ကရင်ပြည်နယ်၊ ဖားအံမြို့က သံလွင်တံတားရှိ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရှာဖွေမှု ပြုလုပ်ပြီးနောက် စစ်သားသစ်အဖြစ် ပေါ်တာဆွဲခံရသူအရေအတွက်က တစ်ပတ်တာအတွင်းမှာပဲ လူဦးရေ ၁၀၀ ကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ အဆိုပါအကြမ်းဖက်စစ်တပ်ဂိတ်နဲ့​ နီးစပ်သူတွေဆီက သိရပါတယ်။
အဲ့ဒီစစ်ဆေးရေးဂိတ်မှာ တစ်ရက်ကို ခရီးသွားပြည်သူ အယောက်၂၀ ကနေ အယောက် ၃၀ အထိ စစ်ဆေးဖမ်းဆီးခံနေရတာဖြစ်သလို ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၁၆ နှစ်ကနေ အသက် ၄၀ ခန့်ရှိတဲ့သူတွေ အများဆုံးအဖမ်းခံခဲ့ရကာ တပ်သားသစ်လုပ်ဖို့ စစ်တပ်ထဲ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
“အခု တံတားစစ်ဆေးရေးဂိတ်မှာ ရှာဖွေစစ်ဆေးနေတဲ့တပ်က လူငယ်မှန်သမျှ ကားပေါ်က ဆွဲချစစ်ဆေးတာ၊ ပုံစံကြည့်ရတာ ပေါ်တာဆွဲနေသလိုပဲ၊ အရင်က စစ်ဆေးရုံပဲ၊ ဖုန်းတွေယူစစ်တယ်၊ အင်္ကျီ ချွတ်ခိုင်းပြီး စစ်ဆေးတယ်၊ အခုကအဲလိုမဟုတ်တော့ဘူး၊ လူငယ်လူလတ်တွေ ပါလာတဲ့ကားတွေကို ကားပေါ်က ဆွဲချပြီး ကားကိုတော့ ဆက်ထွက်ခိုင်းတာ တွေ့ရတယ်”လို့ အဆိုပါ စစ်ဆေးရေးဂိတ်နဲ့နီးစပ်သူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
“ကျွန်တော်တို့ကတော့ ယာဥ်မောင်းဆိုတော့ ဘာမှလုပ်မရဘူး၊ အခုနောက်ပိုင်း ကားစီးမယ့် ရီးသည်တွေကိုတော့ စီစစ်ပေးနေပါတယ်၊ ဘယ်အထိ စီးမလဲ၊ ဘယ်ကို သွားမလဲ၊ ဘာတွေအထောက်ထားပါလဲ၊ ငယ်ရွယ်တဲ့လူငယ်တွေဆိုရင်တော့ သံလွင်ဂိတ်မှာ အစစ်အဆေးကြမ်းတယ်၊ နောက်ရက်မှ သွားလို့မရဘူးလား အစသဖြင့်တော့ ရှင်းပြပေးတာပဲ၊ မရမက လိုက်မှ ရမယ်ဆိုရင်တော့ ခရီးသည်သဘော တင်ဆောင်ပေးနေတယ်”လို့လည်း အဲ့ဒီစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာနေတဲ့ ခရီးသည်တင်ကားရဲ့ ယာဥ်မောင်း ၁ ယောက်က ဆိုပါတယ်။
ကရင်ပြည်နယ်အတွင်း မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ဘားအံ၊ လှိုင်းဘွဲ့မြို့နယ်တွေမှာလည်း အကြမ်းဖက်စစ်တပ်က တပ်သားသစ် လိုအပ်ချက်အရ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုပြီး ရပ်ကွက်ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေဆီမှာ ဖိအားပေးကာ လူစုခိုင်းနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ – သံလွင်တံတားနဲ့ သံလွင်တံတားအနီးက စစ်ဆေးရေးဂိတ် (ပုံဟောင်း)
0 Shares:
You May Also Like
Read More

CDM ဆရာဝန်များကို ပြည်ပမှာ ဆက်လက် အလုပ်လုပ်ကိုင်ဖို့နဲ့ ပညာသင်ယူဖို့ ဖယ်ဒရယ် ဆမ လိုင်စင်များ ထုတ်ပေးထားဟု ဆို 

စစ်ကောင်စီက သူ့လက်အောက်မှာ နိုင်ငံ့ဝန်ထမ်း မလုပ်ဘဲ ဆေးတက္ကသိုလ်တွေမှာ ပညာသင်ယူပြီးစီးခဲ့တဲ့ ဆရာဝန် ၁၀၀၀ ကျော်ကို အမည်ပျက်စာရင်းသွင်းထားမှုအပေါ်  အများစုကို ဖက်ဒရယ် ဆမ လိုင်စင်များထုတ်ပေးပြီး နိုင်ငံတကာမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့  ဆောင်ရွက်ပေးထားကြောင်း  ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ဥက္ကဋ္ဌ ၊ ဆေး နှင့်ဆေးနှီးနွယ်တက္ကသိုလ်များရဲ့ အဓိပတိ ဖြစ်သူ ပါမောက္ခဒေါက်တာခင်မောင်လွင် က ပြောပါတယ်။
Read More

မုံရွာမြို့ ရေဦးဆန်ဆိုင်ဂိတ်ကို တော်လှန်ရေးအဖွဲ့များ အလစ်အငိုက်ဝင်ပစ်၊ စစ်ဗိုလ်နှင့် ရဲအရာရှိအပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ရေဦးဆန်ဆိုင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှုမှာ အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်သား ၄ယောက် သေဆုံးခဲ့ကြောင်း Gue Gue PSF စစ်ကြောင်း (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့) တာဝန်ခံ ဂူးဂူးက မောင်းကိုပြောပါတယ်။
Read More

ဖယ်ခုံနှင့် ညောင်ရွှေအစပ်မှာ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဗိုလ်မှူးအပါ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်အစပ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် ၅ ယောက်ထက်မနည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ၁၀၀၆ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား ၃ ဦး KNLA ထံ အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ်က စစ်မှုထမ်းတပ်သား ၃ယောက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ တပ်ရင်း (၉) ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ၃ လတာအတွင်း စစ်​ကောင်စီတပ်ရင်းစခန်းများစွာ သိမ်းပိုက်ထားနိုင်၊ စကခ (၂၁) ကို ဆက်လက် ထိုးစစ်ဆင်နေ

၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေရဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ၃ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေ များစွာ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနဲ့ တရုတ်ပေါင်းပြီး လိမ်လည်ဂိုဏ်းတွေ တိုက်ဖျက်ဖို့ ဘန်ကောက်နဲ့ မဲဆောက်မှာ ရုံးဖွင့်မယ်

မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ်တလျှောက်မှာ တရားမဝင် တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ အလျင်အမြန် တိုးပွားလာမှုကို တိုက်ဖျက်ဖို့ ထိုင်းနဲ့ တရုတ်အစိုးရတို့ပေါင်းပြီး ညှိနှိုင်းရေးရုံးတွေ ဖွင့်လှစ်သွားမယ်လို့ Reuters က သတင်းဖော်ပြပါတယ်။