မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်အစပ် ထန်းပင်ကုန်းရွာက စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး၊ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၉)ရက်နေ့မနက်ပိုင်းမှာ ပုသိမ်ကြီးမြို့နယ်၊ ထန်းပင်ကုန်းရွာ တပ်စခန်းကို MDY PDF က အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာပါ။
ဒီဇင်ဘာ ၂၀ရက်မနက်ပိုင်းမှာ မတ္တရာမြို့ထဲ အခြေချတပ်စွဲနေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး၊ စကားပင်၊ အုတ်ဖိုနဲ့ သန်းကုန်းရွာတွေကြားကို လက်နက်ကြီးကျည်များ ကျရောက်ခဲ့ကြောင်း Voice of Mandalay အဖွဲ့ကပြောပါတယ်။ ဒါ့အပြင် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်ခဲ့တဲ့အတွက် ဒေသခံများ တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
“အခုတော့ မတ္တရာအရှေ့ခြမ်းက ထန်းပင်ကုန်းရွာကို MDY PDF ကသိမ်းလိုက်ပြီလို့ သိရတယ်။ မတ္တရာအနောက်ခြမ်းက ရွာသုံးရွာကိုလည်း MDY ကပဲ ထိန်းထားပါသေးတယ်။ တစ်ဖက်မှာလည်း မတ္တရာမြို့ပေါ်အထိုင်တပ်ကနေ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နေရာတွေ၊ အထူးသဖြင့် လွတ်မြောက်နယ်မြေဖြစ်ပြီးသားလို့ ပြောလို့ရတဲ့ အုတ်ဖို သန်းကုန်းရွာတွေဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေပါတယ်။ နောက်ပြီး မတ္တရာအနောက်ခြမ်းက မြွေဥဒိန်နဲ့အနီးတဝိုက်က ရွာတွေကို နေ့တိုင်းလိုလိုမီးဝင်ရှို့နေပါတယ်” လို့ Voice Of Mandalay အဖွဲ့တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သလို တိုက်ပွဲအပြီး ဒီဇင်ဘာ ၁၉နဲ့ ၂၀ရက်နေ့တွေထဲမှာတော့ စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၆ရက်ကလည်း တော်လှန်ရေးအဖွဲ့များ ယာယီလက်လွှတ်ခဲ့ရတဲ့ မတ္တရာအနောက်ခြမ်းကို မန္တလေး PDFက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး၊ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောက်ကျေးရွာများရှိ စစ်ကောင်စီစခန်းတွေကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။ လက်ရှိမှာတော့ မန္တလေး PDF ဟာ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်း လေးဆယ်နီးပါးကို သိမ်းပိုက်ရရှိထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF အနေနဲ့ လက်ရှိမှာ မတ္တရာမြို့နည်းတူ သပိတ်ကျင်းနဲ့ နောင်ချိုမြို့နယ်တွေမှာလည်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့အသိပေးထားပါတယ်။
0 Shares:
You May Also Like
Read More

မြဝတီမြို့တွင် အမျိုးသမီးတစ်ဦး ကြိုးတုတ်ခံထားရပြီးဒဏ်ရာများနှင့် သေဆုံးနေ

ကရင်ပြည်နယ် ၊ မြဝတီမြို့ အမှတ် (၃)ရပ်ကွက်မှာ အမျိုးသမီးတစ်ဦး ကြိုးတုတ်ခံထားရပြီး ဒဏ်ရာတွေနဲ့သေဆုံးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ဂန့်ဂေါမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်း ပြုလုပ်ပေးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြောင်းမဲ့ အထိုးခံရတာကြောင့် သွားရောက်တိုင်ကြားသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များ သေနတ်ဖောက် ရိုက်နှက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက် အကြောင်းမဲ့ ထိုးနှက်ခံရမှုအတွက် သွားရောက်တိုင်ကြားကြရာမှာ ထောင်အာဏာပိုင်တွေက အဲ့လိုတောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သေနတ်ဖောက်ပြီး ရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။
Read More

ကျဆုံးရဲဘော်များကို ရည်စူးပြီး ပြုလုပ်သည့် ရေနံချောင်း PDF ၏ ဝါတွင်းကာလ ကောင်းမှုကုသိုလ် (ဓာတ်ပုံသတင်း)

၁၃၈၇ခုနှစ် ဝါတွင်းအခါသမယမှာ နွေဦးတော်လှန်ရေးကာလအတွင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျဆုံးရဲဘော်တွေအတွက် ရည်စူးပြီး ဘုရားအမှူးရှိတဲ့ သံဃာတော်အရှင်သူမြတ်တို့ကို ဝါဆိုသင်္ဃန်းအစရှိတဲ့ ဆွမ်းခဲဖွယ်ဝတ္ထုတို့ ဆက်ကပ်လှူဒါန်းကာ ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့တယ်လို့ ရေနံချောင်း PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းမြို့နယ်တွင် နေအိမ်အလုံး ၆၀ ကျော်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း နေအိမ် အလုံး ၆၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

SSLRU ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်းအနားကို ရှမ်းတောင်ဒေသ တ‌စ်နေရာမှာ ဒီဇင်ဘာလ (၂၀) ရက် ဒီနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။