ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၂၉ ယောက်သေပြီး ၂၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၄ ကနေ ဒီဇင်ဘာ ၂၀ ရက်ထိ ၇ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က ၂၁ ကြိမ် သွားရောက်တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၈ ကြိမ်နဲ့ စခန်းသိမ်းတိုက်ပွဲ ၂ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၂၉ ယောက် သေဆုံးပြီး ၂၅ ယောက် ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်က MA အမျိုးအစား ၇ လက်၊ G3 ၂ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ ကျည်ဘောက်စုံ ၁၆ ခုနဲ့ ခဲယမ်းစုစုပေါင်း ၁,၂၇၀ တောင့် တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော် ၂ ယောက် ကျဆုံးခဲ့ပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း Loikaw Local PDF Alpha (2) တပ်ရင်း အမှတ်(၂) တပ်စုမှူး ကျဆုံး

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်းတိုက်ပွဲအတွင်း လွိုင်ကော်မြို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ်(၂) - Loikaw Local PDF Alpha (2) က တပ်စုမှူး ရဲဘော် ကျော်ထက်(ခ) ထက်ကြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မြိတ်ခရိုင်အတွင်းက လမ်းပိုင်းတချို့မှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ သွားလာကြပါ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလောမြို့နယ်၊ မြိတ်မြို့နယ် နဲ့ တနင်္သာရီမြို့နယ်တို့က လမ်းပိုင်းတချို့မှာ မနက် ၆ နာရီကနေ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က အသိပေးထုတ်ပြန်လာပါတယ်။
Read More

စုစည်းညီညွတ်အားဖြင့် တိုက်ပွဲဝင်ရန် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း

အကြမ်းဖက် စစ်အာဏာရှင်ကို ဗျူဟာမြောက် ခုခံတွန်းလှန်ဖို့အတွက် တပ်ဖွဲ့ ၁၉ ဖွဲ့ ပါဝင်တဲ့ “နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု” ကို ဖွဲ့စည်းလိုက်ကြောင်း မနေ့က ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီ နေ့စဉ် လေကြောင်းတိုက်ခိုက်နေရင်း ဟန်ပြအပစ်ရပ်မှုကို ဆက်လက်သက်တမ်းတိုး

ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြပြောဆိုကာ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းအကြောင်းပြ ငွေကောက်ကာ စစ်သားတွေနဲ့ ခွဲဝေယူနေတဲ့ အုပ်ချုပ်‌ရေးမှူး ဖမ်းဆီးရှင်းလင်းခံရ

မကွေးတိုင်း၊ ကံမမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာက အကြမ်းဖက်စစ်တပ်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။