စစ်ကိုင်းနဲ့ မန္တလေးက ဓားပြမှုတွေမှာ ပါဝင်ခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် မင်းသူ စားသောက်ဆိုင်အတွင်းပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် အရပ်သားလူငယ် ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရတနာပုံတပ်ဦးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာ ၂၀ ရက်၊ မနေ့ကညနေပိုင်းမှာ စစ်ကိုင်းမြို့တပ်မ ၃၃ အနောက်ဘက်၊ တောင်ငူကုန်းရွာထိပ်က Beer Star 5 ဆိုင်အတွင်းရှိနေတဲ့ ပျူစောထီး မင်းသူ ဆိုသူကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။
” ကိုမင်းသူဆိုတာ ဘယ်သူလဲမေးပြီး ခေါင်းနဲ့လည်ပင်းကို ၃ ချက်ပစ်ရင်း တန်းဆုတ်လာခဲ့တာပါ။”လို့ ရတနာပုံတပ်ဦးအဖွဲ့တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ပျူစောထီးမင်းသူဟာ ပြည်သူလူထုအပေါ် အနိုင်ကျင့်တာတွေအပြင် စစ်ကိုင်းနဲ့မန္တလေးမြို့တွင်းကဓားပြမှုတွေမှာ အခြားပျူစောထီးတွေနဲ့အတူ ပူးပါဝင်ကျူးလွန်ခဲ့တဲ့အတွက် အခုလိုရှင်းလင်းရတာလို့လည်းသိရပါတယ်။
” စကစ လက်အောက်ခံ ပျူတွေက မန္တလေးရော စစ်ကိုင်းမှာပါ ဓားပြမှုတွေလုပ်နေတာပါ။ မင်းသူကလည်းစစ်ကိုင်း မန်ကျည်းစဥ် ၊ တင်းတိပ် တကြောက ဓားပြမှုတွေနဲ့ မန္တလေး မြို့ပေါ် ဓားပြမှုတော်တော်များများမှာပါဝင်ခဲ့တယ်။ သူ့ကို သတင်းရလို့ လပိုင်းလောက်စောင့်ကြည့်သတင်းထောက်နေခဲ့တာ အလစ်ကိုအချိန်စောင့်လုပ်ရတာပါ။” လို့ ရတနာပုံတပ်ဦးအဖွဲ့တာဝန်ရှိသူ၁ယောက်ကမောင်းသတင်းဌာနကိုပြောပါတယ်။
ဒီပစ်ခတ်ရှင်းလင်းမှုကို ရတနာပုံတပ်ဦးနဲ့အတူ Burmese Revolution Force – B.R.F ၊ Brave Soilder Guerrilla Foce တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်းသိရပါတယ်။
ပျူစောထီးမင်းသူပစ်ခတ်ရှင်းလင်းခံရတဲ့ဖြစ်စဥ်ပြီးတဲ့နောက်မှာတော့ စစ်ကောင်စီတပ်တွေက စစ်ကိုင်းမြို့နယ်၊ တင်းတိပ်ရွာကို ဝင်ရောက်မွှေနှောက်ရှာဖွေပြီး အရပ်သားလူငယ် ၄ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။
” ရွာတွေဘက်ဝင်မွှေရင်း လူငယ်လေးယောက်ကိုဖမ်းသွားတယ်ပေါ့။ စစ်မှုထမ်းဖို့များလားတော့​မသိဘူး” လို့ ရတနာပုံတပ်ဦးအဖွဲ့တာဝန်ရှိသူ၁ယောက်က မောင်းသတင်းဌာနကိုပြောပါတယ်။
ရတနာတပ်ဦးအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ရက်နေ့ကလည်း စစ်ကိုင်းမြို့နေ၊ ရဲတပ်ကြပ်ကြီးယဥ်ထွန်းမောင်ကို မဟာမိတ်အဖွဲ့တွေနဲ့အတူ နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးပြီး လက်ပစ်ဗုံး၊ လက်ထိပ်နဲ့ ကျည်ဆံတွေသိမ်းဆည်းရမိခဲ့ပါသေးတယ်။
ပုံစာ – လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ( ပုံဟောင်း)
0 Shares:
You May Also Like
Read More

လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ပူလူတူစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်၊ စစ်သားများ ထိုင်းနိုင်ငံဘက် ထွက်ပြေး

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့နယ်ခွဲက စစ်ကောင်စီတပ်ရဲ့ ပူလူတူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

လူ့အခွင့်အရေးနေ့တွင် မြောက်ဦးဆေးရုံကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ၊ ပြည်သူ အယောက် ၃၀ ကျော် သေဆုံးကာ အယောက် ၇၀ ကျော် ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဆေးရုံကြီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အယောက် ၃၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
Read More

ကရင်ပြည်နယ် ပြည်သူ့ရင်ခွင် Camp ရှိ CDM စစ်သား၊ ရဲနှင့် မိသားစုဝင်များကို အခြေခံရိက္ခာ ထောက်ပံ့ပေး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်သူ့ရင်ခွင် Camp က CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေ ဩဂုတ်လ ၁၁ ရက်မှာ အခြေခံရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်မှာ လက်နက်ကြီးကျလို့ ကလေး ၂ဦး ထိခိုက်ဒဏ်ရာရ၊ ၁ဦး ဒဏ်ရာပြင်းထန်

“သူတို့က လက်နက်ကြီးနဲ့ ပစ်နေတာ ၄-၅ ခါလောက်ရှိနေပြီ။ ဒီတစ်ခေါက်မှာမှ လူထိခိုက်သွားတာပေါ့နော်။ ထိသွားတဲ့ ကလေးတွေက ၁၆-၁၇ ဝန်းကျင်အရွယ်တွေပါ။ မိန်းကလေး ၁ဦးကတော့ တော်တော်စိုးရိမ်ရတယ်။ နောက် ၁ဦးကတော့ လက်ထိသွားတယ် ဒါပေမယ့် မစိုးရိမ်ရပါဘူး” လို့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူး ရဲဘော်ကိုမိုးသီးက မောင်းကို ပြောပါတယ်။
Read More

ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်နှင့် KNLA တို့အကြား ဧပြီလ ၁ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် (၂) ဦးအပါ (၃၉) ဦး သေဆုံး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) အမှတ် (၅) တပ်မဟာတို့ကြား ဧပြီလ ၁ လတာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် (၂) ယောက်အပါအဝင် (၃၉) ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ စစ်ကော်မရှင်တပ်က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။