ရခိုင်ပြည်နယ်၊ အမ်းမြို့က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ရက္ခိုင့်တပ်တော် AAက ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်နေစဥ်ကာလမှာပဲ၊ ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာရှိတဲ့ အမြှောက်တပ် ၃၄၄ တပ်ရင်းထဲမှာ အရေးပေါ်လေယာဉ်ကွင်းငယ်တစ်ခု ဆောက်လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
စစ်ကောင်စီအနေနဲ့ ရက္ခိုင့်တပ်တော် AA က ဧရာဝတီတိုင်းအတွင်း ဝင်ရောက်လာမှာကို စိုးရိမ်နေတာကြောင့် ရခိုင်နဲ့ ဧရာဝတီအစပ်မြို့နယ်တွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားနေသလို အနောက်တောင်တိုင်းစစ်ဌာနချုပ်ထဲမှာလည်း စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံများရဲ့ ပြောပြချက်အရ သိရပါတယ်။
“အမြှောက်တပ် ၃၄၄ မွာ အရေးပေါ် လေယာဉ်ကွင်းငယ်တစ်ခု တည်ဆောက်နေတယ်လို့ ကြားရတယ်၊ အဲဒီထဲမှာ ရဲတွေ၊ စစ်သားတွေ မီးသတ်တွေနဲ့ Non CDM တွေကိုပါ အရေးပေါ်အတင်းအဓမ္မ ခေါ်ယူထားပြီး လူအင်အား စက်အင်အားတွေနဲ့ တည်ဆောက်နေတယ်” လို့တော်လှန်ရေးတပ်ဖွဲ့များနဲ့ နီးစပ်သူ ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
“မီးသတ်ကားတွေနဲ့ ရေသယ်ယာဉ်တွေနဲ့ အလုပ်ရှုပ်နေကြတယ်၊ လေယာဉ်ကွင်း အမြန်ဆောက်လုပ်ဖို့အတွက် ထွေအုပ်ဝန်ထမ်းတွေကိုပါ လူခေါ်ခိုင်းတာတွေ လုပ်နေပြီး အားချင်း လေယာဉ်ကွင်း ဆောက်လုပ်နေတာ တွေ့တယ်” လို့လည်း နောက်ထပ်ရေကြည်မြို့ဒေသခံ ၁ ယောက်က ဆက်ပြောပါတယ်။
ဒါ့အပြင် အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တိုင်းစစ်ကောင်စီအစိုးရအဖွဲ့ကလည်း ဧရာဝတီတိုင်းအတွင်းကနေ အနယ်နယ်အရပ်ရပ်ကို ကုန်စည်ပို့ဆောင်နေတဲ့ ကုန်တင်ကားတွေကို တိုင်းမြို့တော် ပုသိမ်မြို့ကနေ ထွက်ခွာခွင့် အရေးပေါ်ပိတ်ပင်တားမြစ်လိုက်ပြီး၊ ရခိုင်ပြည်နယ်ကို သွားလိုရမယ့် ကုန်းလမ်းနဲ့ ရေလမ်းကြောင်းတွေကိုလည်း တိုင်းအစိုးရအမိန့်နဲ့ ပိတ်ပင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
0 Shares:
You May Also Like
Read More

မေလ တတိယအပတ်အတွင်း အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၂၅ ဦးရှိ၊ စစ်သုံ့ပန်း ၉ ဦး အရှင်ဖမ်းမိ

နိုင်ငံတစ်ဝန်းမှာ မေလ တတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက် ကူးပြောင်းအလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမှာ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ယောက်ထက်မနည်း သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ်တွင် လူ့အခွင့်အရေး အသိပညာပေးမှုပြုလုပ်

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးဧရိယာတစ်ခုမှာ ဒေသခံပြည်သူတွေအတွက် လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ အခြေခံအကြောင်းအရာတွေကို အခုစက်တင်ဘာလထဲမှာ ဆွေးနွေးပြောကြားမှု ပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကျောင်းသားများကို ဗုံးကြဲသတ်သည့် မြန်မာစစ်တပ်ကို ICC တွင် တရားစွဲရန် လိုအပ်ကြောင်း APHR ပြော

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသူကျောင်းသားတွေ သေဆုံးခဲ့တဲ့ဖြစ်စဥ်အတွက် လက်သည်တရားခံ စစ်ကော်မရှင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှာ တရားစွဲဖို့လိုအပ်ကြောင်း အာဆီယံလွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့ (APHR) က ထုတ်ပြန်ပါတယ်။
Read More

AA ယူနီဖောင်း ဝတ်ထားသူတချို့ စစ်သုံ့ပန်း ၂ ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှု ICC စုံစမ်းစစ်ဆေးဖို့ Fortify Rights အဖွဲ့ တောင်းဆို

ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းအရ AA ယူနီဖောင်း ဝတ်ထားသူတချို့က စစ်သုံ့ပန်း ၂ ယောက်ကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC ) ကနေ စုံစမ်းစစ်ဆေးဖို့ ထိုင်းအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့အစည်း Fortify Rights အဖွဲ့က ဇန်နဝါရီ ၂၃ ရက် ဒီနေ့မှာ တောင်းဆိုထုတ်ပြန်လိုက်ပါတယ်။
Read More

AA ရဲ့ ထိုးစစ်တွေကြောင့် ဂွမြို့နယ်ထဲက စစ်ကောင်စီ အမြောက်တပ် နောက်ဆုတ်ထွက်ပြေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ဇီးကုန်းရွာထဲမှာ အထိုင်ချပြီး အနီးတဝိုက် ကျေးရွာတွေကို ပစ်ခတ်နေတဲ့ စစ်ကောင်စီ အမြောက်တပ်က အကြမ်းဖက်စစ်သားတွေဟာ ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် နောက်ဆုတ်ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။