တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၀ ရက်မှာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်သံခြေထောက်နဲ့ ရဲဘော်ကပ္ပလီတို့ ကျဆုံးခဲ့တာ (၁) နှစ်ပြည့်တဲ့ နေ့ရက် ဖြစ်တယ်လို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော်သံခြေထောက်နဲ့ ရဲဘော်ကပ္ပလီတို့ အပါအဝင် တိုင်းပြည်အတွက် အသက်ပေးလှူ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်း တို့ကို ဒီဇင်ဘာ ၂၀ ရက်မှာ အလံတစ်ဝက် လွှင့်ထူကာ အလေးပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးရဲဘော် သံခြေထောက်ရဲ့ ကျန်ရစ်သူမိသားစုနဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လက ကျဆုံးခဲ့တဲ့ ရဲဘော် F One ရဲ့မိသားစု၀င်တွေက လောင်းလုံး(ပကဖ) ရဲဘော်တွေကို အသားဟင်းနဲ့ ထမင်းတစ်နပ် အာဟာရဒါန ကျွေးမွေးလှူဒါန်းခဲ့တယ်လို့လည်း လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

တောင်သာမြို့နယ် သံဘိုရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ သံဘိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ယောက် သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

PDF နဲ့ ပကဖတွေက စိုးမိုးနယ်မြေတွေအတွင်း အပတ်စဥ်ထုတ် စစ်သတင်းလွှာ ဖြန့်ဝေနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်အနေနဲ့ စိုးမိုးနယ်မြေတွေအတွင်း အင်တာနက်ပြတ်တောက်နေတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ သတင်းအချက်အလက် ရရှိစေဖို့ စစ်သတင်းလွှာကို အပတ်စဥ် ထုတ်ဝေဖြန့်ချိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ဆင်ဖြူကျွန်းရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်တာကြောင့် ပြည်သူများ ရှောင်တိမ်းကြရန် တော်လှန်ရေးတပ်များ အသိပေး

မကွေးတိုင်း၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေ ရှောင်တိမ်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း နဲ့ ဗမာ့တပ်တော် (BA) တို့က အသီးသီး ထုတ်ပြန်ထားပါတယ်။
Read More

သံဃာတော်တွေကို ဆွမ်းကပ်နေချိန် စစ်ကောင်စီက ဗုံးကြဲလို့ အသက် ၁၀ နှစ်အရွယ် ကိုရင် ၁ ပါးအပါ ၃ ဦး သေဆုံး

သံဃာတော်တွေကို နေ့ဆွမ်း ကပ်လှူနေချိန်မှာ အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲလို့ သုံးဦး သေဆုံးပြီ: ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။
Read More

မြန်မာ့တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်ဖြစ်အောင် လုပ်ဆောင်ဖို့ အောင်လင်းဒွေး ပြောကြား

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ဖို့  အာဏာသိမ်းစစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက ပြောကြားလိုက်ပါတယ်။
Read More

နတ်တလင်းတွင် လေဖြတ်ထားသည့် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားကို ပြောက်ကျားဝတ်စုံ ဝတ်ထားလို့ဆိုပြီး စစ်အုပ်စု ပစ်သတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စိတ်ရောကိုယ်ပါ ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ယောက်ကို ပြောက်ကျားဝတ်စုံ ဝတ်ထားမှုကြောင့် အကြမ်းဖက်စစ်အုပ်စုက ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။ ဒီဇင်ဘာ ၂ရက်နေ့က နတ်တလင်းမြို့နယ် ငုတ်တိုရွာထဲကို အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာချိန် ရွာထဲမှာ လေဖြန်းပြီး ကျန်နေခဲ့တဲ့ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၄၆ နှစ်အရွယ် ဦးညီညီကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။