မှာ နိုင်ငံအနှံ့ တပ်ဖြန့်နေရာယူထားတဲ့ တော်လှန်ရေးရဲဘော်တွေ ရှိတယ်။ ငါတို့ရဲ့ စစ်ပညာနဲ့ တိုက်စွမ်းရည်ကို ဆက်လက် မြှင့်တင်ကြရမယ်။ ငါတို့ရဲ့ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက် တွေကို နည်းမျိုးစုံနဲ့ ဆက်လက်ဖြည့်ဆည်းကြမယ်"