မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ မိုင်းနင်းမိပြီး ကပစ ၂၂ က အကြမ်းဖက်စစ်သား ၃ယောက်သေကာ ၂ ယောက်စိုးရိမ်ရကြောင်း တကိုယ်တော် ကိုကျားဇိုး က မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာလ ၁၉ ရက်၊ ညပိုင်းက ဆိပ်ဖြူမြို့နယ်၊ အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံဝန်းထဲမှာရှိတဲ့ F လိုင်းခန်း၊ စတိုဂိတ်အနီးမှာ တော်လှန်ရေးအဖွဲ့ဝင်တွေက ပြင်းအားမြင့် တိုက်မိုင်း ၃ လုံး သွားရောက်ထောင်ထားခဲ့တယ်လို့ သိရပါတယ်။
နောက်တစ်နေ့ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းနဲ့ နေ့လည်ပိုင်းမှာတော့ မိုင်းတွေတစ်လုံးပြီးတစ်လုံးပေါက်ကွဲပြီး ဝန်းထဲရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ တကိုယ်တော်ကျားဇိုးက ပြောပါတယ်။
ဒီမိုင်းတွေကို တကိုယ်တော် ကျားဇိုး နဲ့အတူ ပေါက်တောင်ပိုင်း Y.R.F ပကဖ တို့က အတူပူးပေါင်းပြီးသွားထောင်ခဲ့တာလို့လည်း သိရပါတယ်။
” မိုင်းထောင်ခဲ့တဲ့ နေရာက ကပစ၂၂ဝန်း F လိုင်းခန်း၊ စတိုဂိတ်နဲ့ အနီးကပ်အကွာမှာထောင်ခဲ့တာပါ။ ဆိုင်ကယ်စီးရင် ၁မိနစ်လောက်ပဲကြာတယ်။ အဲ့မှာထောင်ခဲ့တာပါ။ လက်ရှိအခြေအနေ အရ ထိခိုက်ဒဏ်ရာ​ရထားတဲ့အထဲစိုးရိမ်ရတာ၂ယောက်ရှိတယ်။အခြားဒဏ်ရာရထားတဲ့သူတွေလည်းရှိတယ်” လို့ တကိုယ်တော် ကျားဇိုးက မောင်းသတင်းဌာနကို ပြောပါတယ်။
မိုင်းမိပြီးတဲ့​နောက်မှာတော့ အကြမ်းဖက်စစ်ကောင်စီက ကပစ ၂၂ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဖက်ကနားကျေးရွာတောတိုက်ကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကပစ ၂၂ဂိတ်စောင့်စစ်သားတွေက ဆိုင်ကယ်စီးအရပ်သား၂ယောက်ကိုလည်းရမ်းသမ်းပစ်ခတ်ရာ တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အခုလိုမျိုးထိတွေ့မှုတွေရှိနေတဲ့အတွက် ဆိပ်ဖြူ- ပေါက်လမ်းအပါဝင် လမ်းပိုင်းတွေကို အရပ်သားတွေ သတိထားသွားလာကြဖို့နဲ့ ကပစ ၂၂ အနီးပတ်ဝန်းကျင်က ကျေးရွာတွေထဲ ဒရုန်းအန္တရယ်တွေ ရှိနေကြောင်းပေါက်တောင်ပိုင်း Y.R.F ပကဖ ကထုတ်ပြန်ထားပါတယ်။
ပုံစာ – ကပစ ၂၂ ဝန်းထဲ မိုင်းဝင်ထောင်ခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

မယ်သမီခီး (ထီးခီး) ကျေးရွာကို စစ်အုပ်စု ဆက်တိုက် လေကြောင်းတိုက်ခိုက်နေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး (ထီးခီး) ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့ အောက်တိုဘာ ၁၄ ရက်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

ကျန်းမာရေးမကောင်းသည့် စစ်ရှောင်မိန်းကလေးကို ရှမ်းနီ SNA တပ်သား အဓမ္မပြုကျင့်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်သားက စစ်ရှောင်အမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ မိသားစုဝင်ထံက သိရပါတယ်။
Read More

ကျားဖြန့်ကိစ္စ အမေရိကန် စွက်ဖက်ဖို့ လုပ်တာဟာ ပွဲလန့်တုန်း ဖျာဝင်ခင်းတာလို့ ဇော်မင်းထွန်း ပြော

ကျားဖြန့်နှိမ်နင်းရေးကိစ္စမှာ အမေရိကန်နိုင်ငံက ဝင်ရောက်စွက်ဖက်ဖို့ လုပ်ဆောင်နေတာဟာ ပွဲလန့်တုန်း ဖျာခင်း ဖို့သာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းတွေ အဆင့်မြင့်လာပြီလား

စစ်ကောင်စီဟာ အရင်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အခါ ရဟက်ယာဉ်၊ ဂျပ်ဖိုက်တာတွေကိုသာ အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာ တိုက်ခိုက်ရေး ဒရုန်းတွေကို တွယ်ကျယ်စွာ အသုံးပြုလာနေပါပြီ။
Read More

အုတ်ဖိုက ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ယောက်သေပြီး လက်နက်တွေပါ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံးပြီး လက်နက်တွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲက‌ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အောင်ပန်း-မန္တလေး လမ်းမပေါ် ရေပြာအိုင်အနီး ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် လမ်းပိုင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အောင်ပန်း - မန္တလေး လမ်းမပေါ်မှာ လမ်းပိုင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် - ၁၀၀၃ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။