စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ အဆောက်အအုံမှာ ကြိုတင်မိုင်းထောင်ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးကင်းယူဖို့ ရောက်ရှိလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက်က အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ကင်းယူမယ့် အဆောက်အအုံမှ ရှေ့ထွက်မိုင်း ၂ လုံးတစ်ပွိုင့် ရှေ့ထွက်မိုင်း ၁ ပွိုင့်နဲ့ ကြိုတင်မိုင်းထောင်ထားပြီး ၎င်းတို့ ရောက်ရှိလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်‌ရေးကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ချောင်းဦးမြို့နယ်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ (CHUPDF)၊ Monywa Special ဒိတ်ဒိတ်ကြဲ LPDF နှင့် Special Force 11 LPDFအဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ Jumper နဲ့ အခြားအခက်အခဲတွေကြားက ခက်ခက်ခဲခဲပြုလုပ်ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံ၊ တလုပ်မြို့ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်အား စစ်ကြောင်း ၃ ကြောင်းနှင့် ဝင်ရောက်တိုက်ခိုက်၊ စစ်သား အများအပြား သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှာ တပ်စွဲအထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ CDSOM က သတင်းထုတ်ပြန်ထားပါတယ်။
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် SSNDF/ KNDF B-103 ကနေ သင်တန်းသားရဲဘော် သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ် စိန်ပန်းကုန်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် စိန်ပးန်ကုန်းကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Yenanthar Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ရောက်ရှိလာသည့် တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း ရဲဘော်များ (ရုပ်/သံ)

ရန်ကုန်-မန္တလေးလမ်း‌‌ဟောင်းပေါ် ရောက်ရှိနေတဲ့ PDF ရဲဘော်တွေရဲ့ ရုပ်သံတစ်ခုကို တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက လူမှုကွန်ရက်ကတဆင့် “အမြန်လမ်းပေါ်မှာ တွေ့ကြမယ်” ဆိုတဲ့ စာသားနဲ့အတူ ဒီနေ့ သြဂုတ် ၂၆ ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ(၁၈) တပ်သား- နိုင်ဇင်လတ်၏ ပြောကြားချက် (ရုပ်/သံ)

''တပ်မတော်ကို စိတ်နာတယ်။ အရာရှိတွေ ပိုပြီးတော့တောင် အသက်ရှင်ချင်သေးတယ်။ ရဲဘော်တွေက ဘာမှမသိဘူး။ သူတို့က ဇွန်းနဲ့ စားဖို့ပဲသိတာ။ ဇွန်းနဲ့ စားရလို့ တပ်မတော်မှာ ထမ်းဆောင်နေတာ။ လက်နဲ့ စားခိုင်းကြည့် ပါလား ဒီကောင်တွေ တပ်မတော်မှာ ထမ်းဆောင်မှာမဟုတ်ဘူး”
Read More

သာစည်ရွာ ရဲစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်မှုကြောင့် ရဲနဲ့ စစ်သားများ ထိခိုက် သေဆုံးနိုင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရွာ ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။