စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အခြေစိုက် လက်နက်ကြီးတပ်ပေါင်းစု မဟာမိတ်ညီနောင်များ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၉ ရက်က မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ မြို့ပေါ်စခန်း၊ ကံစွယ်ဘုန်းကြီးကျောင်းနဲ့ မြို့နယ်ခန်းမတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဟာ နံနက် ၈ နာရီကနေ နေ့လယ် ၁ နာရီထိကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ အများအပြားထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဆားလင်းကြီးမြို့အတွင်းရှိ နေအိမ် ၁၆ လုံးကို မီးထွက် ရှို့ပြီး ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို RoyalRoyal Brother၊ ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ (CDF) ၊ SPDF၊ ချင်းတွင်းဒိုင်းနမိုက်၊ ဇာနည်သွေး ၊ ပွဲတိုင်းကျော်၊ SoLoအောင်ကြီး၊ တောဘုရင်ဗိုလ်ယက္ခ၊ ဒေါင်းတမာန်-GZ၊ မျိုးဆက်သစ်-ကိုလေး၊ 5/Fighter Group၊ တောင်ပံနီ၊ အာဏာရှင်တော်လှန်ရေး၊ တောသားကြီး၊ ဒေါင်းဖိုက်တာ၊ အညာသားကြီး၊ ဖီးနစ်၊ အညာမြေဝေကြီး၊ မုံရွာတပ်ရင်း(၂၃)၊ ကမြင်းနီ(PDF)၊ မုံရွာအကျဥ်းဦးစီးဌာန၊ ပြည်သူအားလုံးရဲ့ PK၊ BNRAခွဲ(၃)၊ BAD Tigers နဲ့ Fighter 9 အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့အရှေ့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းအား လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ရွာမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၇၀ ခန့်ဟာ မြင်းခြံမြို့နယ်အရှေ့ဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ဒီဇင်ဘာ ၁၃ ရက်က ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

သေ့ဘောဘိုးစခန်းဆီ စစ်ကူလာသော အကြမ်းဖက်စစ်ကြောင်းအား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အများအပြား ဖမ်းဆီးရမိ (ရုပ်/သံ)

ဝေါ်လေဗျူဟာစခန်းကနေ သေ့ဘောဘိုးစခန်းဆီ စစ်ကူလာတဲ့ အင်အား (၇၀)ပါ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် PDF ဗျူဟာ ၃၂ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
Read More

ဘန်ကောက်မြို့လယ်စျေးတွင် သေနတ်သမား ပစ်ခတ်မှုကြောင့် လုံခြုံရေးဝန်ထမ်း ၄ ယောက်နဲ့ စျေးသည် ၁ ယောက် သေဆုံး (ရုပ်/သံ)

ဇူလိုင် ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ချာထူချက်စျေးမှာ သေနတ်သမား ၁ ယောက်က လုံခြုံရေး ၄ ယောက်နဲ့ စျေးသည် ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

တောင်သာ-ကျောက်ပန်းတောင်းလမ်းအထွက်မှာ ဘန်ကာ၊ ကတုတ်ကျွင်းတွေနဲ့ အခိုင်အမာတည်‌ဆောက်ထားတဲ့ စစ်ကောင်စီအထိုင်စခန်းအား စီးနင်းတိုက်ခိုက်၊ ငွေ သိန်း ၉၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာ-ကျောက်ပန်းတောင်းလမ်းအထွက်မှာ ဘန်ကာ၊ ကတုတ်ကျွင်းတွေနဲ့ အခိုင်အမာတည်‌ဆောက်ထားတဲ့ စစ်ကောင်စီအထိုင်စခန်းအား စီးနင်းတိုက်ခိုက်ပြီး ငွေသိန်း ၉၆ သိန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Taung Tha People Defense Force က ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက် စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဆောက်လုပ်ထားသည့် မြေအောက်စာသင်ကျောင်းဆောင် (ရုပ်/သံ)

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ ဆောက်လုပ်ထားတဲ့ မြေအောက်စာသင်ကျောင်းဆောင်ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က မှတ်တမ်းရုပ်သံထုတ်ပြန်ခဲ့ပါတယ်။