ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းကနေ နတ်တလင်းမြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ဦး သေဆုံးသွားတယ်လို့ ၃၆၀၁ PPDFတပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ အဆိုပါ အင်အား ၄၀ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို လှေကထောင်တဲတိုက်အနားမှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ (၂) ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုမှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁ဦး သေဆုံးသွားပြီး ၁ဦး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
“၂ဦးလဲကျသွားပြီး ၁ဦး သေတာကတော့ မျက်မြင်ပါပဲ။ ထိခိုက်ဒဏ်ရာရသွားတဲ့ ၁ယောက်ကလည်း ဒဏ်ရာတော်တော်ပြင်းပါတယ်။ သေနိုင်တယ်ပေါ့နော်။ သူ့ကိုတော့ သေလား မသေလား အတည်မပြုနိုင်သေးပါဘူး။” လို့ ၃၆၀၁ PPDFတပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက မောင်းကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်မျိုုးစုံနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေကတော့ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ လှေကထောင်တဲတိုက်နဲ့ သိမ်ကုန်းတဲတိုက်က ပြည်သူအချိုကိုအတင်းခေါ်ကာ သေဆုံးအလောင်းနဲ့ ဒဏ်ရာရသူတွေကို လှည်းပေါ်တင်ပြီး နတ်တလင်းမြို့နယ် ကွင်းကြယ်ရွာအထိုင်စခန်းကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို မတ်လ ၁၅ ရက် ဒီနေ့မှာ လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေး ဂရိတ်ဝေါဟိုတယ်အတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ထုတ်ယူခွင့်မပြုသည့်အပေါ် ဝေဖန်တောင်းဆိုမှုများ မြင့်တက်နေ

ငလျင်ဒဏ်အပြီး တစ်ပတ်နီးပါးရှိလာချိန် ဟိုတယ်အတွင်း ကျန်ရစ်တဲ့ ပိတ်မိနေသူတွေကို  ကယ်ဆယ်ရှာဖွေခွင့် ကန့်သတ်ပိတ်ပင်ထားတဲ့ မန္တလေး ဂရိတ်ဝေါဟိုတယ်အပေါ်  ကျန်ရစ်တဲ့ မိသားစုဝင်တွေက ငိုယိုအကူညီတောင်းခံနေကြကြောင်း သိရပါတယ်။ 
Read More

စလင်းမြို့နယ်တွင် လူ့အခွင့်အရေး အသိပညာပေးမှုပြုလုပ်

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးဧရိယာတစ်ခုမှာ ဒေသခံပြည်သူတွေအတွက် လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ အခြေခံအကြောင်းအရာတွေကို အခုစက်တင်ဘာလထဲမှာ ဆွေးနွေးပြောကြားမှု ပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးရဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ မှတ်တမ်းပုံရိပ်များ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်က ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးရဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ ရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြလာပါတယ်။ Federal Wings ဒရုန်းတပ်ဖွဲ့တိုင်းရဲ့ ဖွဲ့စည်းပုံအရ စစ်ရေးနဲ့ အုပ်ချုပ်ရေးကိစ္စအဝဝကို လက်တွဲထားတဲ့တပ်ဖွဲ့တွေကသာ အလုံးစုံတာဝန်ယူဆောင်ရွက်ရတာဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်တွေကိုသာ Federal Wings က တာဝန်ယူဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။
Read More

သိမ်းငှက်စစ်ဆင်ရေးအတွင်းနှင့် ရပ်နားထားချိန်အတွင်း မော်လိုက်ခရိုင် တပ်ရင်း (၂ ၊ ၄) ထံ စစ်အုပ်စုအဖွဲ့ဝင် ၅ဦး လက်နက်များနှင့် အလင်းဝင်ခဲ့

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ပျူစောထီး ၁ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ကာ အလင်းဝင်ရောက်လာပြီးတဲ့နောက် "သိမ်းငှက်စစ်ဆင်ရေး" အပြီး မော်လိုက်တပ်ရင်းတွေထံ အလင်းဝင်ရောက်လာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် ၅ယောက်အထိ ရှိလာကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်နေသည့် အကြမ်းဖက် စစ်အုပ်စု တိုက်နယ် ၃ခုကို လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်နယ် ၃ ခုကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ အရပ်သား ၁ ယောက်သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။