ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင်ကျေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် – DKBA ရဲ့ ဌာနချုပ်မှာ နှစ် ၃၀ ပြည့်တပ်မတော်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ဆီက သိရပါတယ်။
DKBA တပ်မတော်နေ့ နှစ် ၃၀ ပြည့်အခမ်းနားကို ဒီဇင်ဘာလ ၂၁ ရက် ဒီနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ရှိ DKBA တပ်ဖွဲ့ဝင်တွေအပြင် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေပါ တတ်ရောက်ခဲ့တယ်လို့ သိရပါတယ်။
“ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်တည်ထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့တာပါ၊ စစ်ရေးပြအခမ်းအနားပြုလုပ်ခဲ့ပြီး စစ်ရေးပြအခမ်းအနားနဲ့ ချီတက်အလေးပြုခြင်း၊ DKBA တပ်ဖွဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်စောရွှေဝါးက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး DKBA တပ်ဖွဲ့ စစ်ရေးပြတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်”လို့ အဆိုပါပွဲကို တက်ရောက်ခဲ့တဲ့ DKBA ရဲ့ မဟာမိတ်တပ်ဖွဲ့ တစ်ဖွဲ့မှ ဗိုလ်ရန်နိုင်က မောင်းသတင်းဌာနကို ပြောပါတယ်။
DKBA တပ်မတော်နေ့ နှစ် ၃၀ ပြည့်အခမ်းအနားကို မဟာမိတ် ကရင်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ BGF တပ်ဖွဲ့တွေ တက်ရောက်ခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက် မနက်ပိုင်းမှာ ၁ နာရီကြာပြုလုပ်ခဲ့တယ်လို့လည်း ဗိုလ်ရန်နိုင်က ပြောပါတယ်။
DKBA တပ်မတော်နေ့မှာ ဘောလုံးပြိုင်ပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေပါ ပြုလုပ်ခဲ့ပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်နေ့အခမ်းအနားဟာ နှစ်စဥ်ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။
ပုံစာ – DKBA နှစ် ၃၀ ပြည့်အခမ်းအနား
0 Shares:
You May Also Like
Read More

ငလျင်အတွက် လူသားချင်းစာနာမှု အကူအညီတွေအဖြစ် နိုင်ငံတကာ တန်ချိန် ၃၇၀၀ ကျော်ရရှိထားဟု စစ်ကောင်စီ ဆို

အင်အားပြင်းငလျင်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအဖြစ် နိုင်ငံတကာက တန်ချိန် ၃၇၀၀ ကျော်ရရှိထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။
Read More

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ လေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်၊ လက်ရှိပြုလုပ်နေသော ဆန်အိတ်တစ်ရာကမ်ပိန်းတွင်လည်း ပါဝင်ကူညီပေးကြပါရန် တိုက်တွန်း

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ ဒီကနေ့ လေးနှစ်ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။
Read More

သာဂရမြို့ဟောင်းက မြို့ရိုးတွေ ဖြိုချနေမှုမှာ ဗထူးတပ်မတော် ပါဝင်ပတ်သက်နေတယ်လို့ ပြောဆိုမှုတွေရှိနေ၊ စွပ်စွဲမှုတွေအပေါ် ဗထူးတပ်မတော် ငြင်းဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က နှစ် တစ်ထောင် သက်တမ်းရှိ ထားဝယ်ရှေးဟောင်းအမွေအနှစ် သာဂရမြို့ဟောင်း၊ မြို့ရိုးတွေကို စက်ယန္တရားသုံးဖြိုချနေတဲ့ အပေါ် ဝေဖန်ပြောဆိုမှုတွေ မြင့်တက်နေပါတယ်။
Read More

ဘုရားသုံးဆူမှာ အသက် ၈နှစ်အရွယ် ကလေးအပါအဝင် မိသားစုလိုက် ၃လောင်းပြိုင် အသတ်ခံရ

ကရင်ပြည်နယ်၊ ကြာအင်းမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က မိသားစုလိုက် ၃လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

Burma Revolution Rangers ထံ ပခုက္ကူအခြေစိုက် တပ်ရင်းများမှ စစ်သားအယောက် ၃၀ နီးပါး အလင်းဝင်ရောက်ထား၊ အများစုက စစ်မှုထမ်းများ ဖြစ်

စစ်မှုထမ်းဥပဒေပြဋ္ဌာန်း ပြီးချိန်က စလို့ ဒီကနေ့အထိ Burma Revolution Rangers တပ်ဖွဲ့ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ နီးပါး အလင်းဝင်ခိုလှုံထားကြောင်း တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဒီမွန်က မောင်းကို ပြောပါတယ်။
Read More

ဇေယျဝတီဘူတာရုံ အပါအဝင် ဖြူးမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ပကဖတပ်ဖွဲ့ဝင်များ  ဝင်ရောက်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်က ဇေယျဝတီမြို့ဘူတာရုံအပါအဝင် စစ်ကောင်စီတပ်တွေရှိနေတဲ့  မြို့ပေါ်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း  ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။